Main menu

Background

နိုင်ငံတကာသတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်ဈေးနှုန်းများကို ပုံသေသတ်မှတ်

Fri, 05/10/2024 - 15:04 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရသည် သီးနှံရာသီအလိုက် ထုတ် လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ ဆန်အမျိုးအစားအလိုက် ဈေးနှုန်း များ သတ်မှတ်ခြင်းကို ယခုနှစ် ဧပြီ ၁၄ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

မလေးရှားနိုင်ငံတွင် အစိုးရလုပ်ငန်းများ၌ တင်သွင်းလာသည့် ဆန်များကိုသာ အသုံးပြုမည်

Fri, 05/10/2024 - 15:01 -- journal_editor

မလေးရှားနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ် သည့်ဆန်များ ကို ပြည်သူများ ပိုမို ဝယ်ယူရရှိနိုင်စေရေးအတွက် အစိုးရဌာန အဖွဲ့အစည်းများဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ ရဲဌာန၊ ကျောင်းများ၊ အဆောင်များနှင့် ဆေးရုံများတွင် ပြည်ပမှ  တင်သွင်းလာသောဆန်များကိုသာ အသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ 

ကမ္ဘောဒီးယားမှ တရုတ်ဈေးကွက်သို့ အုန်းသီးစိမ်း ပထမဆုံးအကြိမ် စတင်တင်ပို့

Fri, 05/10/2024 - 15:00 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်အတွင်း လတ်ဆတ်သော အုန်းသီးတင်ပို့မှု ပထမအသုတ်အဖြစ် တရုတ်နိုင်ငံသို့ တရားဝင် အုန်းသီးစိမ်းတင်ပို့ခြင်း အခမ်းအနားကို ဧပြီ ၂၂ ရက် တွင် ဖနွမ်း ပင်မြို့၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘော ဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူSun Chanthol  နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi  တို့ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

အိန္ဒိယပဲဈေးကွက်ကြောင့် မတ်ပဲဈေးကျဆင်း

Mon, 05/06/2024 - 12:20 -- journal_editor

ဧပြီလ နောက်ဆုံးပတ်အထိ ဈေးကောင်းလာခဲ့သော မတ်ပဲသည် မေလအစမှာပင် တရိပ်ရိပ် ဈေးပြန်ကျလျက်ရှိ ကြောင်း သိရသည်။
တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ ဧပြီ ၂၅ ရက်နှင့် ၂၆ ရက်များတွင် တစ်တင်းလျှင် ကျပ် ၁၀၂၄၀ဝ၊ ၂၉ ရက်တွင် ကျပ် ၁၀ဝ၈၀ဝ၊ ၃၀ ရက်တွင် ကျပ် ၁၀ဝ၅၀ဝ၊ မေ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျပ် ၁၀ဝ၀ဝ၀ အသီး သီးဖြစ်ခဲ့သည်။

ဆန်လက်ကျန် တန်ချိန် တစ်သန်းကျော်ရှိကြောင်း မလေးရှားအစိုးရပြော

Mon, 05/06/2024 - 11:51 -- journal_editor

မလေးရှားနိုင်ငံ၌ ဧပြီ ၈ ရက်အထိ အရန်ရိက္ခာ ဆန်တန်ချိန် ၂၉၀ဝ၀ဝ အပါအဝင် ဆန်လက်ကျန် စုစု ပေါင်းမှာ ၁၀၉၆၉၆၄ တန်ရှိပြီး ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ငါးလကျော်ကြာအထိ တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မလေးရှား လယ်ယာ စိုက်ပျိုးရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ပြော ကြားချက်အရ သိရသည်။

ယူအေအီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကြက်သွန်နီတင်ပို့မှု အိန္ဒိယခွင့်ပြု

Mon, 04/01/2024 - 12:10 -- journal_editor

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမျိုးသားသမဝါယမ တင်ပို့မှုလီမိတက် NCEL) မှတစ်ဆင့်  ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တန်ချိန် ၅၀ဝ၀ဝ နှင့် ယူအေအီးသို့ တန်ချိန် ၁၄၄၀ဝ၊ စုစုပေါင်း တန်ချိန် ၆၄၄၀ဝ တင်ပို့ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

ဒူဘိုင်းတွင် လွတ်လပ်သောစီးပွားရေးဇုန်များဆွေးနွေးပွဲပြုလုပ်

Mon, 04/01/2024 - 11:55 -- journal_editor

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်း မြို့ရှိ လွတ်လပ်စွာ ကုန်သွယ်နိုင်သော စီးပွားရေး ဇုန်များကောင်စီ DFZC ၏ (၂၆) ကြိမ်မြောက် ကောင်စီအစည်းအဝေးတွင် ဒူဘိုင်း၏ စီးပွားရေး အား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် ရာတွင်(DFZC)၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့် တင်ပေးမည့် စွမ်းဆောင်ရည်  ညွှန်းကိန်းများကို ဖော်ထုတ်ရန်   ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။ 

၂၀၂၄ ခုနှစ် မေလအတွင်း ဆန်တန်ချိန် သုံးသိန်း တင်သွင်းနိုင်ရန် အင်ဒိုနီးရှား ကြိုးပမ်း

Mon, 04/01/2024 - 11:48 -- journal_editor

အင်ဒိုနီးရှားနိုင်ငံရှိ   အစိုးရဝယ်ယူရေး အေဂျင်စီဖြစ်သောBulog အဖွဲ့သည် ဆန်တန်ချိန် သုံးသိန်းကို  အင်ဒိုနီးရှားဆိပ်ကမ်းသို့ ယခုနှစ် မေ ၃၁ ရက်အရောက် ဝယ်ယူတင်သွင်းနိုင်ရေး ကြိုး ပမ်းလျက်ရှိ ကြောင်းသိရသည်။ 

ကမ္ဘောဒီးယား ဆန်မွှေးကို တိုးမြှင့်ဝယ်ယူရန် သြစတြေးလျ ကုမ္ပဏီအုပ်စု စီစဉ်

Mon, 04/01/2024 - 11:46 -- journal_editor

သြစတြေးလျနိုင်ငံသို့   ဈေးကွက်ချဲ့ထွင်မှုအပြင်  ကမ္ဘော ဒီးယား၏ ပို့ကုန်အခွင့်အလမ်းများကိုလည်း တိုးမြင့်စေနိုင်မည် ဖြစ်သော  ကမ္ဘောဒီးယား စံပယ်မွှေးဆန်များ ပိုမိုတင်သွင်းမည့်SunRice Group ၏ အစီအစဉ်အပေါ်  ကမ္ဘောဒီးယား ဆန်စပါးလုပ် ငန်းရှင်များက အပြုသဘောရှုမြင်လျက်ရှိကြကြောင်း သိရှိရသည်။  
မတ် ၄ ရက်မှ ၆ ရက်အထိ   ကျင်းပသည့် အာဆီယံ-သြစတြေးလျ  အထူးထိပ်သီးအစည်းအဝေး၏ ပြင်ပ၌ ကမ္ဘော ဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်နှင့် သီးခြားတွေ့ဆုံမှုတစ်ရပ်တွင် ှကညျွငခန ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Paul Serra  က အဆိုပါ အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆန်မျိုးကွဲ အချို့အတွက်HSN codes အသစ်များတီထွင်ရန် အိန္ဒိယ ကြိုးပမ်း

Mon, 03/04/2024 - 12:07 -- journal_editor

အိန္ဒိယနိုင်ငံတွင် ပြည်သူများ အစဉ်အလာအားဖြင့် စားသုံးလေ့ မရှိ သော ဆန်မျိုးကွဲအချို့ကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ပြီး စားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုး တက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဆန်နီ (Red Rice)၊ ငချိတ်ဆန် Black Rice) နှင့် ကာလာနာမက်ဆန် Kalanamak Rice) ဟုခေါ်ဆိုသည့် စပါးခွံ အမည်းဆန်ကဲ့သို့သော ပထဝီ ကုန်အညွှန်းအမှတ်အသားGI))များရှိ သည့် ဆန်မျိုးကွဲများအတွက် သီးခြားHSN codesများကို  တီထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Pages

Subscribe to RSS - နိုင်ငံတကာသတင်း