Main menu

Background

လစဉ် ကျပ်တစ်သိန်းငါးသောင်းကျော်ပေးသွင်းရုံဖြင့် ကိုယ်ပိုင်အိမ်ဆောက်လုပ်နိုင်မည့် ဝန်ဆောင်မှု မိတ်ဆက်

Tue, 10/01/2019 - 14:19 -- journal_editor

    အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ် ဆိုက် iMyanmarHouse.com နှင့် Myanmar  Art Construction & Development Co.,Ltd. တို့ ပူးပေါင်း၍ လစဉ် ကျပ်တစ်သိန်းငါးသောင်းကျော်  ပေးသွင်းရုံဖြင့် ကိုယ်ပိုင်အိမ် ဆောက် လုပ်နိုင်မည့် ဝန်ဆောင်မှုစာနယ်ဇင်း မိတ်ဆက်ခြင်း အခမ်းအနားကို  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ iMyanmarHouse.com ရုံးတွင် ပြုလုပ်ခဲ့သည်။ "နံပါတ်တစ်က ဈေးကွက်ထဲမှာ တကယ်လိုအပ်တဲ့ အချက်ကို ဖြည့်ဆည်း ပေးတာဖြစ်ပါတယ်။ နံပါတ်နှစ်အချက်ကတော့ ဒီဝန်ဆောင်မှုကို တစ်နေရာ တည်းမှာ တစ်စုတစ်စည်းတည်း ရရှိနိုင်အောင်ပါ။ ကျွန်တော်တို့ကို ဆက်သွယ်လိုက်တာနဲ့ ဘယ်စာရွက်စာတမ်းတွေ လိုတယ် ဆိုတာ အလွယ်တကူ သိရှိနိုင် မယ်၊ ဒီဇိုင်းကအစ ဆွဲထားပေးထားလို့ အလွယ်တကူ ကောက်ယူသုံးစွဲလို့ရမယ်၊ ဒါမှမဟုတ်လည်း ကိုယ့်စိတ်ကြိုက် ဒီဇိုင်းရှိရင် ဆောက်ပေးမယ့်ကုမ္ပဏီလည်း ရှိတယ်။ ဘဏ်ကို စာရွက်စာတမ်း တင်တာကအစ ဒီမှာတစ်ခါတည်း တင် လို့ရအောင် လုပ်ဆောင်ထားတာ ဖြစ် ပါတယ်" ဟု iMyanmarHouse.com ၏ မန်နေဂျင်း ဒါရိုက်တာဦးနေမင်းသူက ပြောသည်။
      ယခု မိတ်ဆက်လိုက်သောစနစ် ဖြင့် အိမ်တည်ဆောက်လိုပါက မြေပိုင်ဆိုင်မှု (ဂရန်မြေ သို့မဟုတ် ဘိုးဘွားပိုင်မြေ)၊ ဝင်ငွေရလမ်း၊ နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့ကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။ "အ ခုလောလောဆယ် KBZ ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ ဝင်ငွေရလမ်းပေါ်မူတည်ပြီး ချေးငွေသက်တမ်းကို ဘဏ်က သတ်မှတ်ပေးမှာပါ။ သုံးနှစ်ကနေ ၂၅ နှစ် အထိ သတ်မှတ်ပေးထားပါတယ်။ ဝင် ငွေရလမ်းကို လည်း ပေါ့ပေါ့ပါးပါးဖြစ် အောင် ဘဏ်က သတ်မှတ်ပေးတာပါ။ စာရွက်စာတမ်း ပြည့်စုံပြီဆို လျှောက်ထားချိန် ရက်သတ္တနှစ်ပတ်ကနေ လေးပတ်ထိ ကြာမြင့်နိုင်ပါတယ်" ဟု Myanmar Art Construction & Development Co., Ltd. ၏ မန်နေဂျင်း ဒါရိုက်တာဦးကျော်စွာဟိန်းက ဆိုသည်။ စီးပွားရေးလုပ်ငန်း တိုးချဲ့လိုသော လုပ်ငန်းရှင်များအတွက်လည်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ အဆောင်၊ ကွန်ဒို၊ စာသင်ကျောင်း၊ စားသောက် ဆိုင်၊  ဓာတ် ဆီဆိုင်၊  ဆေးရုံ၊  ဂိုဒေါင် စသည့် မည်သည့်အဆောက်အအုံကို မဆို ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။

 

သန်းထိုက်အောင်