အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးကွက်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှုများကို တွန်းအားပေးသည့် အနေဖြင့် အစိုးရသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး စက်မောင်းဆီ ဖြန့်ဖြူးရောင်းချမှုဆိုင်ရာစည်းကမ်းများအား ပြင်ဆင် သတ်မှတ်လိုက်သည်။ ၂၀ဝ၂ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်ခဲ့သော လက်ရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချ ရေးမူဝါဒအရ ရင်းနှီးမြှုပ်နှံမှုပမာဏ အနိမ့်ဆုံးသတ်မှတ်ချက် ရူပီးငွေ ၂၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၈၁ သန်းခန့်) ဖြင့် ရေနံလုပ်ငန်းနယ်ပယ်ရှိ ကုမ္ပဏီများ ကသာ လုပ်ကိုင်နိုင်ခွင့်ရှိသည်။ ယခုပြင်ဆင်ချက်အရ ရေနံထုတ်လုပ်သန့်စင်မှုနှင့်ပိုက်လိုင်းသွယ်တန်းမှု နယ်ပယ်ပြင်ပရ
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပွားနေဆဲဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမှာ တည်ငြိမ်ခဲ့ကာ ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရသည်။ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ယွမ် ၂၂ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃ ထရီလီယံ)ဖြစ်သည်။ ပို့ကုန်ပိုင်းတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သွင်းကုန်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရသည်။ အလားတူကာလတွင် အမေရိကန်နှင့် ကုန်သွယ်ရေးမှာ ယွမ် ၂ ဒသမ ၇၅ ထရီလီယံသို့ ၁၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဥရောပသမဂ္ဂနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ တရုတ်နိုင်ငံ၏ ထိ
ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း နီးပါး ရှိလာတော့မည့် တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ် ကြောင်း တရားဝင်ကြေညာချက်တစ် စောင်ကို အောက် တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံတွင် ကမ္ဘာ့စိုက် ပျိုးမြေစုစုပေါင်း၏ ကိုးရာခိုင်နှုန်းရှိပြီး ရေချိုသယံဇာတရရှိမှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ခြောက် ရာခိုင် နှုန်းရှိသည်။ ၎င်းတို့ကိုအသုံးပြု၍ တရုတ်နိုင်ငံမှ စားနပ် ရိက္ခာ ထုတ်လုပ် မှုမှာ ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံတွင် လူတစ်ဦးချင်
ဈေးကွက်ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် အခြေပြုသော၊ နိုင်ငံ၏ အရန်နိုင်ငံခြားငွေထားရှိမှု အပေါ် ကိုးကားသော ယွမ်ငွေလဲနှုန်းမှာ တည်ငြိမ်နေလျက်ရှိသည်။ ထို့ပြင်ငွေ ကြေးနှင့် ချေးငွေတို့မှာလည်း တဖြည်း ဖြည်း တိုးပွားလာကာ ဈေး ကွက်အတိုး နှုန်းများမှာ နိမ့်နေဆဲဖြစ်သဖြင့် ပြည် တွင်း၊ ပြည်ပစီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အမြော်အမြင် ရှိသော ငွေကြေးမူဝါဒမှာ တရုတ်နိုင်ငံ အတွက် အကောင်းဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဗဟိုဘဏ်မှ Yi Gang က ပြောကြားခဲ့သည်။ တရုတ်ဗဟိုဘဏ်အနေဖြင့် အရည်အသွေးမီသော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် လုပ်သာကိုင်သာ ရှိသော ငွေကြေးန
လက်ရှိကောက်ခံလျက်ရှိသော လိုင်စင်ကြေးနှုန်းထားများကို လိုင်စင်လျောက်ထားမှုတန်ဖိုးများနှင့် ဆီလျော်မှုရှိစေရေးအတွက် ပြောင်းလဲကောက်ခံသွားမည့် သွင်းကုန်လိုင်စင်ကြေးများ သတ်မှတ်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသည် မြန်မာ့ထုတ်ကုန် ပစ္စည်းများ ဈေးကွက်ပိုမိုရရှိလျက် ကုန်သွယ်မှုမြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်းများတိုးတက်ကောင်းမွန်စေရန်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများမြှင့် တင်နိုင်ရန်အတွက် ပြပွဲများနှင့် ဆွေး နွေးပွဲများကို သံရုံး၌ အခါအားလျော်စွာ ကျင်းပသကဲ့သို့ အိန္ဒိယနိုင်ငံရှိ စီးပွား ရေးအဖွဲ့အစည်းများက စီစဉ်ကျင်းပ သည့် ကုန်စည်ပြပွဲများနှင့် ဆွေးနွေး ပွဲများတွင်လည်း ပါဝင်ပြသဆောင်ရွက် လျက်ရှိသည်။ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည် နယ် Noida မြို့၊ Sector 62 ရှိ Inter-national Trade Expo Centre ၌ အ
စင်ကာပူ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် အတွင်း အခွန်ကောက်ခံ ရငွေစုစုပေါင်း စင်ကာပူ ဒေါ်လာ ၅၂ ဒသမ ၄ ဘီလီယံသည် ယခင်ဘဏ္ဍဍာ နှစ်တွင် ကောက်ခံရရှိခဲ့သည့် စင်ကာပူ ဒေါ်လာ ၅၀ ဒသမ ၂ ဘီလီယံ နှင့်နှိုင်း ယှဉ်ပါက ၄ ဒသမ ၄ ရာခိုင်နှုန်းတိုး တက်ခဲ့ကြောင်း၊ အစိုးရ၏ဝင်ငွေ စုစု ပေါင်း၏ ၇၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် GDP ၏ ၁၀ ဒသမ ၆ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း စင်ကာပူ ပြည်တွင်းအခွန်ကြီးကြပ်မှုအာဏာပိုင် က ထုတ်ပြန်သည့်စာရင်းအရ သိရှိရသည်။
ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆိုးရွားသည့် မိုးခေါင်ရေရှားမှုပြဿနာကြောင့် ဆန်ထုတ်လုပ်မှုအပေါ် ထိခိုက်လျက်ရှိကြောင်း လတ်တလော သတင်းများနှင့်ပတ်သက်၍ CNA သတင်းဌာနက စင်ကာပူကုန်သွယ်ရေး နှင့် စက်မှု ဝန်ကြီးဌာနသို့ စုံစမ်းမေးမြန်းရာတွင် စင်ကာပူ၏ ဆန်ဝယ်လိုအား ပမာဏသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ထိုင်းမှ စင်ကာပူသို့ ဆန်တင်ပို့မှုသည် ထိုင်း၏ စုစုပေါင်း ဆန်တင်ပို့မှု၏ ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်မှစင်ကာပူသို့ ဆန်တင်ပို့မှု သည် ဗီယက်နမ်၏ ဆန်တင်ပို့မှု စုစု ပေါင်းပမာဏ၏ ၁ ဒသမ ၂ ရာခိုင်နှုန်း နှင့် အိန္ဒိယမှစင်ကာပူသို့ ဆ
ထိုင်းနိုင်ငံ၏ မော်တော်ကားလုပ်ငန်းမှာ GDP ကျဆင်းမှု၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှု၊ ပြည်တွင်း အရောင်းကျဆင်းမှုနှင့် နိုင်ငံ ခြား တင်ပို့မှုကျဆင်းခြင်းတို့အပါအဝင် အနုတ် လက္ခဏာဆောင်သော အချက်အလက်များဖြင့် လွန်စွာကြုံတွေ့နေရကြောင်း ထိုင်းစက်မှုလုပ်ငန်း ရှင်များအသင်း The Federation of Thai Industries (FTI) က ပြောကြားသည်။ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း The Federation of Thai Industries (FTI) ၏ ပြော ကြားချက်အရ သြဂုတ်လ၌ ပြည်တွင်းအရောင်း စုစုပေါင်းမှာ အစီးရေ ၈၀၈၃၈ သာရှိပြီး ယခင် ကာလတူထက် ၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ ဇူလိုင်လထက် သြဂုတ်လတွင် အရောင်း
အိန္ဒိယအစိုးရသည်စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းလျက်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ပြည်တွင်း ဈေးကွက်၌ပါဝင်ဆောင်ရွက်လိုမှု နည်း ပါးနေခြင်းကို ကုစားရန်နှင့် စီးပွားရေး လုပ်ငန်းငယ်များ၏ လုပ်ကိုင်ဆောင် ရွက်မှုများအပေါ် တွန်းအားပေးရန် အတွက် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းများအတွက် အတိုး နှုန်းသက်သာသည့် ချေးငွေများရယူနိုင် စေရန်အစိုးရပိုင်ဘဏ်များသို့ ဘဏ္ဍာ ငွေဖြည့်ဆည်းခြင်း၊ ပြည်ပမှေ ငွကြေး ထည့်ဝင်ရင်းနှီးမြှုပ်နှံသူ (Foreign Portfolio Investment) များ၏ Equities အစုရှယ်ယာများ လွှဲပြောင်းရောင်းချမှု အပေါ် အပိုဆောင်းကြေးငွေကောက်ခံ မှုအား ရု
