Main menu

Background

ပြည်ပမှတင်သွင်းမည့် အသားစားကြက်ပေါက်များကို ဈေးနှုန်းအပေါ် အခြေခံ၍ တင်သွင်းခွင့် ပြုမည်

Thu, 09/26/2019 - 13:11 -- journal_editor

     ပြည်ပမှတင်သွင်းမည့် အသား စားကြက်ပေါက်များကို ဈေးနှုန်းအပေါ် အခြေခံ၍ တင်သွင်းနိုင်ရန်အတွက် သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပ သည့် အသားစားကြက် မွေးမြူရေးဆိုင် ရာဆွေးနွေးပွဲတွင် ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် လတ်တလောဖြစ်ပေါ်နေသည့် အသားစား ကြက်အရှင်ဈေးနှုန်း ကျဆင်းမှုများ၊ အသားစားကြက်ပေါက်ဈေးနှုန်း ကြီး မြင့်နေမှုများနှင့် ကြက်သားဈေးကွက် ဆိုင်ရာအတွက် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီး အသားစားကြက်ပေါက် တင်သွင်းမှုအတွက်ကိုလည်း အရေအတွက်အပေါ် အခြေမခံဘဲ ဈေးနှုန်းပေါ် အခြေခံ၍ တင်သွင်းနိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    "ကြက်ပေါက်ဈေးက မြင့်နေတဲ့ အတွက် ကြက်သားဈေးက ထုတ်လုပ်မှု စရိတ်အောက် လျော့နေတယ်။ အဲဒီအတွက် ကြက်သားဈေးမတက်ရင်တောင် ကြက်ပေါက်ဈေး လျော့ပေါ့လိုတယ်"ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ် ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် အသားစားကြက်အရှင် ဈေးနှုန်းမှာ ထုတ်လုပ်မှုစရိတ်အောက် အလွန်အကျွံ  ကျဆင်းပါက ဈေးနှုန်းတစ်ခု သတ်မှတ်ရောင်းချရန်၊ ကြက်သားပေါက်ဈေးနှုန်း လျော့ကျနို င်ရန်တို့ အတွက် ပြည်တွင်း ကြက်သားပေါက် ထုတ်လုပ်သည့် ကုမ္ပဏီများကို မေတ္တာရပ်ခံပေးရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။ လက်ရှိတွင် ကြက်သားများဈေး နှုန်းကြီးမြင့်ခြင်း  မဖြစ်စေရန် အသားစား ကြက်ေ ပါက်ဈေးနှုန်း ကျပ် ၇၀၀ ထက် ကျော်လာပါက အကန့်အသတ် မပြုဘဲ တင်သွင်းခွင့်ပြုရန်နှင့်  ကြက်အရှင် ဈေးနှုန်းဖွင့်ရာတွင်  အမှန်တကယ် ရောင်းဝယ်နေသည့်  ကြက် အရှင်ဈေးနှုန်းများဖြစ်စေရန် Myanmar Livestock Federation- Mandalay ဖွင့်၍  ဆောင်ရွက်ရန်တို့အတွက် ဆုံး ဖြတ်ခဲ့ကြကြောင်း သိရသည်။

 

ချောစု