ဘရာဇီးလ်နိုင်ငံတွင် သီးနှံလက်ကျန်နည်းပါးမှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုတို့ကြောင့် အမေရိကန်နိုင်ငံမှ ပြောင်းဖူးစေ့နှင့်ပဲပုပ်စေ့များ တင်သွင်းနိုင်ရန် ရည်ရွယ်၍ ဘရာဇီးလ်အစိုးရက ဥပဒေညွှန်ကြားချက်များအား ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ဘရာဇီးလ်နိုင်ငံအစိုးရ၏ ညွှန်ကြားချက်များနှင့်ပတ်သက်၍ မျိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများကို ဘရာဇီးလ်နှင့်အမေရိကန်နှစ်ဘက်စလုံးက အပြန်အလှန်သဘောတူ လက်ခံမှုအပေါ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
