Main menu

Background

ဈေးငြိမ်ပြီး အရောင်းအဝယ်နည်းပါးခဲ့သည့် ပြည်တွင်းငွေလဲဈေးကွက်

Tue, 11/05/2019 - 12:36 -- journal_editor

    ပြည်တွင်းငွေလဲဈေးကွက်သည် ယခုရက်သတ္တပတ်အတွင်း ဈေးငြိမ်နေခဲ့ သလို အရောင်းအဝယ်နည်းပါးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က  ရည်ညွှန်းငွေလဲနှုန်းကိုယခင်ရက်သတ္တပတ်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၃ကျပ်သတ်မှတ်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၁ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ပြည်တွင်းဈေးကွက်အတွင်း  အမေရိကန်ဒေါ်လာကို  ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခဲ့သောကြောင့် အရောင်းအဝယ်နည်းခဲ့ကြောင်း၊ ယခုရက်ပိုင်း အတွင်း ပြည်တွင်းစီးပွားရေးလောက၌  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရေးငွေလဲနှုန်းတည်ငြိမ်ရန် လိုအပ်ကြောင်း၊   ထို့မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊   နိုင်ငံ တကာဈေးကွက် တွင်လည်း ကမ္ဘာ့စီးပွားရေးနှေးကွေးမှုနှင့်ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့်   စိုးရိမ်မှု များရှိနေရာ စီးပွားရေးနှေးကွေးနေကြောင်း   ပြည်တွင်းငွေကြေးအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။ ပြည်တွင်းငွေလဲနှုန်းဈေး ကွက်တွင် အောက်တိုဘာ ၂၁ရက်က အမေရိကန် တစ်ဒေါ်လာရောင်းဈေး၁၅၃၂ကျပ်၊  ဝယ်ဈေး ၁၅၂၈ကျပ်မှ အောက်တိုဘာ ၂၃ ရက်တွင်အမေရိကန်တစ်ဒေါ်လာရောင်းဈေး ၁၅၃၃ကျပ်၊ဝယ်ဈေး၁၅၂၉ကျပ်သို့ ရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင်  အမေရိကန်တစ်ဒေါ်လာရောင်း ဈေး၁၅၃၂ကျပ်၊ဝယ်ဈေး ၁၅၂၈ကျပ် ဖြင့် ဈေးပိတ်ခဲ့ရာ ယခင်ရက်သတ္တပတ်ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ကွာဟချက်မရှိခဲ့ကြောင်း သိရသည်။           

 

သန်းထိုက်အောင်