Main menu

Background

ပဲခူးမြို့တွင်MSME ထုတ်ကုန်များ ဈေးရောင်းပွဲတော် ကျင်းပ

Mon, 05/06/2024 - 12:34 -- journal_editor

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်း ပြည်ပဈေးကွက် ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက် တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ြှနျြ ဈေးရောင်းပွဲတော်ကို ဧပြီ ၃၀ ရက်မှ မေ ၂ ရက်ထိ ကျင်းပခဲ့ သည်။ 
ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ ညောင် လေးပင်ခရိုင် စသည့် ခြောက်ခရိုင်ရှိMSMEလုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေသထုတ် ကုန်နှင့် ဒေသထွက် အစားအစာများကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ၃၃ လမ်းတွင် ဆိုင်ခန်း ပေါင်း ၁၁၀ ဖြင့် လုပ်ငန်းအမျိုးအစား  ၁၀ဝ၀ ကျော်အား သတ်မှတ်မူရင်းဈေးနှုန်းများဖြင့် ခင်းကျင်းပြသ ရောင်းချခဲ့ ကြောင်း သိရသည်။                                                                                                                        

 

ဝင်းဗိုလ် (ပဲခူး)