ပြည်ပဈေးကွက်ဝင်ဧရာဝတီမှရွှေဖြူဈေးကွက်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဧရာဝတီတိုင်းဒေသကြီးသည် သီးနှံအမယ်ပေါင်းများစွာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရေခံ၊ မြေခံကောင်းမွန်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်၊၊ စိုက်ပျိုးရေးထွက်ကုန်များမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဝင်ငွေရှာဖွေပေးနေသလို   စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်စိုက်ဧက ၃၇၂၁၂၇၆ဧက၊ ပဲမျိုးစုံ စိုက်ဧက ၁၆၁၂၅၁၂ ဧက၊ သီဟိုဠ်စိုက်ဧက ၆၅၉၃၃နှင့်  နှစ်ရှည် (စက်မှုကုန် ကြမ်းသီးနှံ) ရော်ဘာ ၃၆၂၇၅ ဧကကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်၊၊

ရွှေဘိုပေါ်ဆန်း စပါး၊ ဆန်ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် အောက်တိုဘာလ စတုတ္ထပတ်၌ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၆၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၃၀၀၀၀ ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဒေသတွင်းသာမက ပိုလျှံသောဆန်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးနှုန်းဈေးကွက်

မော်လမြိုင်မြို့၌ အောက်တိုဘာလ စတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။    
ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ကြံ့အသစ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၀၅၀၀၊ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၂၁၅၀၀၊ ကြံ့တစ်ကောင် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် နိုင်ငံတော်၏ မူဝါဒနှင့်အညီ စနစ်တကျဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် နိုင်ငံတော်၏မူဝါဒနှင့်အညီ စနစ်တကျဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်၍ အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၇၄၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ကန့်ဘလူတွင် ပြည်ပပို့ကုန် မတ်ပဲဈေးနှုန်း ပြန်လည်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံစသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိ

ကျိုက်ထိုမြို့နယ်အတွင်းရှိဈေးများတွင် နေ့စဉ်ရောင်းဝယ်လျက်ရှိသည့် ကြက်သွန်နီဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရသည်။
ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေ၊ ရပ်ဝေးဒေသများမှ ကုန်စည်သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် ကုန်ကျစရိတ်များ ပြောင်းလဲလာမှုတို့ကြောင့် ဈေးကွက်အတွင်းရောင်းချသည့်ဈေးနှုန်းများ လိုက်ပါပြောင်းလဲလာခြင်းဖြစ် ကြောင်းသိရသည်။

ကရင်ပြည်နယ်အတွင်းရှိ မြေပဲနှင့် တန်ဖိုးမြင့်ထုတ်ကုန် ဈေးနှုန်းဈေးကွက်

ကရင်ပြည်နယ်တွင် မြေပဲကို ဘားအံ၊ လှိုင်ဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်  အဓိကထားစိုက်ပျိုးကြပြီး ထွက်ရှိလာသည့်မြေပဲများကို အစိမ်းအတိုင်းရောင်းချခြင်းအပြင် ဒေသတွင်း တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လျက်ရှိသည်။ 

မြင်းခြံကုန်စည်ဒိုင်အတွင်းမှ ကုလားပဲဈေးနှုန်း၊ ဈေးကွက်

မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်၍ ပြည်တွင်း၊ ပြည်ပစားသုံးမှုများသည့် ကုလားပဲသီးနှံကို ၂၀၂၆  ခုနှစ်တွင် မြင်းခြံခရိုင် အနေဖြင့် ၂၉၅၁၁ ဧကစိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်အနေဖြင့် ၁၀-၁၁ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  မြင်းခြံမြို့ နယ်တွင် စိုက်ဧက ၁၀၅၆၈ ဧက၊ တောင်သာမြို့နယ်တွင် ၇၁၄၁ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၁၁၈၀၂ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ 

မြစ်သားမြို့နယ်တွင် မိုးကြက်သွန်များစိုက်ပျိုးပြီးစီးမှုနှင့် ဈေးကွက်အလားလာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့ နယ်တွင် မိုးကြက်သွန်နီစိုက်ပျိုးမှု စုစုပေါင်း ဧက ၃၅၇၀ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရှိရသည်။ 
မြစ်သားမြို့နယ်သည် ခရိုင်အတွင်း မိုးကြက်သွန်ကို အများဆုံးစိုက်ပျိုးသည့်မြို့နယ်ဖြစ်ပြီး အဓိကစိုက်ပျိုးသောမျိုးများမှာ ရေရှည်အထားခံပြီး ပို့ကုန်အတွက်အကောင်းဆုံးဖြစ်သည့် ရွှေဖလား (မြစ်သားမျိုး)စစ်စစ်ကို အဓိကထား စိုက်ပျိုးကြသည်။