Main menu

Background

Monday, 11 May 2026

ကမ္ဘာပေါ်တွင် လောင်စာဆီကို ရေနံမှထုတ်လုပ်သည်ဟု ကျွန်တော်တို့နားလည်ထားကြသည်။ သို့ရာတွင် ရေနံသည် တွင်းထွက် ပစ္စည်းတစ်ခုဖြစ်ပြီး အကန့်အသတ်များရှိနေခြင်းနှင့်  ရေနံထုတ်လုပ်ရောင်းချသော နိုင်ငံများက ရေနံကိုလက်နက်သဖွယ်သုံးစွဲတတ် ခြင်း၊ ရေနံဈေးမှာ ယခုနှစ်တွင် တက်ရိပ်ဖြစ်လာခြင်း၊ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ်တိုက်ခိုက်မှုများကြောင့်် ကမ္ဘာ့ရေနံဈေးသည် တစ်စစ မြင့်တက်လာခြင်းတို့ကြောင့် ဇီဝလောင်စာဆီကဏ္ဍသည်လည်း လိုက်ပါမြင့်တက်လာမည်ဟု ယူဆရသည်။ 

Thursday, 9 Apr 2026

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိတာချီလိတ် မြို့သည်  ကုန်သွယ်မှုကဏ္ဍ   ဖွံ့ဖြိုးတက်တက်သည့် ဒေသတစ်ခုဖြစ်သည်။ နယ်စပ်ကုန်သွယ်မှုကြောင့် နယ်မြေဒေသ  ဖွံ့ဖြိုးတိုးတက်သည်သာမက နိုင်ငံ့ စီးပွား တိုးတက် ကောင်းမွန်ရေးအတွက်လည်း များစွာ အထောက်အကူပြုလျက် ရှိနေသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မူဝါဒများနှင့် အညီ မျှော်မှန်းချက်၊  ရည်မှန်းချက်များ ချမှတ်ကာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ  စီမံဆောင်ရွက်လျက်ရှိနေသည်ကို မြင် တွေ့ရမည်ဖြစ်သည်။ 

Wednesday, 4 Mar 2026

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို  ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရင်ပြင်၌ ကျင်းပ ခဲ့သည်။ 

Tuesday, 3 Feb 2026

ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ မြန်မာလူမျိုးတို့တွင် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုရှိ၍ ကမ္ဘာ ပေါ်တွင်  မြန်မာဟူ၍ ယနေ့တိုင်  ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်နှင့်  မျက်မှောက်ခေတ်ဟူ၍  မြန်မာ့သမိုင်းကြောင်း ရှည်ကြာလာခဲ့သည်နှင့်အမျှ မြန်မာ့ယွန်းထည်၊ မြန်မာ့ယဉ်ကျေး မှုသည်လည်း အခြေခိုင်ခိုင်ဖြင့် နှစ်ပေါင်းရာထောင်မက ရပ်တည် နိုင်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေပြု သော ယဉ်ကျေးမှုဟုဆိုနိုင်သည်။ ထို့ကြောင့်လည်း မြန်မာ့ယဉ်ကျေးမှု တွင် ဘာသာရေးဆိုင်ရာ အတွေးအခေါ်များ၊ အယူ

Saturday, 10 Jan 2026

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀ဝ ကျော် ခန့် သွေးစည်းနေထိုင်ကြပြီး ယဉ်ကျေးမှု အဆင့်အတန်းများစွာ မြင့်မားခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုများတွင် ဝတ်စားဆင် ယင်မှု၊ အထည်ရက်လုပ်မှု၊ စာပေ၊ အနုပညာ၊ အဆင်တန်ဆာ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့၊ တူရိယာ၊ နေ ထိုင်မှု  အဆောက်အအုံ စသည်ဖြင့်များစွာရှိပြီး ၎င်းကဏ္ဍများ အားလုံးသည် တိုင်းရင်းသားမျိုးနွယ်စုတို့ အတွက်အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည်။

Thursday, 4 Dec 2025

ယခုအခါ မြန်မာနိုင်ငံ၏ ရိုးရာပွဲတော်များနှင့် အခမ်း အနားများတွင် သစ်ခွပန်းများ၏ အလှတရားသည်မပါမဖြစ် သည့်အရာတစ်ခု ဖြစ်လာသည်။ သစ်ခွပန်းများသည် စီးပွား ဖြစ်စိုက်ပျိုးသည့် စိုက်ပျိုးရေးကဏ္ဍတစ်ခုအဖြစ် ရပ်တည် လျက်ရှိပြီး ပွဲလမ်းသဘင်၊ အလှူဒါန၊ ဘွဲ့နှင်းသဘင် အခမ်း အနားများ၊ မင်္ဂလာအခမ်းအနားများနှင့် ဘာသာရေးဆိုင်ရာ ပွဲများ၊ အိမ်၊ ရုံး အဆောက်အအုံများတွင် အလှဆင်ခြင်းတို့ အတွက်  အသုံးပြုမှု ပိုမိုများပြားလာသောကြောင့် အထူးဈေး ကွက်ကောင်း ရရှိလာသည်။

Monday, 1 Dec 2025

ပီလောပီနံမှာ မြန်မာအမည်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Cassava (tapioca) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာmanihot Esulenta ဖြစ်သည်။ ၎င်း၏ မျိုးရင်းအမည်မှာမူ Euphorbiaceae  ဖြစ်ကြောင်း လေ့လာသိရှိ ရသည်။
ပီလောပီနံပင်ကို တချို့ဒေသများတွင် ကလောပင်ဟုလည်း ခေါ်ကြသည်။ ပီလောပီနံပင်သည် နှစ်ရှည်ခံ ချုံပုတ်ပင် အမျိုးအစား ဖြစ်ကာ ၎င်းတွင်Hydrocyanic acid  ပါဝင်နေခြင်းကြောင့် ရှေးယခင် ကာလများက  အဆိပ်ရှိသော  သီးနှံအဖြစ်  သတ်မှတ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းကာလများတွင် တဖြည်းဖြည်းဖြင့် စားသုံးမှု  အများဆုံးသီးနှံများထဲတွင် ပါဝင်လာခဲ့သည်ကို တွေ့ရ သည်။ 

Monday, 7 Jul 2025

ကဏန်းများသည် ပင်လယ်သမုဒ္ဒရာရေပြင် ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင်  နေထိုင်လေ့ရှိ ကြသည်။ ကမ္ဘာအနှံ့အပြားတွင် ကဏန်းမျိုးစိတ်ပေါင်း ၆၇၀ဝ ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း ၉၃ စု ခန့်ရှိသည်။  မြန်မာနိုင်ငံတွင် တွေ့ရှိရသော ကဏန်း များမှာ ရွှံ့ကဏန်း/ကဏန်းမည်းMud crab)၊ သဲ ကဏန်းSand crab)၊ ကဏန်းချေးပုန်း Mangrove crab))၊ ကဏန်းပြာ Blue swimming crab၊ ကဏန်း ဘုန်းကြီး/ကဏန်းနီ Spanner crab)  တို့ဖြစ်ကြပြီး အခြားကဏန်းမျိုးစိတ်ငယ်များမှာ ခြေနီကဏန်း၊ ကဏန်းဖြူ၊ အုန်းကဏန်း၊ ဝသုံးလုံးကဏန်း၊ မျောက် ကဏန်း၊ ကဏန်းယပ်တောင်၊ တယောထိုးကဏန်း တို့ဖြစ်သည်။ ကဏန်းမျိုးစိတ်များတွင် ကဏန်းပျေ

Monday, 2 Jun 2025

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားကျောင်း ရေနက်ကွင်းအနီးတွင် ငါးမွေးမြူ ခြင်း၊  စပါးစိုက်ပျိုးခြင်းတို့ကို နိုင်ငံတော် ခွင့်ပြု ချက်များရယူ၍ ၁၉၉၈ ခုနှစ်ကတည်းက စတင် လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

Monday, 5 May 2025

မြန်မာနိုင်ငံတွင်MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဆန်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်၊ သစ်၊ ဝါးများမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်၊ တွင်းထွက်များမှတစ်ဆင့် တန်ဖိုး မြှင့် ထုတ်ကုန်၊ ဝါဂွမ်းမှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်၊ ချည်ထည် များ ထုတ်လုပ်ခြင်းနှင့် မြေကြီးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်၍ရောင်းချကြသည်။

Pages