Main menu

Background

Friday, 5 Mar 2010

     ဒီဖန်ဘူးလေးထဲမှာ ရေကိုထည့်ပြီး ရေထဲကို အမွှေးဆီ အနည်းငယ် ရောထည့်ပြီး လျှပ်စစ်နဲ့ အပူပေးလိုက်တဲ့အခါ ဘူးထဲက ရေနွေးငွေ့တွေ ထွက်လာပြီး အခန်းထဲကလေတွေကို အနံ့အသက်ဆိုးတွေ ကင်းစေကာ ခပ်ဖျော့ဖျော့လေး အမွှေးရနံ့ပေးပါလိမ့်မယ်။

Friday, 5 Mar 2010

     Brother အမှတ်တံဆိပ် HL-2170 လေဆာပရင်တာဟာ 14.5'' x  14.2'' x 6.7'' အရွယ်အစား ရှိပါတယ်။  အလေးချိန်က ၁၂ ဒသမ ၈ ပေါင်ရှိပါတယ်။

Friday, 5 Mar 2010

Epson   LQ 300                  -    202,000  KsHP Laserjet  1213              -    360,000  KsHP Laserjet  1003              -    115,000  KsHP Laserjet  1522   NAIO    -    395,000  KsCannon  PIXMA                 -    47,000  KsCannon Laserjet  3050       -    111,000  KsHP Deskjet  2410              -    65,000  KsEpson Stylus  T 11            -    50,000  Ks

Friday, 26 Feb 2010

     အင်္ကျီရောစကတ်ပါ ပိုးသားနဲ့ ချုပ်ထားတာပါ။ အင်္ကျီမှာ ဖန်စီကျောက်လေးတွေကို  ကြယ်သီးတွေအဖြစ် သုံးထားပြီး အလှ ဆင်ထားပုံက  တစ်မျိုး ကြည့်လို့ကောင်းနေပါတယ်။ အင်္ကျီကအဖြူ၊ အနက်၊ ခရမ်း၊ မိတ်ကပ်ရောင်ဖျော့နဲ့ မဲနယ်ရောင်  ဆိုပြီး ငါးမျိုးကြိုက်တဲ့ အရောင်ကိုရွေးလို့   ရပါတယ်။ အင်္ကျီ က တစ်ထည်ကို   ၁၂၅၀၀ ကျပ်  ဖြစ်ပြီး စကတ်ကလည်း ကျပ်   ၁၂၅၀၀ ဈေးပါပဲ။ Ce-ntral  Supermarket မှာ ဝယ်လို့ရပါတယ်။

Friday, 26 Feb 2010

     LGရဲ့ 42PQ60R တီဗွီဟာ High   Definition    HD Ready  ဖြစ်လို့ ကြည်လင်ပြတ်သားလှတဲ့ ပုံရိပ် အရည်အသွေးကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။Resolution u 1365 x 768 (50'')  နဲ့ 1029 x 768 (42'') ဖြစ်လို့ ပုံရိပ်တွေ သဘာဝအတိုင်း ရှင်း လင်းပေါ်လွင်မှာဖြစ်ပါတယ်။ Dynamic Contrast Ration ကလည်း 200000 : 1  ရှိတော့ အရောင်ကွဲပြားခြား နားမှု ပြတ် သားပေါ်လွင်ပြီး ပုံရိပ်ထွက် ကောင်းမှုကို အားဖြည့်ပေးပါတယ်။ အရှိန်မြန်မြန်နဲ့ ဖြတ်သန်းသွားတဲ့ပုံရိပ် တွေကို ရှင်းလင်းစွာ မြင် နိုင်ရဖို့အတွက် 600 Hz Sub  Field Driving ပါပါ တယ်။ တီဗွီထားတဲ့အခန်းရဲ့ အလင်း အမှောင်ကိုလည်း ထည့်တွက်စရာ မလိုအောင် Intelligent Sensor ထည့် ထားပေးပါတယ်။ စွမ်းအင်ချွေတာတဲ့ စနစ်ကိုလည်း သုံးထားပါတယ်။ လေး ဘက်လေး တန်ကလာတဲ့ သဘာဝအသံ တွေလိုမျိုး အသံတွေ ထွက်ပေါ်စေတဲ့ စနစ်ပါရှိပါတယ်။  ကြည်လင်ပြတ်သား တဲ့အသံတွေ နားထောင်နိုင်ဖို့ Clear Voice နည်းပညာ သုံးထားပါတယ်။ ဘောင်အကွပ်မပါတဲ့ မျက်နှာပြင်ဒီဇိုင်း (Framless Plasma) ပါ။ HDMI ပါရှိပြီး USB 2.0 ပါပါတယ်။ ကွန်ပျူ တာမော်နီတာအဖြစ်လည်း ချိတ်ဆက် သုံးနိုင်ပါတယ်။ LG42 PQ60R  Plasma TV တစ်လုံးရဲ့ ဈေးနှုန်းက ကျပ် ခုနစ် သိန်းလေးသောင်းကိုးထောင်ဖြစ်ပြီး LG အရောင်းပြခန်းတွေမှာဝယ်လို့ရပါတယ်။

Friday, 26 Feb 2010

1.  LG   42   PQ 20 R     599000 Ks2.  LG   42  PQ 30 R      669000 Ks3.  32   LH   20 R LCD   429000 Ks4.  42   LH  20R CCD    699000 Ks     (HD Ready)5.  42  LH  50YR         109000 Ks6.  47   LH  50 YR      1799000 Ks

Friday, 26 Feb 2010

    တရုတ်နိုင်ငံလုပ် Jinke တံဆိပ် ဖုန်စုပ်စက်လေးဟာ ဖုန်များ ကိုစုပ်ယူနိုင်တဲ့အပြင် ဖုန်မှုန့်များကို မှုတ်ထုတ်ပေးနိုင်ပါတယ်။ ဖုန်စုပ် စက်လေးရဲ့ ခေါင်းတံက အရှည်၊ အလတ်နဲ့ အသေး သုံးမျိုးပါတဲ့ အတွက် မိမိသုံးမယ့်အနေအထားနဲ့ လိုက်ဖက်တဲ့ခေါင်း တံကို ပြောင်း လဲ တပ်ဆင်သုံးနိုင်ပါတယ်။ ဖုန်စုပ်ပိုက်တံရဲ့ ထိပ်ဆုံးမှာ mini size  အသေး၊ အကြီး လဲသုံးလို့ရတဲ့အတွက် ဘီရို တွေ ကြား၊ စားပွဲတွေ ကြားထဲက ဖုန်တွေကို စုပ်ယူလို့ရပါတယ်။ အရွယ်အစားက သေးငယ်တဲ့အပြင် ပေါ့ပါးမှုလည်းရှိတဲ့အတွက် အခန်းကျဉ်းလေးတွေအတွက် ပိုပြီးသင့်တော်မှ ပါ။ 800 watt ဖြစ်ပြီး တစ်လုံးကို ကျပ်နှစ်သောင်းသုံးထောင် ဈေးရှိပါတယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ အနော်ရထာ လမ်းထောင့်က  Central  Supermarket မှာ ဝယ်ယူရရှိနိုင်ပါ တယ်။

Friday, 26 Feb 2010

     ဒီဟန်းဆက် ကိုယ်ထည်အရောင်နဲ့ ဒီဇိုင်းက မြင်တွေ့ရသူကို လိုချင်စဖွယ် ဖြစ်အောင်   ပုံဖော်ပေးထားပါတယ်။ phonebook မှာ၁၀၀၀အထိ မှတ်ထား နိုင်တာလည်းထူးခြားပါတယ်။ ကင်မရာ က 3.15 megapixel ဖြစ်ပြီး Screen က နှစ်လက်မအရွယ် အစားပါ။ ဂိမ်းတွေ ပါတဲ့အပြင် bluetooth လည်း ပါတဲ့ အတွက် Data တွေကို Share လုပ်နိုင် ပါတယ်။ SMS, MMS နဲ့ EDGE တိုက်ရိုက်ဆက်သွယ်မှုစနစ် သုံးထားပါ တယ်။ Memory က 1GB ပါ MP3, MP4 နဲ့ Micro USB OTG တို့ပါလို့ PC နဲ့ ချိတ်ဆက် ပြီး သုံးနိုင်ပါတယ်။ တစ်လုံးကို ၁၅၀၀၀၀ ကျပ် ဈေးရှိပြီး DOCOMO မှာ  ဝယ်ယူရရှိနိုင်ပါ တယ်။

Friday, 26 Feb 2010

 BLACK  BERRY   Bold   9700      650000 Ks BLACK  BERRY  Curre  6920       360000 Ks LG  Chocolate  BL-20V              285000 Ks LG  GD  510                            220000 Ks SONY  ERICCSON   X2              710000 Ks SONY  ERICCSON  Satio           850000 Ks NOKIA  X6                             660000 Ks NOKIA   N  900                       620000 Ks NOKIA 2830                          73000 Ks CDMA  800  Motorola  K2         89000 Ks

Friday, 26 Feb 2010

     Lenovo ရဲ့ A58 Think Centre PC ဟာ Branded ဖြစ်ပြီး Solid Capacitor Motherboardကိုသုံးထားလို့ အခြား Capacitor အမျိုးအစားတွေထက် သက်တမ်းခြောက်ဆလောက် ပိုပြီးခံပါတယ်။ ဆူညံသံမရှိဘဲ အပူထုတ်လွှတ်မှုကိုလည်း သိသိ သာသာ လျှော့ချနိုင်ပါတယ်။ ကွန်ပျူတာထဲက Data တွေကို Memory Drive နဲ့ကူးလို့မရအောင် ကာကွယ်ပေးထားတဲ့ စနစ် ပါဝင်တာကြောင့် Data လုံလုံခြုံခြုံ သိမ်းဆည်းထားလိုတဲ့ ဌာန တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ UPS ကIntel Dual Core  E5300 (2.6 GHz, 800 MHz) ပါ။Mobile GM 45 Chipset ကို သုံးထားပါ တယ်။RAMကတော့ 1GBDDR2 SD ဖြစ်ပြီး Graphic အတွက် Intel Accelerator X4500 ကိုသုံးထားပါတယ်။  HDD က 320 GBSATA ပါ။  Display အနေနဲ့ ၁၈ ဒသမ ၅ လက်မ မြင်ကွင်းကျယ် Lenovo ကို သုံးထားပါတယ်။ Internal Speaker ပါပြီး Built-in LAN လည်း တပ်ထားပါ တယ်။ ဈေးနှုန်းက ကျပ် လေးသိန်းခွဲဝန်း ကျင်  (မော် နီ တာမပါ) ဖြစ်ပြီး KMD  ဆိုင်တွေ မှာ ဝယ်လို့ရပါတယ်။

Pages