Main menu

Background

TRADING ACROSS BORDERS RANKING တိုးတက်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေများ အပေါ် CMP လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 03/16/2020 - 11:09 -- journal_editor

      တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်လွှားဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်း ရပ်စ်  (COVID-19) ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပေါ်တွင်  ရိုက်ခတ် မှုများဖြစ်ပေါ်နေသကဲ့သို့   မြန်မာနိုင်ငံ၏ လက်ခစား (CMP)    လုပ်ငန်းများပေါ်တွင် ကုန်ကြမ်းရရှိမှုအပါအဝင် အခြားရိုက်ခတ်မှု များဖြစ်ပေါ်နေမှုအပေါ်  ဖြေရှင်းကျော်လွှား နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကဏ္ဍလုပ်ငန်းရှင်များ တွေ့ဆုံ၍  ညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်ရန်နှင့်   မြန်မာနိုင်ငံ   Ease of Doing Business Ranking တိုးတက်ရေး   ဆောင်ရွက်ရာတွင် Indicator ၁၀ ခုအနက်  Trading Across Borders Indicator အတွက် ယခုနှစ် ကမ္ဘာ့ဘဏ်ကပေးပို့သည့် Questionnaire  ၏  ပို့ကုန် Case Study  ပြုလုပ်သည့် ပို့ကုန်ပစ္စည်းတွင် ယခင်နှစ်များက ပြုလုပ်ခဲ့သည့် အိန္ဒိယနိုင်ငံသို့ တင်ပို့သည့်   HS 07: Edible vegetables and certain roots and tubers  အစား  ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ပစ္စည်းဖြစ်သည့် ဂျပန်နိုင်ငံသို့  တင်ပို့သည့်   HS 62: Articles of apparel, accessories, not knit or crochet (CMP  အထည်ချုပ်)အား အမယ်ပြောင်းလဲခဲ့ ခြင်းအပေါ် အခွင့်အရေးအဖြစ်ရယူ၍  Trading Across Borders Ranking တိုးတက်စေရေး အတွက်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့်  စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

      အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း နှင့်  Trading Across Borders Indicator  ဆိုင်ရာ အထောက်အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင် ကုန်သွယ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးမင်းမင်းတို့က အဖွင့်အမှာစကား ပြောကြား ခဲ့ကြပြီး  Trading Across Borders Indicator  ဆိုင်ရာ အထောက်အကူပြုအဖွဲ့ဝင် ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ် ငန်းရှင်များအသင်းနှင့်   မြန်မာ နိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းတို့မှ   တာဝန်ရှိသူ များ၊ CMP လုပ်ငန်းရှင်များ စုစုပေါင်း အင်အား ၂၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်  ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖြစ်ပေါ်နေသည့်  အခြေအနေများ အပေါ် ကျော်လွှားနိုင်ရေး  အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် Trading Across Borders Ranking  တိုးတက်စေရေး အတွက် ဆောင်ရွက်သင့်သည့်ပြုပြင်ပြောင်းလဲ မှုများ ဖော်ထုတ်နိုင်ရေးဆိုင်ရာ  ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

မျိုးကေဝင်း