နွေကာလ မွန်ပြည်နယ်၏ ဆန်စပါးနှင့် ရာသီပေါ်သီးနှံများ ဈေးနှုန်းဈေးကွက်အခြေအနေ
ဆန်စပါး
မွန်ပြည်နယ်သည် ရေမြေ၊ ရာသီဥတုကောင်း များရှိခြင်း ကြောင့် စပါးကိုအဓိကထား စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဒေသဝမ်းစာ ဖူလုံရုံမျှမက ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်လုပ်ထွက်ရှိသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ပြည်နယ် အတွင်းထွက်ရှိရုံမျှမက စပါးကိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရန်အတွက် ဆန်စက်လုပ်ငန်းများသည်လည်း မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုအခါ မွန်ပြည်နယ် ၁၀ မြို့နယ်အဆင့်ထိပါ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းကို တိုးချဲ့ဆောင်ရွက်လာ နိုင်ပြီဖြစ်သည်။