အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာဧက ၅၆၅ ဒသမ ၇၉ သိန်းကျော်ရှိပြီး စိုက်ပျိုးနိုင်သည့် မြေ ဧရိယာ၏ ၉၁ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ ယခင်နှစ် အလားတူကာလတွင် ဆောင်းသီးနှံစိုက် ပျိုးပြီးစီး သည့် ဧကမှာ ၅၇၁ ဒသမ ၄၇ သိန်းခန့်ရှိခဲ့သည့်အတွက် ယခုနှစ် စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်အောက် တစ်ရာခိုင်နှုန်းခန့် လျော့နည်းကြောင်း အိန္ဒိယစိုက် ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွ င် ထုတ်ပြန်ခဲ့သည်။
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
စားသုံးသူဦးရေ သန်း ၅၀၀ ခန့်ရှိ ဥရောပဈေးကွက်သို့ ကုန်စည်တင်ပို့လျှင် ဈေးကွက်၊ ကုန်စည်အရည်အသွေး နှင့် စံချိန်စံညွှန်းဆိုင်ရာ လိုအပ်ချက်များ မြင့်မားသော် လည်း အခြားဒေသဆိုင်ရာ ဈေးကွက်များနှင့်နှိုင်း ယှဉ် ပါက မြင့်မား သောဈေးကွက်ပေါက်ဈေး ရရှိသောကြောင့် ကမ္ဘာတစ်ဝန်းမှ ကုန်စည် ထုတ်လုပ်တင်သွင်းသူများသည် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန် စသည့်ဈေးကွက်များနည်းတူ အီးယူဈေးကွက် သို့ ယှဉ်ပြိုင် တင်ပို့လျက်ရှိကြောင်း၊ အာဆီယံ နိုင်ငံများအနက် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အခြေခံ စားသောက်ကုန်စည်နှင့် လူသုံးကုန်စည်များသည် အီးယူ ဈေးကွက်အတွင်း ထိုးဖေ
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားလိုအပ်ချက်သည် မြင့်တက်လျက်ရှိပြီးလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေး ၅နှစ် စီမံကိန်းကိုလည်းချမှတ်၍ ဆောင်ရွက်လျက်ရှိသည်။ မဟာဓာတ်အားလိုင်းမရ ရှိသည့်ကျေးလက်ဒေသများ တွင် လျှပ်စစ်မီးအတွက်ဆိုလာနှင့် လေစွမ်းအင်များ ကို အသုံးပြုမည်ဖြစ်ပြီး မဟာဓာတ် အားလိုင်းနှင့် မချိတ်ဆက်ဘဲ သီးခြား အကောင်အထည်ဖော်မည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ အတွက် ၂၀၁၆-၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံကို သုံးစွဲမည်ဖြစ်သည်။ အဆိုပါလျှပ်စစ် စီမံကိန်းများတွင် ကျေးရွာပေါင်း ၈၄၀၀ သည် ဆိုလာလျှပ်စစ်စီမံကိန်း မျာ
(၁၁) ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေးကို ဗျူနိုအေရီးစ်မြို့၌ မကြာသေးမီက ကျင်းပပြီးစီးခဲ့ပြီဖြစ်ရာ စားနပ်ရိက္ခာဖူလုံရေးနှင့် အခြားသောကိစ္စရပ်များဆိုင်ရာ အထောက်အပံ့များ စုစည်းနိုင်ရန်အတွက် လာမည့်နှစ် ဖေဖော် ဝါရီလတွငWTO အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ မှ ၄၀ ထိ ပါဝင်တက်ရောက်မည့် ဝန်ကြီးအဆင့် အစည်းအဝေးငယ်တစ်ခုကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပရန်စီစဉ်နေကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးSuresh Prabhu က ပြောကြားခဲ့သည်။ သို့သော် ယင်းအစည်းအဝေးနှင့်စပ်လျဉ်း၍ အစီအစဉ်အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
တရုတ်သည် ၂၀၃၅ ခုနှစ်တွင် နိုင်ငံတကာ ကုန်သွယ်မှု၌ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံဖြစ်ရန် မျှော် မှန်းထားပြီး ကုန်စည်နှင့် ဝန်ဆောင်မှု တွင် အရည်အသွေး မြှင့်တင်ခြင်း၊ Inbound/Outbound ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း စသည့် လက်ရှိပြုပြင် ပြောင်းလဲမှုနှင့် ကုန်သွယ်မှုပုံသဏ္ဌာန် ပြောင်း လဲ မှုများ ကို ဆက်လက်အရှိန် မြှင့်တင်မည်ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပြော ကြားပါသည်။အဆိုပါ ရည်မှန်း ချက်ပြည့်မီစေ ရန် ၂၀၂၀ ပြည့်နှစ်မတိုင်မီ တရုတ်၏အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ
ဟောင်ကောင်မြို့၊ Hong Kong Convention and Exhibition Center ၌ Business of IP Asia Forum ကို ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကို ကမ္ဘာတစ်ဝန်းမှ အသိဉာဏ်ပစ္စည်းဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များအနေဖြင့် IP ကမ္ဘာ၏ နောက်ဆုံးတိုးတက်ဖြစ်ထွန်းမှု အခြေအနေများအား ဆွေးနွေးရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခွင့်အလမ်းများအား ရှာဖွေနိုင် ရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်သည်။ အဆိုပါဖိုရမ်၏ ဆောင်ပုဒ်မှာ IP and Innovation - Propelling Change, Growth and Connectivity ဖြစ်သည်။ ယင်းဖိုရမ်
မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီး မြင့်ခြင်းနှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စများသည် နိုင်ငံ၏စီးပွားရေး ကို ထိခိုက်ကျဆင်းစေမည့်အချက်များဖြစ်ကြောင်း၊ ထို့ကြောင့်ယခု အချိန်သည် နိုင်ငံအတွက် ဒုတိယအကြိမ် မြောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ရန် အချိန်အခါကောင်း ဖြစ်ပါကြောင်း ဝေဖန်သုံးသပ်ခဲ့ခြင်းအား နေးရှင်း သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ ထို့ြ ပင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထပ်မံဆွဲဆောင်နိုင်မည့် ကဏ္ဍအလိုက်ဖြေ လျော့ပေးမှုများကို နောက်ထပ်ဆောင်ရွက်ပေးရန် လိုအပ်ကြ
ထိုင်းနိုင်ငံ Tiffy အမှတ်တံဆိပ်ဖြင့် ဆေးဝါးများထုတ် လုပ်သည့် Thai NakornPatana ကုမ္ပဏီနှင့် အဆာပြေမုန့် အမျိုးမျိုးထုတ်လုပ်သည့် Srinanaporn Marketing ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီး ယားနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့၌ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများကိုတိုးချဲ့မည်ဖြစ်ပါသည်။ SC ကုမ္ပဏီ(SC Food Product Co., Ltd.) သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စသည့် CLMV နိုင်ငံများ တွင် လုပ်ငန်းတိုးချဲ့ရန်အတွက် ဘတ်သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။ SC ကုမ္ပဏီသည် အစုစပ်လုပ်ငန်းတစ်ခု ဖြစ်ပြီး Srinanaporn Market
ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ ကြီးမှူး၍ SmartBiz Expo ပြပွဲကို ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ Hong Kong Convention and Exhibition Centre တွင် ကျင်းပခဲ့ရာ နိုင်ငံနှင့် ဒေသ ပေါင်း ၄၃ နိုင်ငံမှ ပြခန်းပေါင်း ၅၀၀ ကျော် ပါဝင်ပြသခဲ့ကြသည်။ အဆိုပါပြပွဲကို စီးပွား ရေးလုပ်ငန်းများအား သတင်းအချက်အလက်များ၊ အပြန်အလှန် ချိတ်ဆက်မှု အခွင့်အလမ်းနှင့် စိတ်အားထက်သန်မှုရှိစေရေး ထောက်ပံ့ပေးနိုင်ရန်နှ င့် အခွင့်အလမ်းသစ်များ ဖမ်းဆုပ်နိုင်ရန်ရည်ရွယ်၍ ပြသခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြပွဲတွင် ဟောင်ကောင် မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှ
ကွမ်တုန်းဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ တောင်းဆိုချက်အရ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား ယာဉ်ဖြတ်သန်းခနှုန်း ထားများအတွက် ဈေးနှုန်းအဆိုပြုလွှာနှစ်ခုအား ပို့ဆောင်ရေးဌာနက ထုတ်ပြ န်ကြေညာခဲ့သည်။ ပထမအဆိုပြုလွှာတွင် ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ်များအနေဖြင့် ခရီးစဉ်တစ်ခုလျှင် ဖြတ်သန်းခယွမ် ၁၅၀ ပေးဆောင်ရမည်ဖြစ်ပြီး၊ ဘတ်စ်ကားများနှင့် နယ်စပ်ဖြတ်ကျော် Coaches များမှာယွမ် ၄၅၀၊ ကုန်သေတ္တာယာဉ်များမှာ ၁၁၅ယွမ်နှင့် ကုန်တင်ကားများ အနေဖြင့်ယွမ် ၆၀ ပေးဆောင်ရမည်ဖြစ်သည်။ ဒုတိယအဆိုပြုလွှာ၏ အများစုမှာပထမအဆိုပြုလွှာနှင့် အတူတူပင် ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် Coac
