Main menu

Background

အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

Mon, 05/06/2024 - 12:33 -- journal_editor

ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ဒက္ခိဏသီရိမြို့မဈေး၌ နေပြည် တော်ကောင်စီ၏     လမ်းညွှန်မှုဖြင့် အလုပ်သမားနေ့    အထိမ်းအမှတ် နေပြည်တော်MSMEs  ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်  ဖွင့်ပွဲအခမ်းအနား ကို မေ ၁  ရက်က ကျင်းပခဲ့သည်။
အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော်MSMEs  ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော်အား နေပြည် တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်အသေးစား၊    အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ဧည့်သည်တော် များက နေပြည်တော်MSMEs ထုတ် ကုန်ပြပွဲနှင့်   ဈေးရောင်းပွဲတော်ရှိ ပြခန်းများအား    လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပြည်ထောင်စုနယ်မြေအတွင်း ရှိ ြှနြ လုပ်ငန်းများ၏  ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်   စီးပွားရေး အား ကောင်းလာစေရန်၊ ပြပွဲတွင်ပါဝင်ပြသ သူများအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်စေရန်၊  ကုန်ထုတ်လုပ်မှု အရည် အသွေး တီထွင်ဆန်းသစ်မှုများကို လေ့ လာနိုင်စေရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ် မှုအထိ လုပ်ငန်းစဉ်  (Supply Chain)တစ်လျှောက် လိုအပ်ချက်များကို ပိုမို နားလည်သိရှိစေရန်၊ အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် MSME လုပ်ငန်းများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  ဒေသတွင်း  ကုန်သွယ်မှုမြှင့်တင်ရေးမှ အပြည်ပြည်ဆိုင်ရာ ဈေးကွက်သို့ ထိုး ဖောက်ဝင်ရောက်နိုင်စေရန်နှင့် နည်း ပညာ၊ အရင်းအနှီး၊ ဈေးကွက်၊ ကျွမ်း ကျင်လုပ်သားဆိုင်ရာ  ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန်  ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။
နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးဦးတည် ချက်(၃)ရပ်အနက် တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍MSME  စက်မှု လုပ်ငန်းများ ကို   အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး ဆိုသည့် အချက်များ အောင်မြင်နိုင်ရန်MSME  လုပ်ငန်းများ ကို အခွင့်အရေး လက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်း ပေးနိုင်ရန်၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် သုံးရပ်အနက် တတိယဦး တည်ချက်ဖြစ်သည့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ် လုပ်နိုင်သည့် အလုပ်အကိုင်  အခွင့် အလမ်းများ  ဆောင်ရွက်ဖော်ဆောင် ရေးဟူသော   ဦးတည်ချက်နှင့်အညီ နေပြည်တော်နယ်မြေအတွင်း မြို့နယ် အလိုက် ြှနြ ဈေးရောင်းပွဲတော် များကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၁၀)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဈေးရောင်းပွဲ တော်များ    ကျင်းပပြုလုပ်ခြင်းဖြင့်MSME လုပ်ငန်းများကို ပြည်သူများ သိရှိလာနိုင်ခြင်း၊ မိမိတို့ထုတ်ကုန်နှင့် ပတ်သက်၍ မြညေိ ဗတနမနညနျ များ ရရှိလာခြင်း၊      ပြပွဲလာပြည်သူများ အတွက် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ ထူထောင်ရန် စိတ်ကူးသစ် များပေါ်ပေါက်လာနိုင်ခြင်း၊ ပြည်သူ အများစိတ်ဝင်စားစေမည့် ထုတ်ကုန် အမယ်သစ်များ ပေါ်ပေါက်လာစေခြင်း၊ ပြည်တွင်း၊   ပြည်ပဈေးကွက်ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေပြည်တော်MSME  ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မေ ၁ ရက်မှ ၅  ရက်ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၆ ခန်း ခင်းကျင်းပြသလျက်ရှိကြောင်း    သိရ သည်။

ထိုက်ထိုက်ဝင်း (NPT)