မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၂ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာနှစ်သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၈၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။  ယခုတစ်ပတ် ဆန်တင်ပို့မှုများမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန် တန်ချိန် ၇၃၀ဝ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ တန်ချိန် ၅၀ဝခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၁၆၀ ကျော်တင်ပို့ခဲ့သည်။

    ဂျပန်ဘာသာဖြင့် Edamame ၊ တရုတ်ဘာသာဖြင့် Moa Dou လို့ ခေါ်တဲ့ ရွှေပဲသီး ခေါ်  ပဲပုပ်ကြီး  (Edible Soy Bean)ကို နိုင်ငံတကာ ဈေးကွက်၌ ဈေးကြီးပေးဝယ်ယူ စားသောက်နေကြသည်ကို တွေ့ရှိရသည်။ ပဲသီးအေ တာင့်လိုက်ကို ဆားအနည်းငယ်ထည့်ပြုတ်ပြီး သရေစာအဖြစ် သော်လည်းကောင်း၊ အစာမစားမီ နှုတ်မြိန်စေရန်သော်လည်းကောင်း စားသုံးကြသည်။ တရုတ်လူမျိုးများသည် ရွှေပဲသီးကို အသားငါးများ သို့မဟုတ် အခြား အသီး  ရွက်များနှင့် ရောနှော ချက်ပြုတ်စားသောက်ကြသည်။ အစေ့ ၅၀ ပါ တစ်ထုပ်ကို အမေရိကန်နိုင်ငံဈေးကွက်၌ ၂ ဒသမ ၉၅ ဒေါ်လာ ဈေး ပေါက်ပြီး တရုတ်ဈေးကွက်၌ ၃ ဒသမ ၀၈ ဒေါ်လာ၊ အစေ့ ၅၀၀ ပါ (လေးေ အာင်စ)တစ်ထုပ်ကို ၁၂

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနတာဝန်ခံသည် ကုန်သွယ်မှုသတင်းအချက် အလက်ဖြန့်ဝေပေးရေးနှင့် ကုန်သွယ်မှုနှင့်ပတ်သက်သော ဝန်ေ ဆာင်မှုလုပ်ငန်းများကို ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပိုမိုထိရောက်စွာ၊ ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၂၈  ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်သို့  သွားရောက်၍ ဒေသ တွင်း ထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

    ရန်ကုန်စတော့အိတ်ချိန်းက ကြီးမှူးကျင်းပမည့် YSX EXPO 2019 ကို စက်တင်ဘာ ၁ရက်တွင် ရန်ကုန် မြို့ရှိNovotel Yangon Max Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားအတွင်း ပြခန်း (Exhibition Booth)များ ပါဝင်ပြသပေးမည့်အပြင် အခြားသော စတော့ရှယ်ယာနှင့် ပတ်သက်သော ဗဟုသုတ များကို မျှဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စတော့ရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားသူများအတွက် Securities အေ ကာင့်များ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကံစမ်းမဲများစွာကိုလည်း ပါဝင်ကံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အစုရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားသူများအားလုံး ပါဝင်တက်ရောက်နိုင်ပြီး တက်ရောက်ရန် စာရင်းပေးသွင်းလိုပါက

       ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ  ယခုတစ်ပတ်အတွင်း ဈေး ထပ်မံမြင့်တက်ခဲ့သည်။ ယခင်ရက်သတ္တပတ်က  အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၄၇၀၀၀ရှိခဲ့ရာမှ ယခုရက်သတ္တပတ်မှာတော့ ကျပ် ၁၁၅၁၀၀၀ သို့ မြင့်တက် ခဲ့ခြင်းဖြစ်သည်။ "အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၀၀ဘီလျံဖိုးအပေါ် ထပ်တိုးခွန် ၁၀ရာခိုင်နှုန်းချမှတ်မယ်လို့ ကြေညာ ချိန်မှာပဲ ရွှေက တစ် ရှိန်ထိုးပြန်တက်သွားတယ်။ နောက်ပြီး ဗြိတိန်ကလည်းဝန်ကြီးချုပ် သစ်တက်လာသလို သုံးလအတွင်း အီးယူကထွက်ကိုထွက်မယ်လို့ ကြေညာတာ လည်းရှိတော့ ရွှေကို ပင့်တင်လိုက်သလိုဖြစ်သွားတယ်။  ကမ္ဘာ့စီးပွား

     လာမည့် နှစ်လအတွင်း စင်ကာပူ ရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(SMEs) ၏ လေးပုံ သုံးပုံ နီးပါးသည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်ဟု စစ်တမ်းတစ်စောင်တွင် ဖော်ပြထား ကြောင်း စထရိတ်တိုင်းမ် သတ င်းတွင် ဖော်ပြသည်။ ထ့ို ပြင် ယင်းတို့အနက် ရာခိုင်နှုန်း ၉၀ က ပြည်ပနှင့်  စီးပွားရေးအဆက်အသွယ်များ ရရှိထားပြီးဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း မတည်ရင်း နှီးငွေနှင့်  ငွေကြေးစီးဆင်းမှု အခက်အခဲက ပြည်ပတွင် လုပ်ငန်းတိုးချဲ့ရေး လုပ်ငန်းကို  အဟန့်အတားဖြစ်စေခဲ့ ကြောင်း စစ်တမ်းတွင်ပါဝင်သော လုပ် ငန်းသုံးပုံတစ်ပုံက ပြောသည်။

        ယခုနှစ်အကုန်တွင် ဒေသတွင်းဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု  သဘောတူစာချုပ် (RCEP ) ကို အာဆီယံအ ဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေး နွေးဖက် ခြောက်နိုင်ငံတို့ အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတိုလင်းဂျော့ဟွိုင်က ခန့်မှန်းကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီး ပါးရှိသော  ဈေးကွက်ကို  လွှမ်းမိုးထားပြီး ကမ္ဘာ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန်၏  သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသဖြင့်  ကမ္ဘာပေါ်တွင်အကြီး မားဆုံးကုန်သွယ်ရေး   သဘောတူစာချုပ်တစ်ခု ဖြစ်လာမည်။

       အိန္ဒိယနိုင်ငံသည် တရုတ်ဦးဆောင်သော အာရှပစိဖိတ်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်နိုင်ဖွယ်မရှိဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက သြဂုတ် ၂ ရက်က ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဝန်ကြီးချုပ် နှင့်ဆက်စပ်နေသော စက်မှုလုပ်ငန်းနှင့်  လယ်သမားများ၏ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ဖန်တီးရေးအလားအလာများအတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။

      ယုံကြည်ရသော ကုန်သွယ်ဖက်စာရင်းမှ အပြန်အလှန် ပယ်ဖျက် ကြရန်  ဇူလိုင် ၂ ရက်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ဆုံးဖြတ် ကြကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ စေ့စပ်ညှိနှိုင်းအဖြေရှာရန် တောင် ကိုရီးယားနိုင်ငံက အကြိမ်ကြိမ် ပန်ကြားခဲ့သည်ကို ဂျပန်နိုင်ငံက ပယ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်အငြင်းပွားမှုက စီးပွားရေးစစ်ပွဲဆီသို့ ဦးတည်လျက်ရှိသည်။ တစ်ပိုင်းလျှပ်ကူးနှင့် ဖန်သားပြင်ထုတ်လုပ် ရာတွင် အသုံးပြုသော အဓိက အစိတ်အပိုင်းများ တောင်ကိုရီးယားသို့ တင်ပို့ခြင်းကို ဂျပန်နိုင်ငံ က ဇူလိုင် ၄ ရက်တွင်  ကန့်သတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်အတွင်း အဓမ

         ပြည်တွင်းရှိ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေ ပိုမိုရရှိလာစေရန်အတွက် ပင်လယ်ရေထွက်ကုန် အရှင်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ကျင်းပသည့် ပင်လယ်ထွက်ကုန် အရှင်ပို့ ထုပ်ပိုးမှု သင်တန်းမှ သိရသည်။ ထိုကဲ့သို့ တင်ပို့ခြင်းကို လာမည့် စက်တင်ဘာလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပင်လယ်ရေ ထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်း များကို ပြည်ပနိုင်ငံများဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံ များသို့ တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။