Main menu

Background

ရေနံချောင်း၌ ပျားရည်စမ်းသရက်သီးစိုက်ပျိုးသူများ တွက်ခြေကိုက်

Thu, 07/09/2020 - 15:29 -- journal_editor

 

ကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌စိုက်သော ပျားရည်စမ်းသရက်သီးများ လှိုင်လှိုင်ဝင် ရောက်နေရာ လက်လီဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ 
ယခုတစ်တစ်ပတ်တွင် သရက်သီးစိန်တလုံးကလည်း မဝင်တော့ဘူး။ ပျားရည်စမ်းသရက်သီးတွေ အဝင်များ လာတယ်။ ဈေးနှုန်းကလည်း သင့်တဲ့အတွက် လူကြိုက်များပြီး အဝယ်သွက်တယ်ဟု ရေနံချောင်းမြို့နယ် သရက်သီး ရောင်းသူ အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိ သရက်သီး ၁၀ လုံးလျှင် ကျပ်၂၅၀ဝ ကနေ ကျပ်၂၀ဝ၀ အထိ အသီးအနေအထားကိုမူတည်ပြီး ရောင်း ရကြောင်း၊ ယခင်ဇွန်လလယ်က ၁၀ လုံးလျှင် ကျပ် ၁၅၀ဝ သာ ရောင်းရကြောင်း သိရသည်။
အဆိုပါပျားရည်စမ်းသရက်ကို  ရေနံချောင်းမြို့နယ်၌ အဓိကစိုက်ကြကာ စိန်တလုံးသရက်ထက် နောက်ကျ မှပေါ်ပြီး သရက်စိုက်သူများ တွက်ခြေကိုက်နေကြောင်းသိရသည်။                                        
ဆန်းညွန့်(ရေနံချောင်း)