Main menu

Background

ရေလုပ်ငန်းတွင် ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှုဖြစ်ရပ်ကြောင့် ပြည်ပရေထွက်ပို့ကုန် ထိခိုက်မည်ကို စိုးရိမ်

Thu, 12/05/2019 - 15:04 -- journal_editor

      လတ်တလောဖြစ်ပေါ်နေသည့် ပြည်တွင်း ကျားဖောင် ငါးဖမ်းရေလုပ်ငန်း၏ လူကုန်ကူးမှုဖြစ်ရပ် ကြောင့် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိခိုက်မည်ကို စိုးရိမ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ   အီးယူနိုင်ငံနှင့် အနောက်နိုင်ငံများက  စီးပွားရေး  ပိတ်ဆို့မှုလုပ်ရန် မျက်စောင်းထိုး နေခြင်းများရှိသည့်အတွက် ယင်းဖြစ် ရပ်ကြောင့် ဖြေလျှော့ပေးနေမှုများ ရုပ်သိမ်းမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ “အခုလတ်တလော ဖျာပုံမှာဖြစ် သွားတဲ့ဖြစ်စဉ် နဲ့ပတ်သက်ပြီး အမှန်အမှားကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့   ဦးဆောင်မှုအောက်မှာ ရှိတယ်ဆိုပေမယ့် အဲဒီလုပ်ငန်းက ရိုးရာငါးဖမ်းနည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာဇဝတ်မှုမရှိဘူးမပြောပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေ ဆိုတာ ရှိနိုင်ပါတယ်။  ဘယ်လိုဖြစ်ဖြစ် သက်ဆိုင်ရာ ရုံးတွေမှာ ရှင်းလို့ရပေမယ့် အခုလုပ်ငန်းကြီးတစ်ခုလုံး ကို အဆိုးရွားဆုံးဖြစ်နေပါပြီလို့ ပုံဖော်လိုက်တဲ့အခါ ကျွန်တော်တို့တိုင်းပြည်ရဲ့ စီးပွားရေးမှာလာ ထိခိုက်နိုင် ပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေ ထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က သုံးသပ်ပြောသည်။

      ပြီးခဲ့သည့်လပိုင်းတွင် ဖျာပုံမြို့နယ်ရှိ ငါးဖမ်း ကျားဖောင်တစ်စီးတွင် အလုပ်လုပ်ကိုင်ရန်အတွက် ရောင်းစားခံရသည့် ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို ရန်ကုန်မြို့မှ ပျောက်ဆုံးပြီး ၄၈ ရက်အကြာတွင် ပြန်လည်ရှာဖွေ ကယ်တင်နိုင်ခဲ့ပြီး မိသားစုမှ ပြန်လည်တွေ့ရှိချိန်တွင် ရိုက်နှက်ဒဏ်ရာ များ၊ နားကွဲခြင်း၊ ဇက်ပိုးနှင့် နောက်စေ့များသို့ ငရုတ် ကျည်ပွေ့ဖြင့်  ရိုက်ထားခြင်း စသည့်ဒဏ်ရာများကြောင့် ဘယ်ဘက်လက်ကျိုးနေကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက် သူများကို လူကုန်ကူးရဲ တပ်ဖွဲ့မှ အသီးသီးအမှုဖွင့်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြည်တွင်း၊ ပြည်ပမီဒီယာ များ၏ ဖော်ပြရေးသားမှုကြောင့် ပြည်ပရေထွက်ပို့ကုန် လုပ်ငန်းတွင် နိုင်ငံ့စီးပွားရေး ထိခိုက်လာနိုင်သည့်အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ နိုဝင်ဘာ ၂၆ ရက် တွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ချောစု