Main menu

Background

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်သွင်းကုန် ကုန်စည်ပြပွဲ တက်ရောက်

Wed, 11/13/2019 - 12:00 -- journal_editor

               စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် နိုဝင် ဘာ ၄ ရက်မှ ၆ ရက်အထိ  တရုတ်ပြည် သူ့သမ္မတနိုင်ငံ  ရှန်ဟိုင်းမြို့ National Exhibition  and Convention Center ၌  ကျင်းပသည့်  ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ  သွင်းကုန် ကုန်စည်ပြပွဲနှင့်  ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်မှ တည်ခင်းဧည့်ခံ သည့်  ကြိုဆိုညစာစားပွဲအခမ်းအနားသို့တက်ရောက်သည်။  ပြည်ထောင်စု ဝန်ကြီးသည် နိုင်ဝင်ဘာ ၅ ရက် နံနက် ပိုင်းတွင်ကျင်းပသော ဖွင့်ပွဲအခမ်းအနား သို့ နိုင်ငံပေါင်း၁၅၅နိုင်ငံနှင့် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်း  ၂၂ ခုတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ နှင့်အတူတက်ရောက်ခဲ့သည်။ အဆိုပါ  ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲ   ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတ မစ္စတာရှီကျင့်ဖျင်က အဖွင့်မိန့်ခွန်းပြော ကြားခဲ့ပြီး  တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတများက အသီးသီးမိန့် ခွန်းပြောကြားကာ ကုန်စည်ပြပွဲကို ဖွင့်လှစ်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည်  ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ Shanghai National Convention  and  Exhibition Center  ၌ ကျင်းပသည့် Second Hongqiao International Economic Forum သို့ တက်ရောက်ခဲ့သည်။
          နိုင်ဘာ ၆  ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည် ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲကျင်းပ ရာ Shanghai National Convention and Exhibition Center သို့ သွားရောက်၍ ပြပွဲတွင်ပါဝင် ပြသနေကြသည့် မြန်မာကုန်သည်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ အမျိုးသားပြခန်းဆောင်တွင် တွေ့ဆုံ၍ ပြပွဲတွင် ပါဝင်ပြသည့်ထွက် ကုန်ပစ္စည်းများ၏ ဈေးကွက်အခြေ အနေ၊ အခက်အခဲများနှင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည် များကို ရင်းနှီးစွာဆွေးနွေးခဲ့ပြီး ပြသထားသော မြန်မာပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ နေ့လယ်ပိုင်းတွင် ရှန်ဟိုင်းမြို့  ပူသုံး Pilot Free Trade Zone  ဇုန်သို့  သွားရောက်ကာ သြစတြေးလျ၊ ဖီဂျီအစရှိသည့် နိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းများအား Free Trade Zone ဇုန်အတွင်း Bonded Warehouse နှင့် အရောင်း ပြခန်းဖွင့်လှစ်၍ တရုတ်နိုင်ငံအတွင်း အရောင်းမြှင့်တင်ရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်ပေးနေသော ကုမ္ပဏီများနှင့်လုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။ ခရီးစဉ်အတွင်း နိုင်ဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ သက်တမ်း ၁၄၀ဝ ကျော်ရှိ ကျင့်အန်းစစ်ဗုဒ္ဓဘုရားကျောင်းသို့သွားရောက် ၍ ကျောင်းထိုင်ဆရာတော် Dr. Hui Ming အား ဖူးမြော်ကာ ဘုရားကျောင်း အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။ 
       အဆိုပါ ဒုတိယအကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ  သွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်ထိ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ လက်ဖက်နှင့် စားသောက်ကုန်များ၊ မြန်မာ့ပုလဲနှင့် ကျောက် မျက်ရတနာများ၊ ဓာတ်သတ္တုများကို မြန်မာကုမ္ပဏီ ၃၅ ခုက ပါဝင်ပြသခဲ့ကြသည်။ နိုဝင်ဘာ ၇ ရက်အထိ ပလိုင်းအမှတ်တံဆိပ် မြန်မာ့လက်ဖက်စိုသည် ရှန်ဟိုင်းနှင့် ကွေ့ကျိုမြို့တို့မှ ကုမ္ပဏီနှစ်ခုနှင့် လည်းကောင်း၊ ရုပ်သေး အသင့်သောက် မြန်မာလက် ဖက်ရည်သည် ရှန်ဟိုင်းမြို့မှ ကုမ္ပဏီတစ်ခုနှင့် လည်းကောင်း အသီးသီး တရုတ်နိုင်ငံသို့ မြန်မာ့အမှတ်တံဆိပ်များ တင်သွင်းရောင်းချရေး သဘောတူချက်များ ရရှိထားပြီးဖြစ်သည်။ ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးတို့ လိုက်ပါသွားကြောင်း သတင်းရရှိသည်။ 

 

MOC (IR)