မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ကို အခြေတည်လျက် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ကောင်းတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ ၅၅၆ ဧက ကျယ်ဝန်းသော ကိုရီးယား-မြန်မာ စက်မှု ဥယျာဉ်မြို့တော် (Korea-Myanmar Industrial Complex-KMIC) ၏ Ground breaking Ceremony ပန္နက် တင် မင်္ဂလာအခမ်းအနားကိုယင်းKMIC ၌ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကား  
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၁၅-၁၂-၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ သော ပြည်ပကုန်သွယ်မှု အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၅၂ ဘီလီယံ ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ လျော့နည်းလျက် တိုးတက်မှု အနှုတ် ၈ ဒသမ ၇၄ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ ကြောင်း တွေ့ရှိရပါသည်။
စင်ကာပူနှင့် အမေရိကန်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအထောက်အကူပြုရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးအထောက်အကူပြုငွေရေးကြေးရေးပိုင်းဆိုင်ရာဝန်ဆောင်မှုပေးခြင်း (Trade Financing) လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်သွားကြရန် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၆ - ၁၂ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု အခြေအနေမှာ ဖေဖော်ဝါရီလမှလွှဲ၍ ကျန်လများတွင် ကုန်သွယ်မှုကျဆင်းခဲ့ပါသည်။ ၁၇ - ၁၂ - ၂၀၂၀ ရက်တွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် ၈ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ လူသုံးကုန်များ၊ အခြေခံအဆောက်အအုံပစ္စည်းများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတို့ သိသာစွာတိုးတက်လာမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ၏ ကုန်ထုတ်လုပ်မှု အခြေအနေမှာလည်း ရှစ်လတာအတွင်း ဒုတိယအကြိမ် တိုးတက်မှုရရှိသည့် လအဖြစ်တွေ့ရှိရပါသည်။
မြန်မာနိုင်ငံမှကုန်သေတ္တာတင်သင်္ဘောဖြင့် ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်စရိတ်များ တရိပ်ရိပ်မြင့်တက်လာနေမှု အခြေအနေများနှင့် ဆက်စပ်လျက် တရုတ်နိုင်ငံအတွင်းဖြစ်ပေါ်နေသော ကုန်သေတ္တာသယ်ယူပို့ဆောင်မှု ဆိုင်ရာ သတင်းများအား ဆက်လက်လေ့လာခဲ့ရာ အောက်ဖော်ပြပါအတိုင်းတွေ့ရပါသည် -
ဂျပန်နိုင်ငံ၏ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အာဂျင်တီးနားနိုင်ငံ၏ ပဲပုပ်စေ့စိုက်ပျိုးမှုမှာ စုစုပေါင်းစိုက်ပျိုးမြေဧရိယာ၏ ၅၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ဗျူနိုအေရိစ်ကောက်ပဲသီးနှံရောင်းဝယ်ရေးအသင်းက သတင်းပေးပို့ခဲ့သည်။ အဆိုပါစိုက်ပျိုးမှု၏ ၄ ဒသမ ၂ ရာခိုင်နှုန်းမှ ရာသီဥတုအခြေ အနေကြောင့်နောက်ကျစိုက်ပျိုးခဲ့ရသော်လည်း ယခင်နှစ်စိုက်ပျိုးမှုနှင့်နှိုင်းယှဉ်ပါက ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်၊ ကိုလာခရိုင်ရှိ နာရာဆာပူရ (Narasapura) စက်မှုလုပ်ငန်းနယ်မြေတွင် တည်ထောင်ထားသည့် Wistron ကုမ္ပဏီ၏ Apple iPhone အမှတ်တံဆိပ် မိုဘိုင်းဖုန်းတပ်ဆင်ထုတ်လုပ်သည့် စက်ရုံ အဆောက်အဦနှင့် စက်ပစ္စည်းများသည် ၁၂-၁၂-၂၀၂၀ နေ့၌ ဒေသခံအလုပ်သမားများ၏ ဆူပူအကြမ်းဖက်ဖျက်စီးမှုကိုခံခဲ့ရကြောင်း သိရှိရပါသည်။
ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ကီလို ဂရမ် ၆၆၉၅ ဘီလီယံသို့ ရောက်ရှိခဲ့ကာ၊ ယခင်နှစ်ကထက် ကီလိုဂရမ် ၅ဒသမ၆၅ ဘီလီယံ (သို့မဟုတ်) ၀ဒသမ၉ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ခြောက်နှစ်ဆက်တိုက် တန်ချိန် ၆၅၀ ဘီလီယံကျော်လွန်သဖြင့် တရုတ်နိုင်ငံ၏ စားသုံးမှုဝယ်လိုအားကို ပြည့်မီသည့်အဆင့် ဖြစ်ကြောင်း စာရင်းအင်းဗျူရို၏ ကျေးလက်ရေးရာဌာနမှ ညွှန်ကြားရေးမှူး Li Suoqiangက မှတ်ချက်ပြုပြောကြားပါသည်။
