Background
နိုဝင်ဘာ ၉ ရက်မှ စတင်ကာ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက် လျက်ရှိသော်လည်း ပြည်တွင်းရွှေဈေး ကွက်တွင် ဈေးနှုန်းတည်ငြိမ်ပြီး အရောင်း အဝယ် အေးနေကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းမှာ နိုဝင်ဘာ ၉ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၁၀၊ ၁၀ ရက်တွင် ၁၇၀၉ ဒေါ်လာ၊ ၁၁ ရက်တွင် ၁၇၅၂ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၇၇၀ ဒေါ်လာ၊ ၁၃ ရက် တွင် ၁၇၇၁ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၇၆၅ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၇၇၀ ဒေါ်လာ၊ ၁၆ ရက်တွင် ၁၇၇၄ ဒေါ်လာ စသည်ဖြင့် ဆက်တိုက်မြင့်တက်လျက်ရှိသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဒေါ်လာဖြင့် လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၇ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၅ ဖြင်
ရှမ်းပြည်နယ်မှ ထွက်ရှိသည့် အော်ဂဲနစ်လက်ဖက်ခြောက်များကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ကြိုက်နှစ်သက်မှု များလာ၍ ဈေးကွက်နေရာရလာကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ၀ ခန့်အား မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ် ပါက နို့ဆီတန်ချိန် ၄၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၃ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၃၅၀ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုင်ယာလန်နိုင်ငံမှ တန်ချိန် ၁၅၀ ကျော်၊ လစ်သူရေးနီးယားနိုင်ငံမှ တန်ချိန် ၁၅၀ ကျော်နှင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၄၀ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ အ
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေးများ ငြိမ်နေခြင်းကြောင့် ရွှေအရောင်းအဝယ်မှာလည်း အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း (YGEA) မှသိရသည်။ယခု ၂၀၂၂ ခုနှစ် သြဂုတ်လက တစ်ကျပ် သား ကို ကျပ် ၃၈ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ပြည်တွင်းအကယ်ဒမီ (မီးလင်း)အခေါက်ရွှေဈေးမှာ ကျပ် ၁၀ သိန်းကျော်အထိ ပြုတ်ကျသွားပြီးနောက် လက်ရှိတွင် အတက်အကျ မကြမ်းတော့ဘဲဈေးငြိမ်နေခြင်းဖြစ်သည်။