Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ထပ်မံခွင့်ပြုရန် စီစဉ်

Thu, 09/26/2019 - 12:50 -- journal_editor

     ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးရန် စိစစ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ ဒုတိယညွှန်ြ ကားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောသည်။ စက်တင်ဘာ ၁၇ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ "အခုထိ ဝင်ရောက်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထဲ မှာ စင်ကာပူကတော့  ထိပ်ဆုံးပေ့ါ။ ဒီဘဏ္ဍာနှစ်အနေနဲ့  အခုလက်ထဲမှာ ခွင့်ပြုဖို့၊ အတည်ပြုဖို့ရှိတာ  အားလုံးပေါင်းမယ် ဆိုရင် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံရရှိမှာဖြစ်တယ်။ အများ ဆုံးကတော့ စက်မှု လုပ်ငန်းများဖြစ်ပါတယ်"ဟု  ဒေါ်တင်အေး ဟန်က ပြောသည်။
     ယင်းသို့ ထပ်မံ ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှာ  အခြေခံအဆောက်အအုံလုပ်ငန်း များ၊ စက်မှုလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိ ဘဏ္ဍာနှစ်အတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ဝင်ရောက် ထားပြီးဖြစ်သည်ဟု ဆိုသည်။  ဘဏ္ဍာနှစ်ကုန်ခါနီးအချိန်တွင် ထပ်မံဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တစ် ဘီလီယံကျော်ေ ကြာင့် ယခုဘဏ္ဍာနှစ်အတွင်း   စုစုပေါင်း ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံခန့်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သို့သော် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ လျာထားချက် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံနှင့် နှိုင်းယှဉ် လျှင် ဒေါ်လာ တစ်ဘီလီယံကျော် လိုအပ်နေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
    "လျာထားချက် မပြည့်တာက အကြောင်းအမျိုးမျိုးရှိ တယ်။ တိုက်ပွဲတွေကြောင့်လည်းပါတယ်။ စီးပွားရေးလုပ်တဲ့သူက အေးအေးချမ်းချမ်းနဲ့ အမြတ်ရမှ  လုပ်ချင်တာ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ နိုင်ငံခြား ရင်းနှီး မှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံမှ  အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၇၇ ဘီလီယံကျော်ဖြင့် အများဆုံး ဝင်ရောက်ထားပြီး တရုတ်နိုင်ငံ မှ ဒေါ်လာ ၃၆ ဒသမ ၉ ဘီလီယံနှင့် ဟောင်ကောင်မှ ၁၂ ဒသမ ၁၉ ဘီလီယံ အသီးသီး ဝင်ေ ရာက်ထားကြောင်း သိရ သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ လယ်ယာကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပြည်တွင်း၊ ပြည်ပ လုပ်သားကိုးသောင်းကျော်တို့ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း DICA စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုအေ နဖြင့် လုပ်ငန်းပေါင်း ၁၆၅ ခုမှ တိုးမြှင့်ရင်းနှီး မြှုပ်နှံမှုများ အပါအဝင် ဒေါ်လာ ၄၆၉ သန်းနှင့် ကျပ်ငွေ ၁၆၇၇ ဒသမ ၃၄ ဘီလီယံဝင်ရောက်ထားကြောင်း သိရသည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးရာတွင် လုပ် ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊  အလုပ်အကိုင်သစ် များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့်  အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်အခြေအနေ၊  ပြည်တွင်း စားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှုအစီအမံများ၊ တာဝန် ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက် များကို  အခြေခံပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။ 

 

ပန်းဆု