Background
ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုန်း ဆီ တင်သွင်းမှု မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လယ်ယာ ကဏ္ဍဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း ပြည်တွင်းသို့ စားအုန်းဆီ ၂၉၄၄၅၇ တန် တင်သွင်းထားကာ ယင်းပမာဏသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန်၆၅၀ဝ၀ ကျော် ပိုမိုမြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှမ်းဈေးများအနေဖြင့် နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၆၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် ဈေး စတင်ဖွင့်ခဲ့ သည်။ ဖေဖော်ဝါရီလတွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၈၃၀ဝ၀၊ နှမ်း နက်တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ အထိ ဈေးများမြင့်တက်လာခဲ့သည်။ နွေနှမ်းများ စိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းလက်ကျန်ရှားလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိသောကြောင့် ဈေးမြင့် တက်လာခဲ့သည်။
မော်လမြိုင်မြို့၌ အောက်တိုဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀ဝ၊ ဆင်(ထိုင်း)ကျပ် ၁၀၆၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၄၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ် နေသောဈေးမှာ ယခုတစ်ပတ်တွင် ကွန်ပေါင်း(မြန်မာ့သြဘာ ရွှေကောမက်) ၁၅း၁၅း၁၅ ၅၀ါု ပါတစ်အိတ် မှာ ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း 20;12;12 50kg ပါတ
ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာ ၆ ရက် ပေါက်ဈေးအရ ကျပ်သိန်း ၂၁၄၅၃၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၈၂၁ ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် စက် တင်ဘာ ၂၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၀၆၀ဝ၀၊ ၃၀ ရက်တွင် ကျပ် ၂၁၇၈၃၀ဝ၊ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၂၁၆၇၇၀ဝ၊ ၃ ရက်တွင် ကျပ် ၂၁၄၈၉၀ဝ၊ ၄ ရက်တွင် ကျပ် ၂၁၄၇၇၀ဝ၊ ၅ ရက်တွင် ကျပ် ၂၁၄၅၃၀ဝ ဖြစ်သည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် သြဂုတ် ၇ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသည် ယခုတစ်ပတ်တွင် ၈ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ ပြီး အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် ၅ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဗမကဘေ နိုင်ငံတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် သြစတြေးလျနိုင်ငံတွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ကာ ဈေးနှုန်း မြင့်တက် ခဲ့သည့် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၃၆ ဒေါ်လာ ပေါက်ဈေးရှိ ခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၂၉ ဒေါ်လာ ဖြစ်ခဲ့သည်ကိုတွေ့ရှိရသည်။ ပြည်တွင်း ရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅၁၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ကျပ် ၃၆၄၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း ကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင်Global Petrol Prices Website ၌် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၂ နိုင်ငံအနက် ဆွီဒင်နိုင်ငံသည် ယခုတစ် ပတ်တွင် ၄ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ပေါ်တိုရီကို နိုင်ငံတွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဆူရီနမ် နိုင်ငံတွင် ၄ ရာခိုင်နှုန်းနှင့် ဒိန်းမတ်နိုင်ငံတွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါ နှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၇၉ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၆၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အခေါက်ရည် တစ်ကျပ် သားလျှင် ကျပ် ၃၂၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂၆ ရက် တွင် ကျပ် ၃၄၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရေဈေးကွက်အတွင်းမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး အနောက်ဘက်တွင် ရခိုင်ရိုးမ၊ အရှေ့ ဘက်တွင် ပဲခူးရိုးမတို့ ဝန်းရံလျက်ရှိကာ ပြည်မြို့ နှင့်ထိစပ်လျက်ရှိသည့် သမိုင်းဝင်မြို့လေးတစ်မြို့ ဖြစ်သည်။ မိုးရာသီကာလ ဝါဆို၊ ဝါခေါင်၊ တော် သလင်းနှင့်သီတင်းကျွတ်လများတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ ဝါတွင်းသုံးလ အခါသမယ၌ မြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ နေ့စဉ် အဘိဓမ္မာတရားပွဲ များကို ကျင်းပပြုလုပ်၍ တရားသံများဖြင့် ပြည့်လျှံဝေစည်နေပြီး သမိုင်းဝင် တန်ခိုးကြီး ဘုရားများဖြစ်သည့် ရွှေမျက်မှန်ဘုရား၊ ရွှေနတ် တောင်ဘုရားများ တည
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက် အာဂျင်တီးနားနိုင်ငံသည် ယခု တစ်ပတ်တွင် ၁၀ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နယ်သာလန်နိုင်ငံတွင် ၈ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၆ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။