Main menu

Background

Monday, 25 Sep 2023
,

"ပျိုပျိုခင်    အလည်အပတ်ထွက်တယ် မော်တော်ကားနဲ့ရယ်  ဟိုယခင် ကျောင်းပိတ်တဲ့ ရက်ကကွယ်   ရှမ်းပြည်ကို    တောင်ပိုင်းရော၊ မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်" ဆိုသည့် သီချင်း လေးထဲကလိုပဲ အားလပ်ရက်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ကို အလည်တစ်ခေါက် ရောက်ခဲ့သည်။   ကလောမြို့၏  အထင်ကရ နေရာလေးများကို သွားပြီးသည့်အချိန်မှာ နယ်ခံ သူငယ်ချင်းဖြစ်သူက    ကလောမြို့နယ်ထဲမှာ ထောပတ်သီးဆီထုတ်လုပ်သည့်  စက်ရုံရှိသည် ပြောတော့ စိတ်ဝင်စားလို့ သွားရောက်လေ့လာ ခဲ့သည်။

Thursday, 31 Aug 2023

အညာဒေသတွင် ထန်းပင်များမှာ များစွာရှိပြီး ထန်းပင်မှရရှိသော  ပစ္စည်းများမှာလည်း  များစွာ ရရှိသည်။ ယင်းအနက်မှ     ထန်းလျှော်ကုလားထိုင်မှာ လူသားတို့အတွက်  အပန်းဖြေစရာတစ်ခုလည်း ဖြစ်သည်။   ထန်းလျှော်ကုလားထိုင်ကို  ပခုက္ကူ မြို့နယ် ချောက်ကန်အုပ်စု အနောက်ချောက်ကန် ရွာ၊ လက်ပန်ကန်ကျေးတို့မှ    အများဆုံးပြုလုပ် ရောင်းချနေကြောင်း ချောက်ရွာသူ၊ ရွာသားများ ထံမှ သိရှိရသည်။ ထန်းပင်များမှ ယာခင်းများ၏ ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးထားသည်။ 

Monday, 14 Aug 2023

၀ါးပလုတ် (ခ)  ဝါးဂျယ်လီသည် တနင်္သာရီတိုင်းဒေသကြီး၏ ထား ဝယ် မြို့၊  မြိတ်မြို့နှင့်    ပုလောမြို့တို့တွင် အဓိကထွက်ရှိသော   သဘာဝအစား အစာ ဂျယ်လီအမျိုးအစားတစ်ခုဖြစ်  သည်။ ဝါးပလုတ် (ခ) ဝါးဂျယ်လီကို နှစ်တစ်နှစ်၏   မိုးဦးကာလများတွင် သာရရှိပြီး   သဘာဝ ဝါးပင်မှရသော အဆီအနှစ်ဖြစ်သောကြောင့် ဘေးဥပဒ် အန္တရာယ်ကင်းရှင်း၍   ဆေးဖက်ဝင် သော အစားအစာတစ်ခုလည်း ဖြစ် သည်။

Tuesday, 28 Mar 2023

လူတစ်ကိုယ် အကြိုက်တစ်မျိုး ရှိကြစမြဲဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများတွင် လက်ဝတ်ရတနာနှစ်သက်သူ၊ အစားအသောက် ခုံမင်သူ၊ အဝတ်အစားကြိုက်သူ၊ အမွှေးနံ့သာကြိုက်သူ၊ အိတ်ပေါင်းစုံ ထည်လဲကိုင်သူ၊ ဖန်စီပစ္စည်း နှစ်သက်သူများကို တွေ့မြင်ကြရသည်။ ယခုအခါ Korea Drama များကြောင့် ခေတ်ရေစီးကြောင်း ပြောင်းလဲလာပြီး မျက်နှာခွဲစိတ်ပြုပြင်သူ၊ ခြေသည်း လက်သည်း အလှဆင်သူ၊ ကျန်းမာရေးအတွက် ရနံ့ကုထုံး လိုက်စားသူများကို တွေ့ရှိလာရသည်။

Tuesday, 14 Mar 2023

ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန်ကဏ္ဍတွင် Dagon Win Win Co.,Ltd. မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် Royal Lotus ကိတ်ခြောက်၊ ပန်းကန်လုံး အမှတ်တံဆိပ် BIHO အဆင့် မြင့်ဆန်ကြာဆံနှင့် Blue Bird အချိုရည်အကြောင်း ဖော်ပြပေးလိုက်ပါ သည်။
Royal Lotus ကိတ်ခြောက်ကို ထောပတ်နှင့် စပျစ်အရသာ နှစ်မျိုး ဖြင့် ထုတ်လုပ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ရုံးခွဲ ၁၁ ခုမှ ဖြန့်ချိလျက် ရှိသည်။ သဘာဝအရသာပေါ်လွင်အောင် ဆိုးဆေးနှင့် တာရှည်ခံဆေး တို့ကိုအသုံးမပြုဘဲ ထုတ်လုပ်ထားသည့်အတွက် အရသာထူးကဲ ကောင်းမွန်ပါသည်။

Tuesday, 21 Feb 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်ရေးနှင့် QR Code  ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Tracking Mobile အက်ပလီကေးရှင်းဖြင့် စစ်ဆေးခွင့်ပြုနိုင်ရေး Vehicle Monitoring System မိတ်ဆက်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ  ၅ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပခဲ့သည်။

Wednesday, 23 Nov 2022

ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန်ကဏ္ဍတွင် Delous Co.,Ltd. က ထုတ်လုပ်သော စိန်တံဆိပ် ငရုတ်ဆီ၊ ငရုတ်နှစ်တို့အကြောင်း မိတ်ဆက်လိုက်ပါသည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ အသုပ်ဆိုင်၊ ကြေးအိုးဆိုင်နှင့် တုတ်ထိုးဆိုင်တို့အတွက် ရည်ရွယ်၍ အရောင်လိုက်ခွဲခြားကာ ချိုကဲ၊ ချဉ်ကဲ၊ 2 in 1၊ All in one၊ Red Chilli  နှင့် မြန်မာ့ရိုးရာ ကြက်သွန်ဖြူဟူ၍ အရသာခြောက်မျိုးဖြင့် သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ထားပါသည်။

Friday, 11 Nov 2022

အသေးစား၊ အငယ်စားနှင့်အလတ်စား  စီးပွားရေးထုတ်ကုန် လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို  အောက်တို ဘာ ၃၁ ရက် နံနက် ၈နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းရှင်များနှင့်  ပြပွဲသို့လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

Wednesday, 2 Nov 2022

အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့်ASEAN-INDIA SRART-UP FESTIVAL 2022 သို့ သွားရောက်ယှဉ်ပြိုင်ပြသရမည့် မြန်မာနိုင်ငံမှ စားသောက် ကုန်လုပ်ငန်းနှစ်ခုအကြောင်း ဖော်ပြပေး လိုက်ပါသည်။ပထမဦးစွာ Citrus Myanmar  မှ ထုတ်လုပ်သည့် Lemon Flakes  ရှောက်ပျား၊ ရှောက်ဆားနယ်တို့သည် ရွှေကျင်ဒေသထွက် ရှောက်သီးကုန်ကြမ်းနှင့် ပျားရည်၊ သကြားတို့ဖြင့်  ပြုလုပ်ထားပြီး ဆိုးဆေး၊ တာရှည်ခံ ဆေးများ မသုံးဘဲ သဘာဝအတိုင်း ပြုလုပ်ထား သဖြင့် အရသာ  ကောင်းမွန်သည့် ရှောက်သီးဆေးပြားများဖြစ်ပြီး ၁၀ဝ ရာနှုန်းပြည့် ပြည်တွင်းဖြစ်ပစ္စည်းများ ဖြစ်သဖြင့် အန္တရာယ် ကင်းစွာနှင့် စိတ်ချယုံကြည်စွာ စားသောက်နိ

Thursday, 13 Oct 2022

ယခုတစ်ပတ်တွင် ပြည်တွင်းထုတ်ကုန်ကဏ္ဍအနေဖြင့် ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသည့်  NNK Top Myanmar Co,Ltd.နှင့် Miyako Food Myanmar Co,Ltd. တို့မှ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားသည့် သစ်သီးခြောက်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊  နှမ်းဦးရည်ဆီနှင့် နှမ်းလှော်ဆီ မွှေးများအကြောင်း ဖော်ပြပေးလိုက်ပါသည်။NNK Top Myanmar Co,Ltd.

Pages