Main menu

Background

ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် ငါးမျိုးသစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေ

Tue, 10/01/2019 - 14:13 -- journal_editor

     ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ငါးမျိုး သစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေးအတွက် သုတေသနပြုမှုများ အရှိန်မြှင့်ဆောင် ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် သုတေ သန လုပ်ငန်းများအတွက် ရေချိုငါးများ သားဖောက် ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဒေသတွင်း ငါး၊ ပုစွန်ကျန်းမာမှုအတွက် အထောက်အကူ ပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန်ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။
   "သုတေသန လုပ်ငန်းတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်။ တွေ့ရှိချက်တွေကနေ ငါးလုပ်ငန်းကဏ္ဍ မှာ လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်မယ်။ ဒေသငါးမျိုး တွေ မျိုးသုဉ်းတာကနေ ကာကွယ်နိုင် အောင် မျိုးပွားတာ ဖြန့်ဖြူးတာတွေ ဆောင်ရွက်နေတယ်"ဟု ဦးခင်မောင် မော်က ပြောသည်။ ယင်းအပြင် ငါးလုပ်ငန်းဦးစီး ဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းစခန်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ ပညာပေးရေး ဗဟိုဌာနမှ ငါးဆိုင်ရာ သုတေသနလုပ်ငန်း များကိုလည်း တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း ဦးခင်မောင်မော်က ပြောသည်။ နိုင်ငံအတွင်းရှိ မျိုးရင်းငါးများ တစ်နေ့တခြား ပျောက်ကွယ်စပြုလာသည့်အပေါ် ပြည် တွင်းလုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ပြန်လည်သုံးသပ်သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
      အဆိုပါ ဒေသမျိုးရင်း ငါးများ သည် ပြည်တွင်း၌ ဈေးရရှိသည့် ငါးများ ဖြစ်ခြင်းကြောင့် တိုးချဲ့မွေးမြူ လာနိုင်ပါ က ကောင်းမွန်သည့် ဈေးကွက်တစ်ခု ဖြစ်လာနိုင်ကြောင်း ဒေါက်တာတိုးနန္ဒာ တင်က သုံးသပ်သည်။ သို့ဖြစ်၍ ပြည်တွင်း ဈေးကွက်ရှိ သည့် တိုင်းရင်းဒေသ မျိုးငါးများကို ထပ်မံတိုးချဲ့ မွေးမြူရန် လိုအပ်လာပြီ ဖြစ်ကြောင်း ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ "ငါးမွေးတောင်သူတွေ မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ ကိုယ် မွေး တဲ့ငါးက အရွေးမမှားဖို့ လိုတယ်။ ဈေးကွက်ရှိတဲ့ တိုင်းရင်းမျိုး ငါးတွေကိုလည်း  မွေးမြူစေချင်တယ်"ဟု ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။ အဓိကအားဖြင့် ငါးမွေးမြူထုတ် လုပ်ရေး လျော့ကျမှုမရှိစေရန်နှင့် ယင်း လုပ်ငန်း များကို သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ထိခိုက်မှုမရှိစေသည့် နည်း လမ်းများ အသုံးပြု၍ မွေးမြူနိုင်ရန် စသည့် နည်းပညာများကို ပေးဝေလျက် ရှိကြောင်း ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် လက်ရှိတွင် ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ငါးအမျိုးအစား နှင့် အရွယ်အစားအလိုက် သင့်တင့် သော ဈေးနှုန်းများဖြင့် ရောင်းချပေးနေ ပြီး စခန်းတွင် တိုက်ရိုက်လာရောက်ဝယ် ယူနိုင်သကဲ့သို့ မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနများနှင့်လည်း ချိတ်ဆက်ဝယ်ယူနိုင် ကြောင်း သိရသည်။

 

ပန်းဆု