Main menu

Background

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 10/24/2016 - 13:01 -- journal_editor

        အာရှဒေသရှိ ထွန်းသစ်စ ငွေကြေးများမှာ အောက်တိုဘာ ၂၁ ရက်တွင် တန်ဖိုးကျဆင်းခဲ့သည်။ အဆမတန် ဖြေလျော့ထားသော ငွေကြေးမူဝါဒကို ဆက်လက်ကျင့်သုံးရန် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က ဆုံးဖြတ်ချက်ချ ပြီး နောက်ပိုင်း ယူရိုတန်ဖိုးကျဆင်းကာ အမေရိကန် ဒေါ်လာ တန်ဖိုးမြင့်တက်မှု ကြောင့်လည်းကောင်း၊ ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် လည်းကောင်း ယခုကဲ့သို့ အာရှငွေကြေးများ တန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။ တရုတ် ယွမ် ငွေကြေးတန်ဖိုးက ခြောက်နှစ်အတွင်း အနိမ့်ဆုံးကျဆင်းခဲ့ပြီးနောက် ဒေသတွင်း ငွေကြေးများ အပေါ် ဖိအားပေးမှုများ ကျရောက်ခဲ့ပြီး စင်ကာပူ ဒေါ်လာတန်ဖိုးက မတ်လ နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ သည်။ အီးစီ ဘီ၏ မူဝါဒရပ်တည်ချက် ကြောင့် ထွန်းသစ်စ အာရှငွေကြေး စာချုပ်စာတမ်းများ ဈေးကွက်ကို ဆက် လက် အထောက်အကူ ပြုသွားနိုင်စရာ ရှိသော်လည်း ရင်းနှီးမြှုပ်နှံသူများက ဒီဇင်ဘာတွင် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် က အတိုးနှုန်း မြှင့်တင်ပေး မပေးကို အဓိကထား လေ့လာလျက်ရှိ သည်။

တရုတ်ယွမ်
         ရက်အလိုက်  နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်မှု ကြောင့် အောက်တိုဘာ ၂၁ရက်တွင် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာမှာ ဟောင်ကောင်ရှိ ဉ်ျ့သမန ယွမ်က တစ်ဒေါ်လာကို ၆ဒသမ ၇၆၄၆ ယွမ် နှုန်း ရှိခဲ့ရာ ၂၀၁၀ပြည့်နှစ် နောက်ပိုင်းယွမ်တန်ဖိုး အနိမ့်ဆုံးဖြစ်ခဲ့သည်။ အောက်တိုဘာ ၂၁ရက် နံနက် ၁၁နာရီမှာ ရှန်ဟဲရှိ ဥညျ့သမန ယွမ် တန်ဖိုးက သုညဒသမ ၂ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၇၅၅၆ ယွမ်နှုန်း ရှိခဲ့သည်။ ယခု နှုန်းက ခြောက်နှစ်အတွင်း ယွမ်တန်ဖိုး အနိမ့်ဆုံးရောက်ရှိသည့် နှုန်းဖြစ်ပြီး ရက်သတ္တပတ် သုံးပတ်မြောက်အဖြစ် ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ တရုတ်ဗဟိုဘဏ်က နေ့စဉ် ရည်ညွှန်း အတိုးနှုန်း ကို သုညဒသမ ၃၇ ရာခိုင်နှုန်း လျှော့ချပြီး အမေရိကန် တစ် ဒေါ်လာကို ၆ဒသမ ၇၅၅  ယွမ်နှုန်း သတ်မှတ်ခဲ့သည်။

အိန္ဒိယရူပီး
        ဘဏ်များနှင့် သွင်းကုန် လုပ်ငန်း ရှင်များ၏ ဒေါ်လာ ဝယ်လိုအား ထပ်မံ မြင့်တက်လာမှုကြောင့် ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ဖလှယ်ရေး ဈေးကွက်တွင် အောက်တိုဘာ ၂၀ရက်က အမေရိ ကန်ဒေါ်လာနှင့် ရူပီး ဖလှယ်ရာ တွင် ရူပီး တန်ဖိုးက သုညဒသမ ၁၃ ရူပီးနှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၆၆ ဒသမ ၈၁ ရူပီးနှုန်း ရှိခဲ့သည်။ပင်လယ်ရပ်ခြားဒေသတွင် အချို့ ငွေကြေးများနှင့် ဖလှယ်ရာ၌ ဒေါ်လာ တန်ဖိုး မြင့်တက်မှုနှင့် ပြည်တွင်း စတော့ ရှယ်ယာများ ကျဆင်းမှုကြောင့်ရူပီး တန်ဖိုး ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ ကြောင်း ငွေကြေး ဝယ်ရောင်းသမားများ က ပြောသည်။

ဂျပန်ယန်း
        ဒေါ်လာအညွှန်းကိန်း အမှတ်က ၉၈ဒသမ ၅၆၄အထိ ရောက်ရှိပြီး မတ် လ နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိ သဖြင့် ယူရိုငွေကြေး တန်ဖိုးက သုည ဒသမ ၄ရာခိုင်နှုန်း ကျဆင်းကာ တစ် ယူရိုကို အမေရိကန်ဒေါ်လာ ၁ ဒ သမ ၀၈၉၀နှုန်း ရှိခဲ့သည်။ ဒေါ်လာတန်ဖိုးကို ရက်အလိုက် နှိုင်းယှဉ်ပါက သုညဒသမ ၅ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် အပြောင်းအလဲ အနည်းငယ်သာ ရှိပြီး အမေရိကန် တစ် ဒေါ်လာကို ၁၀၃ဒသမ ၈၄ယန်းနှုန်း ရှိခဲ့သည်။

မလေးရှားရင်းဂစ်
         အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ငွေကြေး ဖလှယ်နှုန်းမှာ အောက်တိုဘာ ၂၀ရက်က တစ်ဒေါ်လာကို ၄ဒသမ ၁၈၁၀ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ နောက် တစ်နေ့ နံနက် ၉နာရီ ၃၀မိနစ်မှာ တစ် ဒေါ်လာကို ၄ဒသမ ၁၈၄၀ ရင်းဂ စ်နှုန်း အထိ ကျဆင်းခဲ့သည်။ သို့သော်လည်း အခြားငွေကြေး များနှင့် ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုး မာလာသည်ကို တွေ့ရသည်။

ကိုရီးယားဝမ်
         ဆမ်ဆောင်း အီလက်ထရွန်းနစ် ၏ ရှယ်ယာတန်ဖိုး ၂ရာခိုင်နှုန်းနီးပါး ကျဆင်းခြင်းနှင့် အီးစီဘီက အတိုးနှုန်း လျှော့ချမှုတို့ကြောင့် အောက်တိုဘာ ၂၁ ရက်မှာ တောင်ကိုရီးယား ရှယ်ယာ တန်ဖိုးများ ကျဆင်းခဲ့သည်။ ေ တာင် ကိုရီးယားဝမ် တန်ဖိုးမှာလည်း ယခင်နေ့ ကနှင့် နှိုင်းယှဉ်ပါက ၇ဒသမ ၄၅၀မ် နှုန်း ကျဆင်းပြီး အောက်တိုဘာ ၂၁ ရက်က အမေရိကန်ဒေါ်လာနှင့် ဖလှယ် ရာတွင် ၁၁၃၄ ဒသမ ၉၅ ဝမ်နှုန်း ထိ ရောက်ရှိခဲ့သည်။

ထိုင်းဘတ်
         ယခင်ရက်သတ္တပတ်က ထိုင်း ဘုရင် ဘူမိဘောအဒူလျာဒက် ကွယ် လွန်ပြီးနောက် ဘတ်ငွေတန်ဖိုး ကျဆင်း ခဲ့ရာ အမေရိကန် တစ်ဒေါ်လာကို ၃၆ ဘတ် နှုန်းနီးပါးဖြင့် ရှစ်လအတွင်း အနိမ့် ဆုံးသို့ ရောက်ရှိခဲ့ပြီးမှ အမေရိ ကန် တစ်ဒေါ်လာကို ၃၅ဘတ်ရှိခဲ့သဖြင့် ဘတ်ငွေတန်ဖိုး ပြန်လည် ဦးမော့လာ ခဲ့သည်။

 

ဉာဏ်တင်