Main menu

Background

Monday, 4 Mar 2024

အာဆီယံဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း  The Organization for Economic Co-operation and Development-OECD)တို့၏  ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို နခသညသာငခ ှကမလနပ သ် ဲစေညေ ၂၀၂၄က   စစ်တမ်း ကောက်ယူကာ သုတေသနတစ်ခု ပြုလုပ်ခဲ့သည်။

Monday, 4 Mar 2024

ဂျပန်နိုင်ငံသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင် မှုတန်ဖိုး (GDP) အားဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ့ပဉ္စမမြောက် ပို့ကုန်အများ ဆုံးတင်ပို့သူနှင့် ကမ္ဘာ့စတုတ္ထမြောက် သွင်းကုန်အများဆုံး တင်သွင်း သူလည်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့ ၁၁ နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၂၆ ဒသမ ၁၅ သန်းရှိသည်။  ဂျပန်နိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေဧရိယာမှာ စုစုပေါင်း မြေဧရိယာ ၏ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံ့လူဦးရေအတွက် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိဘဲ အခြားသောနိုင်ငံများမှ တင်သွင်းရ

Monday, 5 Feb 2024

ဖိလစ်ပိုင်နိုင်ငံတွင်း ကြက်သွန်နီ ရိတ်သိမ်းချိန်ကာလတွင်း အထွက်နှုန်း တိုးမြင့်နိုင်ကြောင်း ခန့်မှန်းချက်အရ နောက်လာမည့် ခြောက်လတာကာလအတွင်း ကြက်သွန်နီ တင်သွင်းခြင်းကို ရပ်ဆိုင်းပေးရန် Philippines

Monday, 5 Feb 2024

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ဆန် တန်ချိန် ၈ ဒသမ ၃ သန်း တင်ပို့ခဲ့ပြီး ယနေ့အထိ အမြင့်ဆုံး ဝင်ငွေအမေရိကန်ဒေါ်လာ ၄ ဒသမ ၇၈ ဘီလီယံရရှိခဲ့ကြောင်း သိရှိရသည်။ တန်ဖိုးအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၃၈ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း အစိုးရ သတင်းဖော်ပြချက်အရ သိရှိရသည်။ ပို့ကုန်ဈေးနှုန်း တစ်တန်လျှင် ၆၆၃ ဒေါ်လာ မြင့်မား လာမှုကြောင့် တိုးတက်မှုနှုန်း  မြင့်မားလာခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ စုစုပေါင်း စပါးအထွက်နှုန်းမှာ တန်ချိန် ၄၃ ဒသမ ၅ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁ ဒသမ ၉ ရာခိုင် နှုန်း တိုးမြင့်လာကြောင်း၊ ယခုနှစ်တွင

Monday, 5 Feb 2024

အင်ဒိုနီးရှားမှ ကော်ဖီတင်သွင်းမှုအပေါ် ကောက်ခံ သည့် အထူးကာကွယ်ပေးမှုအကောက်ခွန်  စည်းကြပ်ခြင်း Special Safeguard Duties-SSG)ဆိုင်ရာမူဝါဒအား ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးက ဖိလစ်ပိုင်-အင်ဒိုနီးရှား နှစ်နိုင်ငံအစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

Monday, 5 Feb 2024

ဗီယက်နမ်သို့   နှစ်သစ်အစောပိုင်းကာလ များမှပင် အပျော်စီးသင်္ဘောအများအပြား  လာ ရောက် လည်ပတ်ခဲ့ကြပြီးဖြစ်ရာ   နိုင်ငံအတွက် အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း အရှိန်အဟုန် ဖြင့် တိုးတက်လာမည့်  အနေအထားဖြစ်ကြောင်း ဠြ နခသညသာပ အွန်လိုင်းသတင်း  ဖော်ပြချက်အရ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသKhanh Hoa ပြည်နယ်ရှိ  ညချမ်းမြို့သို့ Spectrum of the Seas ဖြင့် နိုင်ငံခြားခရီးသွား ၃၅၀ဝ ကို ခေါ်ဆောင် လာခဲ့ပြီးCelebrity Solstice jဖြင့်   ဒီဇင်ဘာလ အတွင်း လေးကြိမ်နှင့် ယခုလအတွင်း  တစ်ကြိမ် လာရောက်ခဲ့ပြီး မတူညီသောဒေသများသို့ နိုင်ငံ ခြား ခရီးသွား ၃၀ဝ၀ ကျော်   ခေါ်ဆောင်လာခဲ့ ကြောင်း ဖော်ပြထားသည်။

Monday, 15 Jan 2024

ဗီယက်နမ်သည် တရုတ်နှင့် အခြားအာရှ နိုင်ငံများနှင့်အတူ ပြီးခဲ့သော ၁၀ နှစ်တာကာလ အတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံး နိုင်ငံ ၂၀ တွင်  ပါဝင်ခဲ့ကြောင်း ေ့့သသ င်္ငညညေခန ဖော်ပြ ချက်အရ သိရှိရသည်။ဈေးကွက်သတင်းများအား     နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFမှ ဝက်ဘ် ဆိုဒ် အချက်အလက်များအပေါ်  အခြေခံထား ကြောင်း၊  ပြီးခဲ့သည့်  ၁၀ နှစ်တာကာလအတွင်း   နိုင်ငံအားလုံးအတွက် ပျမ်းမျှ ဂျီဒီပီတိုးတက်မှုနှုန်း ကို ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။

Monday, 15 Jan 2024

တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်း များသည် ၎င်းတို့၏ကုန်သွယ်ဖက် အာဆီယံနိုင်ငံ များနှင့် ကုန်သွယ်မှုအတွက်   ငွေပေးချေရာတွင် ဝမ်ငွေဖြင့်ပေးချေခွင့်  ရရှိမည်ဖြစ်ပါကြောင်းနှင့် အဆိုပါအစီအစဉ်ကို အစောဆုံးအနေဖြင့် ယခုနှစ် ၏ ဒုတိယနှစ်ဝက်မှစတင်၍  အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းများက ပြောကြားခဲ့သည်။

Monday, 15 Jan 2024

၂၀၂၃ ခုနှစ်တွင်   ရုရှားနိုင်ငံ၊ အရှေ့ဖျား ဒေသ Primorskyနှင့်Sakhalin  ခရိုင်တို့မှ ရေထွက် ကုန်များ တင်ပို့မှုပမာဏသည်   ယခင်နှစ်နှင့်နှိုင်း ယှဉ်ပါက ၇၂ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံ သို့ ရေထွက်ကုန်များ တင်ပို့မှုမှာ ၃ဆ   တိုးလာခဲ့ ကြောင်း ဏမငာသမျုပခရိုင်၊ တိရစ္ဆာန်နှင့်အပင်ပိုးမွှား ရောဂါကင်းရှင်းရေး      ကြီးကြပ်ကွပ်ကဲမှုဌာန Rosselkhoznadzor)မှ အကြီးအကဲက ပြောကြား ခဲ့သည်။

Monday, 1 Jan 2024

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ် နှစ်သစ်ကူး အားလပ်ရက် အပန်းဖြေခရီး သွားရောက်ရန် အကောင်းဆုံးနေရာ ငါးနေရာအနက် တစ်ခုဖြစ်ကြောင်း သြစတြေးလျနိုင်ငံ၏The Sydney Morning Herald နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ ဇန်နဝါရီလအတွင်း ဗီယက်နမ်တွင်အေးမြသောလေနှင့်အတူ သာယာ လှပသည့် ရာသီဥတုရှိကြောင်း၊ ဗီယက်နမ်သည် “ S ”ပုံဏ္ဌာန် ကမ်းရိုးတန်း ရှိပြီး မရေမတွက်နိုင်သော ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုခင်းများ၊ ကြွယ်ဝ သော သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများရှိသည့်  နိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ပြင် ခရီးသွားဧည့်သည်များအနေဖြင့် “Sea resort paradise” ဟု လူသိများသော ဖူးကွပ်(Phu Quoc)သို

Pages