အိမ်ခြံမြေလုပ်ငန်းအုပ်စုဖြစ်သော Asset Work Crop (AWC) နှင့် Marriott International တို့က ပတ္တယားနှင့်ဖူးခက်တို့တွင် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီသုံးခုနှင့်တွဲဖက်ပြီး လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း နေးရှင်း သတင်းတွင် ဖော်ပြ သည်။ စီးပွားရေးလုပ်ငန်း၊  ခရီးသွားနှင့် အပျော် ခရီးထွက်သူများနှစ်မျိုးစလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် MICE (Meetings, incentives, conferences and exhibitions)  ခေါ် အစည်း အဝေး၊ ဆွဲဆောင်မှုပေးသည့် လုပ်ငန်းရပ်များ၊ ကွန်ဖရင့်နှင့် ပြပွဲများကျင်းပနိုင်သော ဟိုတယ်များ နှင့် အထောက်အကူပြုလုပ်ငန်းများကို    တည

       တရုတ်နိုင်ငံယူနန်ပြည်နယ်သည်ဝဥ၏ မူလဇာတိဖြစ်ပြီး အရှေ့အာရှ တစ်လွှားသို့ပျံ့နှံ့ခဲ့သည်ဟုဆိုပါသည်။ ဂျပန်အမည်ဖြစ် သော  Konjac ဟုလည်း ထင်ရှားကျော်စောပါသည်။  Konjac ကို  Yam Cake ခေါ် ကျောက်ကျောတုံးပုံမုန့်အဖြစ်လည်း ထင်ရှားလူ ကြိုက်များပြီး ဝဥမှ ပြုလုပ်သော  “ Shirataki” ခေါ် ခေါက်ဆွဲမှာ လည်း ဂျပန်တွင်ကျော်ကြားပါသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပြီး ယခုအခါ ပြည်ပတင်ပို့မှု များပြားလာသဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ်လာကြသည်။

လက်ရှိဝဥကမ္ဘာဈေးကွက်

        မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊  စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တ

         စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့ အနောက်ဘက် ချင်းတွင်း မြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည်။ ဆားလင်းကြီး မြို့နယ်ပိုင်းတောင်ကြီးကျေးရွာနှင့် အခြားကျေးရွာအတွင်း နေထိုင်သူများသည် ယခင်ကဆားချက်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပြီး ဆားချက်ရာတွင်နေ့ရာညပါ ဆားချက်နိုင်ရန် အတွက် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာနအလိုက် ရွာတည်သောကြောင့် ဆားလင့်ဟု ခေါ်တွင်ပြီး လူနေ အိမ်ခြေ စည်ကားတိုးတက်လာသဖြင့် ကြီးတစ်လုံးတိုးကာ ဆားလင့်ကြီးဟု ခေါ်ဆို ရာမှ ကာလကြာရှည်ရာမှဆားလင်းကြီးဟုခေါ်ဆိုကြောင်း လေ့လာသိရှိရပါသ

        နှစ်လနီးပါးကြာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသည့် Yangon Water Bus ရေယာဉ်ပြေးဆွဲမှုများကို ယခု နိုဝင်ဘာလအတွင်း  ရေယာဉ်အသစ်များ အသုံးပြု၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း  Yagon Water Bus လုပ်ပိုင်ခွင့် ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။ ယင်းသို့ ရပ်နားထားခြင်းသည်  မိုးရာသီအတွင်း ဆိပ်ကမ်းများပျက်စီးနေခြင်းကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီး စားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ် များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ် ခွင့် ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေး ချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန

      နိုဝင်ဘာ ၃ ရက်မှ ၉ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ၁၅၇၄၁၆၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၃၀၅၉၀ ဒသမ ၁၈ တန်နှင့် အမေရိကန်ဒေါ်လာ ၂၉၈၈၇၃၈၇ တန်ဖိုးရှိ ဒီဇယ် ၅၁၅၉၃ ဒသမ ၇၂ တန်၊ စုစုပေါင်း ၈၂၁၈၃ ဒသမ ၉၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။   ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၅၁၈၅ ဒသမ ၉၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၄၅၉၅ ဒသမ ၇၇ တန် တင်သွင်းမှု လျော့နည်းခဲ့သလို   ယခင် သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၇၀၆၅၆ ဒသမ ဝ၇ တန်နှင့်နှိုင်းယှဉ် လျှင် ၁၉၀၆၂  ဒသမ ၃၅  တန် တင်သွင်းမှုလျော့နည်းခဲ့သည်။ ထို့ကြောင့် ယခု တစ်ပတ

       ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်ကုန် ဖြစ်သည့် ပဲတီစိမ်းသေးသည်    ပြန်လည်ဈေးကောင်းရနေ သည်။ ယခုတစ်ပတ်၏ ပဲတီစိမ်းသေးမှာ  တစ်တင်းလျှင် ကျပ် ၃၇၀ဝ၀ ဖြင့် အိတ် ၃၀ဝ၊   ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ် ၂၇၃၀ဝ ဖြင့် အိတ် ၃၀၊  ကုလားပဲဖြူ (V2) တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အိတ် ၅၀၊ ပြောင်းဖူးစေ့(CP)တစ်တင်း လျှင်  ကျပ် ၇၂၀ဝ ဖြင့် အိတ် ၂၀ဝ၊ ၂၀၁၇ ခုနှစ်ထွက် ပဲစင်း ငုံနီ တစ်တင်းလျှင် ကျပ် ၂၆၀ဝ၀ ဖြင့် အိတ် ၃၀ဝ ဥပုသ်နေ့မှ လွဲ၍ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ရေစကြိုကုန်စည်ဒိုင်တွင်    ယခုတစ်ပတ်၏   ပဲမျိုးစုံ ဈေးနှ

      ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပ ခဲ့သည်။   တန်ဆောင်တိုင်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များလာရောက် လည်ပတ်ကြည့်ရှုခဲ့ ကြပြီး အိမ်အပြန်ဒေသလက်ဆောင်အဖြစ် ထောပတ်သီးများ ဝယ်ယူသွားကြရာ ထောပတ်သီးများ ဈေး ကွက်မှာ အရောင်းသွက်ခဲ့ကြောင်း သိရသည်။ ထောပတ်သီးကို အောက်တိုဘာလမှ စတင်ပေါ်ခဲ့ရာ ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီးဖြစ်သည်။ ထောပတ် သီးဈေးကွက်ဈေးနှုန်း များမှာ အသီးအမျိုးအစားနှင့် အရွယ်အစားလိုက်၍ ကျပ် ၂၀ဝ မှ ၁၅၀ဝ အထိ ရောင်းချခဲ့ရသည်။

 

       ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင်  ဧည့်မထမိုးကောက်စောစပါးသစ် မြို့နယ် ၂၀ ခန့်နှင့် ပေါ်ဆန်းစပါးသစ်လေးမြို့နယ်ခန့် ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း ဆန်စပါးသတင်းများအရ သိရသည်။ လက်ရှိတိုင်းဒေသကြီးအတွင်း မိုးဧည့်မထကောက်စောစပါးသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀ဝ ကို  ကျပ် ၄၇၀ဝ၀ဝ/ ၅၀ဝ၀ဝ၀ ဈေးအတွင်းနှင့် ဧည့်မထမိုးဆန်သစ်တစ်အိတ်ကို  ကျပ် ၁၇၅၀ဝ/၁၈၅၀ဝ ဝန်းကျင်ရှိပြီး ပေါ်ဆန်း စပါးသစ်၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ် ၆၂၀ဝ၀ဝ/ ၇၇၂၈၀ဝ ဈေးအတွင်းတွင် ရောင်းဝယ်လျက်ရှိသည်။   စပါးသစ်ဈေးနှုန်းမှာ စပါး အရည် အသွေးဈေးကွက်ဖွံ့ဖြိုးမှုပေါ် မူတည်၍  မ

         မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင် ပထမအကြိမ်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်  မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စုပေါင်းခန်းမ၌  ကျင်းပရာ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု မြှင့်တင် ရေး၊ ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေး၊&nbsp