Main menu

Background

ဟင်္သာတ မတ်ပဲ အရောင်းအဝယ်အေး

Mon, 01/25/2021 - 11:28 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ကုန်စည်ဒိုင်တွင်  ၂၀၂၁ ခုနှစ် ဇန်နဝါ ရီလ ပထမပတ်တွင်  မတ်ပဲဈေးအနည်း ငယ်မြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၇ ရက် တွင် ကျပ် ၃၁၇၀ဝ ဈေးပေါက်ပြီး ယခင် သီတင်းပတ်ထက် ကျပ် ၄၀ဝ မြင့်တက်ခဲ့ကာ အဝယ် ရှိသော်လည်း  အရောင်း အေးပြီး အိတ် ၆၀ဝ သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်း လျှင်ကျပ် ၄၃၀ဝ၀ ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ပြီး   ယခင်သီတင်းပတ်ထက် ကျပ် ၁၀ဝ၀ ကျဆင်းခဲ့ကာ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်း လျှင်ကျပ် ၄၃၀ဝ၀၊ ပဲတီစိမ်းအနီမှာလည်း တစ်တင်းလျှင် ကျပ်  ၅၅၀ဝ၀ ဈေးဖြင့်  ယခင်သီတင်းပတ်နှင့် ဈေးနှုန်းတူ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲလွမ်းဖြူ တစ်တင်း လျှင် ကျပ် ၅၃၅၀ဝ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ်   ၅၀ဝ ကျဆင်းခဲ့ကာ  ပဲလွမ်းဖြူ တစ်တင်းလျှင်  ကျပ်  ၄၅၂၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး   ယခင်သီတင်း ပတ်ထက် ၁၂၀ဝ မြင့်တက်ခဲ့သည်။
ဖွဲနုပေါင် ၇၀ တစ်အိတ်လျှင် ကျပ် ၇၂၀ဝ  ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၁၀ဝ ကျပ် ကျ ဆင်းခဲ့ကာ   ဆန်ကွဲ (၁၊၂) ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ်  ၁၉၀ဝ၀ ဖြင့်လည်း ကောင်း၊ ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၁၈၂၀ဝ ဖြင့်လည်း ကောင်း၊  ဆန်ကွဲ (1 & Extra) ၁၀၈ ပေါင် တစ်အိတ်လျှင်  ကျပ် ၂၀ဝ၀ဝဖြင့် လည်းကောင်း  ယခင်သီတင်းပတ်နှင့် ဈေးနှုန်းတူ  အရောင်းအဝယ်ဖြစ်လျက် ရှိသည်။

 

မောင်မောင်မြတ်ခိုင်