Main menu

Background

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အထည်ချုပ်လုပ်ငန်းငါးခုအပါအဝင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၁၁ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု

Tue, 08/18/2015 - 16:50 -- journal_editor

     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အထည်ချုပ်လုပ်ငန်း ငါးခုအပါအဝင် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ၁၁ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင် ခွင့်ပြုရန် တင်ပြလာသည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြလာသည့် လုပ်ငန်းနှင့်ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာန များမှ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်အပေါ် အခြေခံ၍လုပ်ငန်းလုပ် ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
     ယခုလုပ်ကိုင်ခွင့်ပြုလိုက်သည့် လုပ်ငန်း ၁၁ ခုတွင် လက်ခစားစနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းခြောက်ခုပါဝင်ပြီး  နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းခုနစ်ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းနှစ်ခုနှင့် ဖက်စပ် ရ င်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည် လက်ရှိလုပ်ကိုင်ခွင့်ပြုလိုက်သည့် လုပ်ငန်းများအနက် အထည်ချုပ်လုပ်ငန်းငါးခု၊ ပလတ်စတစ်ထုတ်လုပ်သည့်လုပ်ငန်းနှစ်ခု၊ သစ်နှင့် သစ်ခွဲသားအမျိုး မျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းတစ်ခု၊ မှန်နှင့် အလူမီနီယံပရိဘောဂထုတ်လုပ်သည့်လုပ်ငန်းတစ်ခု၊ အချက်အလက်ဌာန (Data Center) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုနှင့် သတ္တုတူးဖော်ထုတ် လုပ်ရောင်း ဝယ်ရေး လုပ်ငန်းတစ်ခုတို့ပါဝင်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ ယခုဘဏ္ဍာနှစ်အစ ဧပြီမှ ဇွန်လအထိ သုံးလတာကာလအတွင်း အမေရိကန်ဒေါ် လာ ၁၂ ဘီလီယံရှိပြီး ရေနံနှ င့်သဘာ၀ ဓာတ်ငွေ့၊ စွမ်းအင်ကဏ္ဍနှင့်အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း သိရသည်။

 

မယ်သီတာ