Main menu

Background

သီးနှံသုံးမျိုး၏ တန်ဖိုးကွင်းဆက် စီမံကိန်းအကြောင်း တစေ့တစောင်း

Fri, 12/13/2019 - 15:40 -- journal_editor

     စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ ဆွစ်ဇာလန်နိုင်ငံအစိုးရ ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းတွေဖြစ်တဲ့ UNCTAD, UNIDO, ITC, ILO, UNOPS တို့ရဲ့ နည်းပညာအကူအညီနဲ့ ရှမ်း ပြည်နယ်၊ အင်းလေးကန်အနီးတစ်ဝိုက်တွင် အကောင် အထည်ဖော်လျက်ရှိတဲ့ သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီး သွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်း အဝေးကို ၂၀၁၉ ခုနှစ်    ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၅ ဦး တက်ရောက် ခဲ့ပါတယ်။

     စီမံကိန်းနယ်မြေဒေသဖြစ်တဲ့ တောင်ကြီး မြို့ ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနမှာ ဖွင့်လှစ်ထား တဲ့  (Project Management Unit-PMU) စီမံကိန်း စီမံခန့်ခွဲမှုရုံးခန်းကနေပြီး UNCTAD, UNIDO, နဲ့ ITC တို့ရဲ့ စီမံကိန်းမြေပြင်လုပ်ငန်းစဉ်တွေ ဆောင် ရွက်ပါတယ်။  အဲဒီက ဆောင်ရွက်ချက်တွေ ကို စီမံကိန်းစီမံခန့်ခွဲမှုဘုတ်အဖွဲ့ကို  (Project Management Board-PMB)  တင်ပြကြရပါတယ်။ ဒီစီမံကိန်း စီမံခန့်ခွဲမှုဘုတ်အဖွဲ့က ထောက်ခံ အတည်ပြုချက်တွေနဲ့ ရရှိလာတဲ့ ရလဒ်တွေ၊ ရှေ့နှစ် ဆောင်ရွက်မယ့် အစီအစဉ်တွေကို စီမံကိန်း ကြီးကြပ် မှုကော်မတီ  (Project Steering Committee- PSC)  ကို ဆက်လက်တင်ပြရပါတယ်။ နောက်ဆုံးမှ ဒီစီမံကိန်းရဲ့ အမြင့်ဆုံးအဆင့် ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဌာနေ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲမှုဘုတ်အဖွဲ့ (Global Manage-ment Board-GMB) ကို တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်ရပါတယ်။

     အခုဆိုရင် စီမံကိန်းက လက်ဖက်၊ ချင်းနဲ့ ထောပတ်သီး စတဲ့ သီးနှံသုံးမျိုးရဲ့ တန်ဖိုးကွင်းဆက် တွေကို ခရီးသွားလုပ်ငန်းနဲ့ ချိတ်ဆက်ဖို့  UNCTAD, UNIDO, နဲ့ ITC တို့က နယ်မြေဒေသအလိုက်၊ နယ်ပယ်အလိုက် အထူးသဖြင့် အရည်အသွေး ထောက်ခံချက်နှင့် သန့်ရှင်းလတ်ဆတ်မှု၊ နိုင်ငံခြား ခရီးသည်များအတွက် ပြည်တွင်းစားသောက်ဆိုင် ဈေးကွက်များနှင့် နိုင်ငံတကာဈေးကွက်ချိတ်ဆက် မှုတွေ ဆောင်ရွက်နေကြပါပြီ။ လက်ဖက်ကို (ပင်လောင်း၊ ရပ်စောက်၊ ပင်းတယနဲ့ ရွာငံ)၊ ချင်းကို (ပင်လောင်း၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေနဲ့ လွိုင်လင်)၊ ထောပတ်သီးကို (တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေနဲ့ ဖယ်ခုံ)စတဲ့ ဒေသတွေမှာရှိတဲ့ စိုက် ပျိုးထုတ်လုပ်သူမှ စားသုံးသူဈေးကွက်အထိ ချိတ် ဆက်ဖို့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ရှင်။

 

မြတ်မြတ်စိုးမိုး (Myantrade)