Main menu

Background

မြန်မာနိုင်ငံ အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စတင်သည့်အခမ်းအနားကျင်းပ

Fri, 04/03/2015 - 20:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

မြန်မာနိုင်ငံ  အမျိုးသားပို့ကုန် မဟာဗျူဟာ  (NES)  အကောင်အထည် ဖော်ဆောင်ရွက်ခြင်းစတင်သည့် အခမ်း အနားကို   နေပြည်တော်ရှိ   မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းစင် တာ(၂) (MICC-II)  ၌ မတ် ၂၅ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ   ဦးÓဏ်ထွန်းတက် ရောက်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး Ms.Arancha Gonzalez ၊ဂျာမနီ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ(GIZ)မှ ဒေသဆိုင်ရာ ညွှန်ကြား ရေးမှူးMs.Petra Schil ၊ ကမ္ဘာ့ဘဏ်မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Ulrich  Zachau နှင့်အဖွဲ့ဝင်များ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပမှကုန် သည်အသင်းအဖွဲ့များ၊ စီးပွားရေးပညာ ရှင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူ များနှင့် မီဒီယာများတက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက အမျိုးသား ပို့ကုန် မဟာဗျူဟာအား လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အရေးကြီးတဲ့အချိန်ရောက်ရှိလာပြီဖြစ်ပါ ကြောင်း၊ ဒါကြောင့် အဆိုပါလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းစဉ်တစ်လျှောက် ပါဝင်နေတဲ့ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပါဝင်ပတ်သက်သူများအားလုံးလုပ်ငန်း စီမံချက်နှင့်အညီ     အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်တစ်လျောက် တက်ကြွစွာ  ဆောင်ရွက်ကြရန်လိုပါ ကြောင်း အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချက်မှရရှိ ခဲ့တဲ့  အမျိုးသားပို့ကုန်မဟာဗျူဟာမှ တစ်ဆင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက် ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာကို ဆောင် ရွက်ခြင်းဖြင့် ဆင်းရဲမှု လျော့ကျရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တစ်မျိုးသားလုံးအချိုး ကျတိုးတက်ရေး ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်များကိုရရှိမယ်လို့ ယုံကြည်ပါကြောင်း၊ ထိုမှတစ်ဆင့် ''မြန်မာနိုင်ငံသည် ရေ ရှည်စဉ်ဆက်မပြတ ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝမှု ဆီသို့'' ဆိုတဲ့မျှော်မှန်းချက်ကို အောင်မြင်စွာရောက်ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က မြန်မာအမျိုးသား ပို့ကုန်မဟာဗျူဟာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေ မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတကာကုန် သွယ်မှုဗဟိုဌာန အမှုဆောင်ညွှန်ကြား ရေးမှူးMs.Arancha Gonzalez ၊ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဂျာမနီ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ)   မှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Ms.Petra Schill  နှင့် ကမ္ဘာ့ ဘဏ်မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးMr.Ulrich Zachau တို့က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက်   ဒုတိယသမ္မတ ဦးÓဏ်ထွန်းက မြန်မာနိုင်ငံအမျိုးသား ပို့ကုန်မဟာဗျူဟာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများတွင် ကူညီပံ့ပိုးပေးခဲ့ကြ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံအမျိုးသားပို့ ကုန်မဟာဗျူဟာ  လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခဲ့ကြတဲ့ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ အားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၁း၀၀ နာရီ တွင် အမျိုးသားပို့ကုန်မဟာဗျူဟာနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်အား MICC-II သတင်းစာ ရှင်း လင်းပွဲခန်းမတွင် ကျင်းပခဲ့ပြီး နေ့လယ် ၁၄း၀၀ နာရီတွင် မြန်မာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ပထမအကြိမ်အစည်းအဝေးအား ဆက် လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ခင်မောင်မောင်အုန်း