Main menu

Background

Friday, 11 Nov 2022

အစေ့ထုတ်ပြောင်းသီးနှံသည်  ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်း ချရန်အတွက် အရေးပါသော  သီးနှံတစ်မျိုးဖြစ် သည်။ အစေ့ထုတ်ပြောင်းသီးနှံကို  တောင်ပေါ် ဒေသများတွင် ဧကရီ၊  ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊စူဝမ်(၃)၊ရေဆင်း စပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို   အဓိကထားပျိုးကြ သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့် ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊စနယ် မြေ၊ သဲနုန်းမြေ၊ မြေနီနှင့်  စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင

Friday, 11 Nov 2022

ယခုတစ်ပတ်တွင် ပြည်ပွဲရုံများသို့ တစ်ရက်လျှင် ချင်းအိတ်  ၅၀၊ ၆၀  ခန့် ဝင်ရောက်နေသည်။ ဝင်ရောက်လာသော ချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓာတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန် ဖြစ် သည်။ ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်းငယ်ကျလာသည်။ ကထိန်ရာသီဖြစ်သည့်အတွက် ဓားလှီးချင်းသမားများ အဝယ်လိုက်နေသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၅၀ဝ-၁၆၀ဝ သည် အိတ်ဆွဲဈေး ဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ ချင်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ ဈေးဖြစ် ပြီး ယခင်တစ်ပတ်ကထက် ပွဲရုံဈေး တစ်ပိဿာပေါ်တွင် ၁၀ဝ ကျပ် ဈေးထပ်မံကျဆင်းလာသည်။

Friday, 11 Nov 2022

မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များလည်း မြေနုကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်က မြေပဲသီးနှံကို အဓိက စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက်ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရ သည်။

Friday, 11 Nov 2022

ကိုင်းမြေများ၌ ဆီထွက်သီးနှံ မြေပဲ၊ နေကြာအပြင် ပဲမာများအဖြစ် ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်းအပြင် ပဲလွမ်းကိုလည်း အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ယခုလက်ရှိ  ကိုင်းမြေများတွင် ပဲလွမ်းကို စိုက်နေကြပြီး ပဲလွမ်းမှာ စိုက်ပျိုးစရိတ် သက်သာသည့်အပြင် အသစ်ပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့်  ပဲလွမ်းကို  အဓိကသီးနှံအဖြစ်  စိုက်ပျိုးကြကြောင်း ရေနံချောင်းမြို့နယ် ပဲစိုက်တောင်သူ ဦးထွန်းအေးထံမှ သိရသည်။
ပဲလွမ်းကို မြေပဲစိုက်ခင်းများရိတ်သိမ်းအပြီး၌ သီးထပ်အဖြစ် ယာမြေများ၌ စိုက်ကြကြောင်း၊ လက်ရှိ ပဲလွမ်းအသစ်များမှာ တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Friday, 11 Nov 2022

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယာမြေများတွင်စိုက်သည့် ပဲနောက်ပင်များ ဆွတ်ခူးနေကြပြီဖြစ်သောကြောင့် စိုက်တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။ မိုးသီးနှံ နှမ်းနှင့် မြေပဲများ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် သီးထပ်အဖြစ် မြေပြုပြင်ကာ နွားချေး၊ မြေသြဇာများချ၍ ထွန်ရေး၌ သီးထပ်အဖြစ် ပဲနောက်ကိုစိုက်ကြကြောင်း၊ တောင်သူများအနေဖြင့် မူလသီးနှံနှမ်းနှင့် မြေပဲအပြင် ပဲနောက်ကလည်း ဝင်ငွေရသည့်အပြင် နွားစာအဖြစ် ဖူလုံကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ "ပဲနောက် လှိုင်လှိုင် ဆွတ်ခူးနေကြပါတယ်။ ယခုနှစ်စိုက် သီးထပ် တွေဖြစ်တဲ့ ပဲနောက်ကနေ ဝင်ငွေရတဲ့အပြင် အပင်အရို  နွားစာအဖြစ် အသုံးဝင်တယ်"ဟု လင

Wednesday, 9 Nov 2022

ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းတင်ပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)  နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (M.O.C) တို့ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုး ဆောင် ရွက်ခဲ့ကြသည်။

Wednesday, 2 Nov 2022

ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့်  SIAL Paris Inspire Food Business  ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ  ပန်းမန်စိုက်ပျိုး ရောင်းချသူများအသင်းမှ ဝင်ရောက်ပြသသည့်  အသီးအနှံခြောက်မျိုး အနက် မက္ကဒေးမီးယားကို ပိုမို စိတ် ဝင်စားကြကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲကို  အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းမှ ပြသသည့် ထောပတ်သီး၊ သရက် သီး၊ ဝဥ၊ မက္ကဒေးမီးယား၊ နာနတ်သီးနှင့် ကယန်းငရုတ်သီး တို့အနက် မက္ကဒေးမီးယားကို   ပြပွဲလာရောက်သူများက  ပိုမိုစိတ်ဝင်စားမှုရှိခဲ့ ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။“အသီးအနှံ ခြောက်မျိုးမှာ သူတို့ စိတ်ဝင်စားတာ မ

Wednesday, 2 Nov 2022

မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိတ်ကို   တစ်ပိုင်တစ်နိုင် မွေးမြူ ကြရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။"စမွေးတုန်းကတော့ ၁၀ ကောင်ပဲမွေးနိုင်တာ။ ဒါကို ကျပ် ၁၀ သိန်းလောက်ကုန်တယ်။ ယခု ဆိတ် ကောင်ရေ ၃၀ ရှိပါပြီ။ ဒါလေးက မိသားစု ဝင်ငွေရ တယ်။     လက်လုပ်လက်စားသမားတွေအတွက် ပိုအဆင်ပြေတယ်"ဟု  ဒေသခံ ဒေါ်ဝင်းဌေးက ပြော သည်။"ကျွန်တော့်ရွာမှာက ဆိတ်ကတော့ အဓိကထား မွေးတာဗျ။ ရာသီဥတုနဲ့ကိုက်တဲ့အပြင် လွှတ်ကျောင်း စနစ်နဲ့ မွေးရတယ်ဗျ။ အောင်မြင်ဖြစ်ထွန်းတဲ့လုပ်ငန်း ပါပဲ"ဟု ရုံးကုန်းကျေးရွာအုပ်စုနေ  ဦးသန်းထိုက်က ပြောသည်။ဒေသတွင်း၌  ဆိတ်ကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် မွေးမြူလာ ကြသည

Tuesday, 1 Nov 2022

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ‌ တတိယပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ အောက်တိုဘာလ
ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၇၁၀ဝ၊  နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့  
 အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း  အိတ်ရေ ၁၃၄၁၀ဝ၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့သည်။

Friday, 28 Oct 2022

BMWသည် ၎င်းတို့၏ လျှပ်စစ်မီနီကားထုတ်လုပ်မှုကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ပြီး  တိုးချဲ့ထုတ်လုပ်နေပြီဖြစ် ကြောင်း သိရသည်။BMW  အနေဖြင့်  ပထမဆုံး  လျှပ်စစ်မီနီကားများကို ၂၀၁၉ ခုနှစ် ဇူလိုင်လကပင် အင်္ဂလန်ရှိ အောက်စ ဖို့ဒ်ရှိုင်းယားတွင်ထုတ်လုပ်နေရာ ၂၀၂၄ ခုနှစ်တွင် လျာထားချက် အတိုင်းအစီးရေလေးသောင်း ပြည့်မည်ဖြစ်သည်။BMW  အနေဖြင့်၎င်းတို့၏ လျှပ်စစ်မီနီကား ထုတ်လုပ်မှုကို  တရုတ်နိုင်ငံတွင် တိုးချဲ့ထုတ်လုပ်ခြင်းသာ ဖြစ်ပြီး အင်္ဂလန်ရှိ အောက်စ်ဖို့ဒ်ရှိုင်းယား၌ ထုပ်လုပ်မှုမှာ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရသည်။ BMW သည် တရုတ်နိုင်ငံ တွင် လျှပ်စစ်မီနီကား ထုတ်လုပ်ရေးအတွက် မော်တော်ကား စက်ရုံကို ၂၀၂၀ြုပြည့်

Pages