Main menu

Background

ပြည်ပဲဈေးကွက်တွင် ပဲစင်းငုံသီးနှံ အဟောင်းများသာ ရောင်းဝယ်မှုဖြစ်

Mon, 01/13/2020 - 11:59 -- journal_editor

     ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းသီးနှံထဲမှာ ပဲတီစိမ်းသီးနှံသစ်အဝင်များပေမယ့်  မတ်ပဲ၊ ပဲစင်းငုံ သီးနှံများကတော့ ပဲဝင်ရောက်ခြင်းမရှိသေးဘဲ  လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်၃၀ဝ ကျော် ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးနှုန်းအနေဖြင့် အရည် အသွေးလိုက်၍ ဈေးကွာခြားလို့ တစ်တင်းကျပ် ၂၁၀ဝ၀ နှင့် ၂၃၀ဝ၀  အကြား ရောင်းဝယ်မှု ဖြစ်ခဲ့ကြ သည်။ ယခင်နှစ်က ပဲစင်းငုံသီးနှံသစ်များ နှစ်ကုန်တွင်ဝင်ရောက်ခဲ့ပြီး ပဲသစ်ဈေးမှာတစ်တင်း ကျပ် ၂၆၅၀ဝ ရရှိခဲ့ကြသည့် အတွက် ယခုနှစ်မှာတော့  ပဲသစ်ဝင်ရောက်ခြင်းမရှိသေးလို့ ပဲဟောင်းသီးနှံဈေးနှုန်းမှာ ယခင်နှစ်ဈေးကိုမမီဘဲ   ယခင်နှစ်ထက် ဈေးလျော့ရောင်းဝယ်နေကြောင်း သိရသည်။

 

ခင်ဆွေဝင်း(ပြည်)