Main menu

Background

ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 09/26/2019 - 13:05 -- journal_editor

     ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်း အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာ ၁၄ ရက် မွန်းလွဲ၂  နာရီတွင်  ရန်ကုန်မြို့ အလုံမြို့နယ် ဆင်မင်းရပ်ကွက် ကမ်းနားလမ်း ရွှေဇမ္ဗူရေးဗားဗျူး အိမ်ရာ ပထမထပ်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူး လုပ်ငန်းအဖွဲ့က အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံအား Quota စနစ် ဖြင့်သာ တင်သွင်းခွင့်ပြုသည့်အတွက် ပြည်တွင်းဈေးနှုန်းများ ရသင့် ရထိုက်သည့် ဈေးထက်များစွာ လျော့နည်းနေသည့်အပေါ် လာမည့် အောက်တိုဘာလ တွင် စိုက်ပျိုးချိန်ကျရောက်မည့် မတ်ပဲစိုက်ပျိုးထုတ် လုပ်မှုကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်သူများကို အကြံပြုမည့် အချက်များ ဖော်ထုတ်ခြင်း၊ ၂၀၂၀ ပြည့်နှစ်  တစ်နှစ်လုံးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် အစီအမံများ ချမှတ်ခြင်းတို့နှင့် ပတ်သက်၍  ဆွေးနွေးညှိနှိုင်းခဲ့ပြီး အစည်းအဝေးကို  ညနေ ၆ နာရီ တွင် ရုပ်သိမ်းခဲ့သည်။
     အစည်းအဝေးသို့ ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်များနှင့် ပဲစိုက် တောင်သူများ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ကြသည်။

 

MOC  (TIR)