Main menu

Background

Wednesday, 10 May 2023

ကမ္ဘာ့သကြားဈေး မြင့်တက်နေသည့်အတွက် လက်ကျန် နည်းနေသည့် ပြည်တွင်း  သကြားဈေးမှာလည်း လိုက်လံမြင့်တက်နေကြောင်း   မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ္ဘာ့သကြားဈေးမှာ ယခင်က တစ်တန်လျှင်  ဒေါ်လာ ၆၇၀ ၊ ၆၈၀ သာရှိခဲ့ပြီး လက်ရှိတွင် တစ်တန် လျှင် ၇၁၁ ဒေါ်လာအထိ မြင့်တက်နေခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးစိန်ထွန်းက မေ ၄ ရက် တွင် ပြောသည်။ 

Tuesday, 9 May 2023

ညောင်လေးပင်မြို့ရှိ  ဓာတ်မြေသြဇာဈေးနှုန်းများသည် ယခုတစ်ပတ်တွင် ယူရီးယား ဓာတ်မြေ သြဇာ (အာမို)  50 kg တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ယူရီးယားဓာတ်မြေသြဇာ (သြဘာ)   50 kg တစ်အိတ် လျှင် ကျပ် ၈၅၀ဝ၀၊ ယူရီးယား ဓာတ်မြေသြဇာ (ရွှေနဂါး)  50 kg တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ ၊  ကွန်ပေါင်း (အာမို) ဓာတ်မြေသြဇာ  50 kg တစ်အိတ်လျှင် ကျပ်  ၁၃၀ဝ၀ဝ  ပိုတက် ဓာတ်မြေသြဇာ ( ဂျာမနီ)   50 kg တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ   ရွှေကောမတ် (သြဘာ)  50 kg တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ ၊ ကွန်ပေါင်း (သြဘာ) ဓာတ်မြေသြဇာ  50 kg တစ်အိတ်လျှင် ကျပ်  ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဧပြီလ ပထမပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှု

Tuesday, 9 May 2023

ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၉  ဒသမ ၉၈၀ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၄၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၈၂၀ဝ ကျော်၊  မလေးရှားနိုင်ငံမှ တန်ချိန် ၆၅၀ဝ ကျော်၊ အိုမန်နိုင်ငံမှ တန်ချိန် ၅၀ဝ၀ ကျော်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေ သြဇာ တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရ သည်။

Tuesday, 9 May 2023

ပိန်းပန်းပင်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လို ဆိုလျှင် Flamingo Flower၊  Tail Flower၊ Painter's Palette၊  Laceleaf စသည်ဖြင့် အမျိုးမျိုး‌ခေါ်ဆိုကြသည်။ မြန်မာပြည်တွင် ပိန်းပန်းပင်များအား လူကြိုက်များသလို ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း လူကြိုက်များကြောင်းသိရသည်။

Tuesday, 9 May 2023

မော်လမြိုင်မြို့၌ မေလပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်   ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရ သည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုတစ် ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၂၀ဝ၀၊ ဆင် (ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ်(အပြာ)ကျပ် ၁၁၂၀ဝဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင် မြို့၌ ဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

Tuesday, 25 Apr 2023

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ဒူးရင်းသီးကို အဓိကစိုက်ပျိုးလျက်ရှိပြီး ပဲခူး၊ မွန်နှင့် ကရင်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဒူးရင်းသီးကို ဇွန်လအစောပိုင်းတွင် စိုက်ပျိုးလျက်ရှိပြီး ရေရလျှင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် နှစ်ရှည်ခံသီးပင်ဖြစ်သည်။ နိုဝင်ဘာလတွင် ပန်းစပွင့်ပြီး ဧပြီလတွင် အသီးများကို ဆွတ်ခူးနိုင်သည်။ အသီးများ ကောင်းမွန်စွာမှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်မှည့် ကြွေကျသီးက အရသာ  ပိုမိုကောင်းမွန် ကြောင်း သိရှိရသည်။

Tuesday, 25 Apr 2023

ပြည်ထောင်စုနယ်မြေအတွင်း ခရိုင်လေးခု၊ မြို့နယ်ရှစ်မြို့နယ်ရှိရာ မြို့နယ်အားလုံးမှ မန်ကျည်း ထွက်ရှိမှုရှိသည်ကို သိရှိရသည်။ မန်ကျည်းထွက်ရှိမှု အနေဖြင့် နှစ်စဉ်ပိဿာချိန် သိန်း ၈၀ အထက်တွင် ရှိနေပြီး ရောင်းဝယ်မှု အနေ အထား အကောင်းဆုံးအခြေအနေကို တပ်ကုန်းမြို့နယ်တွင် တွေ့ရှိရသည်။   မန်ကျည်းသီးရောင်းဝယ်မှု ပုံစံများတွင် အသီးနုတင်ချိန်မှစ၍ အသီးရင့်မှည့်၍ အသီးချွေရန် အချိန်နီးလာသည့် ကာလအထိ အပင်သီးအား အခြေအနေကို ကြည့်၍ ဈေးဖြတ်ကာ ဝယ်ယူမှုရှိနေသည်ဟု သိရသည်။  ဝယ်ယူမှုများ စတင်ချိန်သည် ဇူလိုင်လမှ စတင်၍   ဝယ်ယူမှုများ ရှိသော်လည်း အများဆုံးဝယ်ယူသည့် အချိန်သည် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများဖြစ

Monday, 24 Apr 2023

ယခု ဧပြီလဆန်းမှစတင်ကာ ပြည်တွင်း ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။  အဆိုပါ ရော်ဘာဈေးနှုန်းများမှာ  ပြည်တွင်းဈေးကွက်တွင် ပြီးခဲ့သည့် မတ်လအတွင်း ဈေးကောင်းရရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ  ယခု ဧပြီလတွင် ဈေးနှုန်းများ    ပြန်လည်မြင့်တက်လာခြင်းဖြစ် ကြောင်း မုဒုံမြို့နယ်မှ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။

Friday, 31 Mar 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်  နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာတွင် တရုတ်မျိုးအာလူး စိုက်ပျိုး ခြင်းအားဖြင့်  မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်နေကြောင်း သိရှိရသည်။
ကျောင်းကုန်းရွာသည်    မန္တလေး-လားရှိုး လမ်းမကြီးမှ သုံးမိုင်အကွာတွင် တည်ရှိ၍ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ရာ ရွာလေးဖြစ်ကြောင်း သိရှိရသည်။ အိမ်ခြေ ၁၅၀ ကျော်ရှိသည့် အနက် အိမ်ခြေ ၅၀ ဝန်းကျင်သည်  အာလူးစိုက် တောင်သူများဖြစ်ကြောင်း သိရှိရသည်။    

Pages