Main menu

Background

Tuesday, 24 Oct 2023

အစ္စရေးနှင့် ဟားမက်စ်တို့အကြား ပဋိပက္ခအရှိန် မြှင့်တက်လာမှုအပေါ် စိုးရိမ်လျက်ရှိပြီး ကုန် သွယ်မှုတန်ဖိုး ဘတ် ၄၀ ဘီလီယံခန့်ရှိသော  ထိုင်းနှင့်အစ္စရေး နှစ်နိုင်ငံကုန်သွယ်မှုအပေါ် သက်ရောက် လာနိုင်သည့် အလားအလာ ရှိ၊ မရှိ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း ထိုင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မြMr. Sanan Angubolkulက ပြောကြားခဲ့သည်။

Tuesday, 24 Oct 2023

တောင်ကိုရီးယားကုမ္ပဏီများသည် အိန္ဒိယ နိုင်ငံတွင်  ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားမှုမြင့်မား လာကြောင်းသိရသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈ ဘီလီယံအထိရှိခဲ့ရာ အဆိုပါနှစ်အတွင်း အိန္ဒိယ နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူ တင် သွင်းမှုမှာအမေရိကန်ဒေါ်လာ ၁၈ဒသမ၈ဘီလီယံ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့  အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဖြစ်သည်။ 

Tuesday, 10 Oct 2023

ဈေးကွက်တွင်းဆန်ဈေးနှုန်းများ  ကြီးမြင့် စေခြင်းကြောင့် ဆန်တင်သွင်းမှုအပေါ် ကောက် ခံနေသည့် အကောက်ခွန်နှုန်းအား ယာယီလျှော့ချ ပေးရန် အဆိုပြုတင်ပြချက်အပေါ်  သမ္မတမား ကို့စ်မှ ၂၆-၉-၂၀၂၃ ရက်နေ့က သဘောမတူပယ်ချ ခဲ့ကြောင်း ဖော်ပြထားသည်။  ယခုအခြေအနေသည် အကောက်ခွန်နှုန်း အား လျှော့ချပေးရန် သင့်တော်မှုရှိသည့် အချိန် အခါမဟုတ်သေးဟု တွက်ချက်ယူဆသဖြင့် အစိုးရ အနေဖြင့် လျှော့ချပေးမည့်အစီအစဉ်  မရှိသေး ပါကြောင်းနှင့် ကမ္ဘာ့ဆန်ဈေးနှုန်းသည် ပြန်လည် ကျဆင်းနိုင်ကြောင်းကိုလည်း  ခန့်မှန်းပါကြောင်း ပြောကြားခဲ့သည်။  အချို့သော ဆန်တောင်သူအုပ်စုမှ   ဆန် အပေါ် ကောက်ခံသည့်  အကောက်ခွန်နှုန်းထား လျှော့ချပေးခ

Tuesday, 10 Oct 2023

ထိုင်းနိုင်ငံ၌ ယခုနှစ်    ဒီဇင်ဘာလကုန်အထိ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၀ဝ၀ဝ ကျော်အတွက်  ဈေးနှုန်းလျှော့ချပေးသွား မည်ဖြစ်ကြောင်း၊ ဈေးနှုန်းလျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိစေရန် ၈၇ ရာခိုင်နှုန်း ထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊  ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ ဈေးဝယ်စင်တာများ၊ ရပ်ကွက်ဈေးများနှင့် ဝန်ဆောင်မှု ပေးသူများနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai  က ပြောကြားခဲ့ သည်။

Tuesday, 26 Sep 2023

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၌ ကွန်ဒိုများကို နိုင်ငံသားများ ဝယ်ယူမှုနည်းပါးနေသော်လည်း   နိုင်ငံခြားသားများ ဝယ်ယူမှုမြင့်တက်လျက်ရှိ ကြောင်း၊ ၎င်းတို့အထဲတွင်  တရုတ်နိုင်ငံသားများသည် လွှဲပြောင်းရယူမှု အများဆုံး ဖြစ်ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဖြစ်သူ  Mr. Vichai Viratkapan  က ပြောကြားခဲ့သည်။

Tuesday, 26 Sep 2023

ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများနှင့် အာဆီယံ နိုင်ငံများ၏ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အား သာချက်များကို ပေါင်းစည်းကာ အနာဂတ်ကို အတူတကွပူးတွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊    ဂျပန်နိုင်ငံနှင့်အာဆီယံ နိုင်ငံများအနေဖြင့် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် သဘာဝပတ် ဝန်းကျင်၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်နှင့် အခြားသောကိစ္စရပ်များ ကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ ကြံ့ခိုင် ရည်ရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးဝန်းကျင်ကို တည် ဆောက်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းဆောင် ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒက  စက်တင်ဘာ

Tuesday, 26 Sep 2023

တောင်ကိုရီးယားနိုင်ငံတွင် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအပါအဝင်    ပြည်တွင်းကုန်စည်များ ထုတ်လုပ်မှုအခြေအနေ ပြန်လည်တိုးတက်ကောင်း မွန်လာသည့်အပြင် ဝန်ဆောင်မှုကဏ္ဍသည်လည်း အတန်အသင့်  တိုးတက်မှုရှိနေကြောင်း၊ သို့သော် ပြင်ပ အချက်အလက်များဖြစ်သည့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမြင့်မားခြင်းနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ပြည်တွင်းစီးပွားရေးအခြေ အနေ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် တောင်ကို ရီးယားနိုင်ငံ၏   စီးပွားရေးအလားအလာသည် လည်း ကောင်းမွန်မှုမရှိနိုင်သေးကြောင်း ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် The Korea Deve-lopment Institute- KDI) က စက်တင်ဘာ ၇ရက် တွင်    ထုတ်ဝေခဲ့သည့် လစဉ်စီး

Monday, 11 Sep 2023

ဆန်စပါး တရားမဝင်တင်သွင်းသူများ၊ ဆန်စပါး  သိုလှောင်ဈေးကစားသူများအား ထိထိရောက်ရောက်    အရေးယူနိုင်ရေး အတွက်  ဆန်သိုလှောင်ရုံများအား စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန်  သမ္မတ  မား ကို့စ်မှ ဖိလစ်ပိုင်အကောက်ခွန်ဦးစီးဌာနသို့ ညွှန်ကြားသည့်အမိန့်ထုတ်ပြန်ခဲ့သည်။ 

Monday, 11 Sep 2023

လက်ရှိ ငွေကြေးလဲလှယ်မှုဈေးနှုန်းအရ    ရုရှားနိုင်ငံ အတွင်း ငွေကြေးဖောင်းပွမှုသည် သြဂုတ်၂၈ရက်အထိ ၄ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန်တွင် ၅ ဒသမ ဝ၃ ရာခိုင်နှုန်း အထိတိုးလာခဲ့ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၏သုံးသပ်ချက်အရ သိရှိရသည်။
အစားအသောက်  ထုတ်လုပ်မှုအပိုင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများကြောင့်   ယခင်ရက်သတ္တပတ်တွင် ငွေကြေး ဖောင်းပွမှုနှုန်း သုည ဒသမ ဝ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန် တွင် ငွေကြေးဖောင်းပွမှုနှုန်း သုည ဒသမ ဝ၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း RAI သတင်းဌာနမှလည်း သုံးသပ်ထားသည်။

Monday, 11 Sep 2023

ကနေဒါနိုင်ငံသည် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆိုင်ရာ ကနဦးသဘောတူညီချက်ကိုလက်မှတ် ရေးထိုးရန် ရည်ရွယ်ခဲ့ပြီးနောက်  သုံးလအကြာတွင်   အိန္ဒိယနှင့် အဆိုပြုထားသော အဆိုပါ ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ခေတ္တရပ်နားထားလိုက်ပြီဖြစ်ကြောင်း စက်တင် ဘာ  ၁ ရက်က မထင်မှတ်ဘဲ ထုတ်ဖော်ပြောကြားခဲ့သည်။

Pages