Main menu

Background

Monday, 31 Jul 2023

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ တစ် ထရီလီယံခန့်ရှိလာမည့်  တိုင်းပြည်၏ ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံ ၏ အမှန်တကယ်ရှိမည့်  အရွယ်အစား ကို  တိုင်းတာရန် ပုဂ္ဂလိကအေဂျင်စီ တစ်ခုအား  ငှားရမ်းရန် စီစဉ်လျက်ရှိ ကြောင်း  တရားဝင်    စာရွက်စာတမ်း တစ်ခုအရ သိရသည်။ 

Tuesday, 18 Jul 2023

၂၀၂၃ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအတွင်း စားသုံး သူဈေးနှုန်း တိုးတက်မှုနှုန်း နှေးကွေးလာသည်မှာ ငါးလ  ဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သကဲ့သို့  ၃ ရာခိုင်နှုန်းအောက်  ကျဆင်း လာသည်မှာလည်း ၂၁ လတာကာလအတွင်း  ပထမဆုံးလအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း  တောင်ကိုရီးယားနိုင်ငံ၏ စာရင်းအင်း ဌာနက ၄-၇-၂၀၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

Tuesday, 18 Jul 2023

၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသို့နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (ငှီ်ု္) စီးဝင်မှု ကျဆင်းလာကြောင်းနှင့်  ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှုစီးဝင်မြဲနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊Mauritius၊ နယ်သာလန်နှင့် Cayman  ကျွန်းစုတို့မှ အရင်းအနှီး စီးဝင် မှုများ သိသိသာသာ လျော့ကျကာ စင်ကာပူနှင့် ့ဗန နိုင်ငံတို့မှ အရင်းအနှီးစီးဝင်မှု သိသိသာသာ မြင့်တက်လာကြောင်း တရားဝင် စာရင်းများအရ သိရသည်။ 

Tuesday, 18 Jul 2023

တောင်ကိုရီးယားနိုင်ငံနှင့်   ဂျပန်နိုင်ငံတို့ အကြား ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံတိုက်ရိုက် ငွေကြေးလဲလှယ် အသုံး ပြုနိုင်ရေးအတွက်  ၂၉-၆-၂၀၂၃ရက်က သဘော တူညီမှုရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

Tuesday, 20 Dec 2022

တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်မှ သုတေသီများသည် အာဖရိကမှ တောရိုင်းနှစ်ရှည်ပင် မျိုးစိတ်ဖြင့်  နှစ်စဉ်ပုံမှန် Oryza sativa ကိုဖြတ်၍ နှစ်စဉ် စိုက်ပျိုးရန်  မလိုအပ်သော PR23 အမည်ရှိ နှစ်ရှည်ဆန်မျိုးစုံကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း၊ ရာသီတိုင်း စိုက်ပျိုးသော ပုံမှန်စပါးများနှင့် မတူကြောင်း၊ PR23  သည် လေးနှစ်တစ်ကြိမ် စိုက်ပျိုး၍ လေးနှစ်တွင် ရှစ်ကြိမ်ဆက်တိုက်  ရိတ်သိမ်းနိုင်ကြောင်း၊ ရိတ်သိမ်းပြီးတိုင်း သန်မာသော အမြစ်ပါသည့် အပင်များဖြစ်ကြောင်း၊  PR23  အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ရှစ်တန်ဖြစ်ကြောင်း အစီရင်ခံတင်ပြထားပြီး ပုံမှန်ရေသွင်းစပါးနှင့် နှိုင်းယှဉ်နိုင်ကြောင်း၊ သို့သော် စိုက်ပျို

Thursday, 8 Dec 2022

ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲများကြားတွင် ဘေဂျင်းနှင့်  ဘရပ်ဆဲလ်တို့ကြား စည်းလုံးညီညွတ်မှုနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်ခြင်းသည် ဥရောပသမဂ္ဂခေါင်းဆောင် Charles Michel ၏ တရုတ်နိုင်ငံသို့ လာရောက်မည့်ခရီးစဉ်အတွင်း အစီအစဉ်တွင် ထိပ်တန်းမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

Tuesday, 22 Nov 2022

တရုတ်နိုင်ငံ၏  ဆောင်းရာသီထုတ်ကုန်များဖြစ်သော အနွေးထည်၊ ဘောင်းဘီ၊ ခြေအိတ်များမှအစ လျှပ်စစ်အပူပေး စက်များအထိ  တင်ပို့မှုသည်  ယူကရိန်းအကျပ်အတည်းနှင့် စွမ်းအင်ထောက်ပံ့မှု ကွာဟချက်ကြောင့် အခက်အခဲ ကြုံနေရသည့် ဥရောပသားများ ဆောင်းရာသီ အအေးဒဏ် ကြိုတင် ပြင်ဆင်ရန်အတွက်  တရုတ်ရောင်းချသူများထံ ရောက်ရှိလာ သည့် ဆောင်းတွင်းသုံး ပစ္စည်းများ အမှာစာ  မြင့်တက်လာခဲ့ ကြောင်း သိရှိရသည်။

Wednesday, 9 Nov 2022

    တရုတ်နိုင်ငံ၏ တရားရေးအေဂျင်စီများသည်  သိပ္ပံနှင့်နည်းပညာတွင် မိမိကိုယ်ကို အားကိုးမှုနှင့်  နိုင်ငံအတွက်  ပံ့ပိုးမှုတွန်းအား ရရှိရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့် (IPR) ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   အကြီးတန်း  တရားသူကြီးတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

Wednesday, 26 Oct 2022

    တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှု တန်ဖိုးသည် ယခုနှစ် ပထမ ရှစ်လတာကာလအတွင်း  ယွမ် ၃ ဒသမ ၉၄ ထရီလီယံ (ဒေါ်လာ ၅၅၀ ဘီလီယံ) ဝန်းကျင်ရှိပြီး  တစ်နှစ်ထက်တစ်နှစ် ၂၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနက   ၁၀-၁၁-၂၀၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း၊ ယင်းကာလအတွင်း ဝန်ဆောင်မှု တင်ပို့မှုမှာ ယွမ် ၁ဒသမ ၉၁ ထရီလီယံရှိခဲ့သော လွန်ခဲ့သည့်နှစ်ကထက် ၂၃ ဒသမ ၁ ရာခိုင်နှုန်းတိုးလာပြီး သွင်းကုန် ယွမ် ၂ ဒသမ ဝ၃ ထရီလီယံ အရ နှစ်စဉ် ၁၇ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဝန်ဆောင်မှု တင်ပို့မှု ကြီးထွားမှုနှုန်းသည် သွင်းကုန်ထက် ၅ ဒသမ ၂ ရာ

Thursday, 13 Oct 2022

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများသည် တစ်နှစ်ပတ်လုံး ကုန်သွယ်မှုအလားအလာနှင့် ပတ်သက်၍ တတိယ သုံးလပတ်အတွင်း ခိုင်မာသောယုံကြည်မှုရှိကြောင်း ပြသခဲ့ပြီး ပိုမိုမြင့်မားသောမျှော်လင့်ချက်ရှိကြောင်း နိုင်ငံ တကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီက ပြုလုပ်သော စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ စစ်တမ်းကောက်ယူထားသော ကုမ္ပဏီ အချို့၏ ၃၀ ဒသမ ၃၁ ရာခိုင်နှုန်းက ၎င်းတို့သည် နှစ်စဉ်ကုန်သွယ်မှုပမာဏတွင် ဒုတိယသုံးလပတ်၌ တစ်နှစ်ထက် တစ်နှစ် တိုးတက်မှု ၄ ဒသမ ဝ၉ ရာခိုင်နှုန်းအထိရှိရန် မျှော်လင့်ထားကြောင်း စက်တင်ဘာ၂၉ ရက်ထုတ် စစ်တမ်းအရ သိရသည်။

Pages