Main menu

Background

Monday, 13 Feb 2023

မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီအသစ်များ ရိတ်သိမ်းမှုမရှိသေးသော်လည်း မိုးကြက်သွန်နီများ နယ်ဝေး တင်ပို့မှုနည်းသဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။  
မိုးကြက်သွန်နီကို ဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင် စတင်ရိတ်သိမ်းခဲ့ပြီး ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ရိတ်သိမ်းမည်ဖြစ်သည်။ မိတ္ထီလာဈေးကွက်မှာ ရန်ကုန်၊ ပဲခူးသို့ အများဆုံးတင်ပို့ရာ  ဇန်နဝါရီလ  နောက်ဆုံးပတ်အတွင်း ပဲခူးသို့ တစ်ရက်လျှင် ခြောက်ဘီးကား  ကုန်ချိန် ၆၀ဝ၀ ဆံ့ ကားတစ်စီး တင်ပို့နိုင်သော်လည်း ရန်ကုန်သို့ တစ်ရက်လျှင် ၁၂ ဘီးကားတစ်စီးဖြင့်  ကုန်ချိန် ၃၀ဝ၀ ပိဿာကို အခြားကုန်များနှင့် ရောနှောတင်ပို့နိုင်ခဲ့သည်။ 

Monday, 13 Feb 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးအနည်းငယ် မြင့်တက်လာပြီး ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။

Monday, 6 Feb 2023

ဥရောပသမဂ္ဂအပါအဝင် ပြည်ပပို့မည့် Hass အမျိုးအစား ထောပတ်သီး စိုက်ဧက ၃၀ဝ အတွက် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများစနစ် (Global GAP) လက်မှတ်ရရှိရန် နမူနာအသီးများ ပေးပို့ကာ ဓာတ်ခွဲစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

Thursday, 2 Feb 2023

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ပင်းချောင်း၌ ကြက်သွန်နီများ စတင်၍ စိုက်ပျိုး လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရေနံ ချောင်းမြို့နယ်၌ ဥစိုက်ကြက်သွန်နှင့် ကြက်သွန်နီ စေ့ကို ပျိုးထောင်၍ ရရှိသောပျိုးပင်ကို စိုက်သော အပင်စိုက်ကြက်သွန်ကို   နှစ်စဉ်လုပ်ကိုင်ကြရာ လက်ရှိ အပင်စိုက် ကြက်သွန်နီများ စိုက်ပျိုးလျက် ရှိသည်။

Monday, 30 Jan 2023

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်တွင်း၊ ပြည်ပ ဈေးကွက် ဝယ်လိုအားရှိသော ကိုင်းဘော (တံမြက်စည်းကုန် ကြမ်း)မှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက် ရှိသော ရာသီပေါ်ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍   ဈေးကွက်ဝင်ရောက်လျက်ရှိပြီး မတ်လကုန်  ဧပြီလရောက်လျှင်  ကိုင်းဘောရာသီမှာ  ပြီးဆုံး သွားကြောင်း ဈေးကွက်မှသိရသည်။

Friday, 20 Jan 2023

မြန်မာနိုင်ငံအတွင်း ပို့ကုန်တင်ပို့နိုင်ခြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် CMP စနစ် လုပ်ငန်းများမှာ လက်ရှိတွင် စက်ရုံပေါင်း ၇၀ဝ ကျော် ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

CMP စနစ်ဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့်လုပ်ငန်းဖြစ်ပြီး ကုန်ကြမ်းပေး၊ ကုန်ချောယူ ဆောင်ရွက်နေသည့် လက်ခစားလုပ်ငန်းများ ဖြစ်သည်။

Friday, 20 Jan 2023

မြန်မာ့ဒေသထွက် ကြိမ်နှင့်ဝါး လက်မှုအချောထည်ပစ္စည်းများကို နယ်သာလန်နိုင်ငံ၏ အကူအညီဖြင့် အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကြိမ်နှင့်ဝါး လက်မှုအချောထည်ပစ္စည်းများမှာ အခြေခံအိမ်တွင်းပရိဘောဂအသုံးဆောင်နှင့် လက်ဆောင်ပစ္စည်းများ၊ အလှဆင်ပစ္စည်းများ၊ လက်မှုပညာအသုံးအဆောင်များ၊ ယွန်းထည်ပရိဘောဂပစ္စည်းများဖြစ်သည်။ အဆိုပါ လက်မှု ပညာပစ္စည်းများကို Burma crafts ဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။

Thursday, 19 Jan 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နနွင်း များ စတင်ထွက်ပေါ်နေပြီး ယခင်နှစ်ထက် ဈေးပိုရနေကြောင်း နနွင်းစိုက်တောင်သူများထံမှ သိရသည်။ 
ကျောက်ဆည်ခရိုင်တွင် နနွင်းစိုက်ဧကပေါင်း ၂၃၅၈ ဧကရှိ၍ နနွင်းများကို မိုးဦးကျကာလတွင် စတင်စိုက်ပျိုးပြီး မြစ်သားမြို့နယ်တွင်  ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်းကျေးရွာများတွင်   အများဆုံး စိုက်ပျိုး ကြကြောင်း၊  တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းခန့်ထိ ကုန်ကျကြောင်းသိရသည်။

Thursday, 19 Jan 2023

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့ရမည့် ၂၀၂၃ ခုနှစ်၏ ရာသီချိန်နီးလာပြီ ဖြစ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရေး၊ အဆိုပြုကုမ္ပဏီများ မှန်ကန်မှုရှိစေရေး၊ တောင်သူပညာပေးသင်တန်းများ ပို့ချနိုင်ရေး၊ တောင်သူ(Farmer)၊ အဝယ်တော်(Collector) နှင့် ပဲတင်ပို့ရေးလုပ်ငန်းစဉ်ဆောင်ရွက်သည့် စက်ရုံများ၏ ထုတ်လုပ်မှု(Processor Level) များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၅ ရက်က မြန်မာ့ပဲတီစိမ်းများတင်ပို့နိုင်ရေ းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင

Thursday, 19 Jan 2023

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ ဟင်းချက်ဆီ ဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ဟင်းချက်ဆီ ရောင်းလိုအား လျော့နည်းကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး သာမန်ထုပ်ပိုးမှုဖြင့် ရောင်းချသည့်  စားအုန်းဆီ  တစ်လီတာလျှင် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၅ 
(1 Kg/ 1.035 USD)ထိ ပြည်တွင်းဈေးနှုန်း မြင့်တက်မှု   ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ 

Pages