အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို  တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။

     ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်၌ စက်တင်ဘာလအတွင်း ဈေးနှုန်းကျဆင်းကာ  အရောင်းအဝယ် အေးလျက်ရှိပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ပေါ်ဆန်းစပါးဈေးနှင့် ဧည့်မထ မိုးစပါး ဈေးများ ကျဆင်းလျက်ရှိသည်။ ပုသိမ်ခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ပေါင်တင်း ၁၀၀ ကို ကျပ်ကိုးသိန်းခွဲ၊ ၁၀ သိန်းဝန်းကျင်မှ ယခုကျပ် ရှစ်သိန်းခွဲ၊ကျပ်ကိုးသိန်း  မိုးဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၅၅၀၀၀၀၊  ကျပ် ၅၉၀၀၀၀ မှ ယခု ကျပ် ၅၃၀၀၀၀၊ ကျပ် ၅၄၀၀၀၀ ခန့်ဈေး၊ မြောင်းမြခရိုင် ပေါ်ဆန်းစပါး ၄၆ ပေါင်တင်း ၁၀၀ ကို  ကျပ်  ၈၈၀၀၀၀-၉၃၅၀၀၀ မှ ယခု ကျပ် ၈၃၀၀၀

     ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ငါးမျိုး သစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေးအတွက် သုတေသနပြုမှုများ အရှိန်မြှင့်ဆောင် ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် သုတေ သန လုပ်ငန်းများအတွက် ရေချိုငါးများ သားဖောက် ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဒေသတွင်း ငါး၊ ပုစွန်ကျန်းမာမှုအတွက် အထောက်အကူ ပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန်ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။

     အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ  ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည်  ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စ

    အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11,  iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး  အောချတ်လမ်းရှိ  အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား  တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။