Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်၌ အဟောင်းဈေးမြင့် အသစ်ဈေး အနည်းငယ်လျော့နည်း၍ အရောင်းအဝယ်ဖြစ်

Thu, 01/02/2020 - 11:30 -- journal_editor

      ဧရာဝတီတိုင်းဒေသကြီးအတွင်း  ဆန်စပါးဈေးကွက်၌ ယခင်နှစ်လက်ကျန်ပေါ်ဆန်း၊  ဧည့်မထစပါး၊   ဆန်ဟောင်း ဈေးမြင့်၍ မိုးအသစ်ပေါ်ဆန်းရင်စပါး၊ ဆန်ဈေးနှင့် ဧည့်မထ စပါး၊ ဆန်ဈေးနှုန်းမှာဈေးနှုန်း   လျော့နည်းပြီး  ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  ဆန်၊ စပါးသတင်းများ အရ သိရသည်။

     လက်ရှိ တိုင်းဒေသကြီးအတွင်း  ပေါ်ဆန်းစပါး အဟောင်းမှာ မြို့နယ်တစ်ခုနှင့် တစ်ခုတူညီမှုမရှိဘဲ   စပါး အရည်အသွေးဈေးကွက်ပေါ် မူတည်၍  ၄၆ ပေါင်တင်း ၁၀ဝ ကို ပျမ်းမျှဈေး ကျပ် ၆၆၀ဝ၀ဝ၊ ကျပ် ၈၂၄၀ဝ၀ ဈေးအတွင်း ဆန်တစ်အိတ်ကို ကျပ် ၃၆၀ဝ၀၊ ကျပ် ၄၁၀ဝ၀ ဈေးဝန်းကျင် ရှိပြီး ပေါ်ဆန်းရင်စပါး သစ် ၄၆ပေါင်တင်း ၁၀ဝကို  တိုင်း အတွင်း ကျပ်   ၅၄၄၀ဝ၀၊   ကျပ် ၆၄၁၀ဝ၀ ဈေးအတွင်း ပေါ်ဆန်းရင် ဆန်သစ်တစ်အိတ်ကို ကျပ်  ၂၄၀ဝ၀၊ ကျပ် ၂၆၀ဝ၀ ဝန်းကျင်ရှိသည်။ ပေါ်ဆန်းစပါးဟောင်း/အသစ် ဈေးနှုန်းမှာ တင်း ၁၀ဝ ကို   ကျပ် ၁၀ဝ၀ဝ၀၊ ကျပ် ၁၅၀ဝ၀ဝ ဝန်းကျင်နှင့် ဆန်တစ်အိတ်ကို ကျပ် ၁၀ဝ၀ဝ၊ ကျပ် ၁၅၀ဝ၀ ဝန်းကျင်ဈေးနှုန်း ကွာခြားလျက်ရှိပြီး မိုးဧည့်မထစပါးဟောင်း ၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ် ၄၇၄၀ဝ၀ ကျပ် ၅၃၄၀ဝ၀ ဈေး နှင့် ဧည့်မထစပါးသစ် ၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ်၄၆၀ဝ၀ဝ၊ ကျပ် ၅၀ဝ၀ဝ၀ ဈေးအတွင်း ရှိ၍   စပါးတင်း ၁၀ဝ ကို ကျပ် ၁၅၀ဝ၀၊ ကျပ် ၃၀ဝ၀ဝ ကျပ်   ဝန်းကျင်အတွင်း   ဈေးနှုန်း ကွာခြားမှုရှိ၍ ဆန်ဟောင်းတစ်အိတ်ကို ကျပ် ၁၉၀ဝ၀၊ ကျပ် ၂၁၅၀ဝ ဈေးအတွင်းနှင့်ဆန်သစ်ဈေးမှာ ကျပ် ၁၆၅၀ဝ၊ ကျပ် ၁၈၅၀ဝ ရှိပြီး  ဆန်ဟောင်းဆန်သစ် တစ်အိတ်ကို ကျပ် ၂၀ဝ၀ ဝန်းကျင်ဈေးနှုန်းကွာခြား၍အရောင်းအဝယ်ဖြစ်နေကြောင်း တိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်သတင်းများမှ သိရ သည်။

 

မင်းမင်းဦး (ပသ)