Main menu

Background

မအူပင်မြို့နယ်တွင် စပါး၊ဆန်တက်ရိပ်ပြ၊ မအူပင်စက်ပိုင်နှင့် ရန်ကုန် ဘုရင့်နောင်ဆန်ဈေးကွက်၌ ဝယ်လိုအားများ

Fri, 02/21/2020 - 12:57 -- journal_editor

     မအူပင်မြို့နယ်တွင်   ကျေးရွာအုပ်စု ၇၆ အုပ်စုနှင့် ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုများရှိနွေစပါးနှင့် မိုးစပါးစိုက်ဧကစုစုပေါင်းမှာ ၁၈၄၇၀၆ ဧကရှိသည်။ ဒေသ ဝမ်းစာဖူလုံသည့်အပြင် ပိုလျှံစပါးများကို   ကျိုက်လတ်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ တွံတေးစသည့် မြို့များမှ အိမ်တိုင်ရာရောက်ဝယ်ယူခဲ့သည်။ မအူပင်မြို့နယ်အတွက် ယခုနှစ်တွင် မိုးစပါး တင်ဒါအောင်မြင်သူ  ဦးကျော်ကျော်လင်းက အခြေခံဈေးကျပ် ငါးသိန်းဖြင့် စပါးတင်းငါးသောင်းဝယ်ယူမှု အောင်မြင်စွာ ဆောင် ရွက်နိုင်ပြီး တောင်သူများအတွက် ရေကျနောက်စိုက် စပါးများပေါ်ထွက်လာသော ယခုအချိန်တွင် ရေကျနောက် စိုက်သီးထပ်ရင်စပါးတင်း ၁၀ဝ လျှင် ကျပ်ငါးသိန်းသုံးသောင်း ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန် ဘုရင့်နောင်ဆန်ပွဲရုံ ၌ ဆန်တစ်အိတ်လျှင်  ကျပ်နှစ်သောင်းတစ်ထောင်နှုန်းဖြင့် ဝယ်လိုအားကောင်းလျက်ရှိပြီး ရေကျနောက်စိုက်စပါးသီး ထပ်ရင်မှာ လိုသလောက်  ဝယ်ယူရရှိခြင်းမရှိသေးသဖြင့် မအူပင်  ဆန်စပါးဈေးကွက်တွင် ဈေးနှုန်းတက်ရိပ်ရှိလာ ကြောင်း စုံစမ်းသိရှိရသည်။

 

Consumer-MT