Main menu

Background

မူဆယ်နယ်စပ်တွင် လက်ရှိဖြစ်ပေါ်နေသော ဖရဲ၊ သခွား ကုန်သွယ်မှု အခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Thu, 02/06/2020 - 12:33 -- journal_editor

         တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့်  တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး  လမ်းကြောင်းများမှ  တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက်  တောင်သူများ၊ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေ စေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင်  မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(ရန်ကုန်မြို့)တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး  ဒေါ်လှိုင်မော်ဦး၊  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဖရဲ/ သခွား မွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအဝေးပြေး  ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့သည်။

     ညှိနှိုင်းအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ နယ်စပ်ကုန် သွယ်ရေး  ဈေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ/သခွားမွှေး ထုတ် ကုန်များအပေါ် ပြည်တွင်းဈေးကွက်အမြန်ဆုံး ရရှိရေးနှင့်  ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ  အတွင်းရေးမှူးမှ "တိုင်း ရင်းသားသွေးချင်းတို့ရဲ့ ပွဲတော်" ကာလအတွင်း  ဆိုင်ခန်း ဖွင့်လှစ်ရောင်းချရေး၊ မြေပဒေသာကျွန်းတွင်  ဖရဲ/သခွား ပွဲတော် ကျင်းပပြုလုပ်ရေး၊ တညင်းကုန်းလက်ကားဈေးတွင် သယ်ယူရောင်းဝယ်ရန်  နေရာစီစဉ်ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးဈေး   (လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင် ရောင်းဝယ်ရန် နေရာစီစဉ်ပေးခြင်း၊ ရတနာသီရိကုန်စိမ်းဈေး (ထောက်ကြန့်)အပေါ်ထပ်တွင် ရောင်းချရန်  နေရာစီစဉ်ပေး ခြင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ  ဈေးများအတွင်းရရှိနိုင်မည့် နေရာများ တွင် ဆိုင်ခန်းများဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ Door to Door Service စနစ်ဖြင့် ရန်ကုန်မြို့တွင်း  လှည့်လည်ရောင်းချရန် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို  ပြောကြားခဲ့ပြီး  မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌမှ  ဘုရင့်နောင်ကုန်စည်ဒိုင်၊ အဝေးပြေးယာဉ် ရပ်နားစခန်းအတွင်း သယ်ယူရောင်းဝယ်ရန် နေရာစီစဉ် ဆောင်ရွက်ပေးခြင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၏     အုပ်စု(၁၁)    သိုလှောင်ရုံနှင့် ကြက်ဘဲဈေးအနီး မြန်မာ့ဂုဏ်ရောင်လမ်းမပေါ်ရှိ ကုန်သွယ် ရေးဦးစီးဌာနပိုင်  တစ်ဧကခန့်ဝင်းအတွင်း  ယာယီဆိုင်ခန်း ဖွင့်လှစ်ရောင်းချရန် စီစဉ်ပေးခြင်းတို့ကို  ဆောင်ရွက်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်မည့် အစီအစဉ် များအနေဖြင့် ပြည်ပတင်ပို့ရန်  အရည်အသွေးမီ ဖရဲ၊ သခွား ပို့ကုန်များ  ထုတ်လုပ်တင်ပို့မည့်  လုပ်ငန်းရှင်များမှ ကုန်စည် သတင်းအချက်အလက်များကို   မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့သို့ ပေးပို့ပြီး စီးပွားရေးသံမှူးများမှတစ်ဆင့် ပြည်ပ ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ် လုပ်၍ ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရန် လိုအပ်သည့် ပံ့ပိုးမှု များဆောင်ရွက်ပေးခြင်း၊ သီးနှံများ ထိန်းသိမ်းသိုလှောင်ရာတွင် မဖြစ်မနေလိုအပ်သည့်  Cold Chain ပါဝင်သည့်  Logistic Hub  များ ပေါ်ထွန်းရေးပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

TLO (Myantrade)