Main menu

Background

အမေရိကန် နိုင်ငံခြားငွေလဲနှုန်း အနည်းငယ် ကျဆင်း

Tue, 02/23/2021 - 11:35 -- journal_editor

အမေရိကန်နိုင်ငံခြားငွေလဲနှုန်း ရွှေဈေးနှင့်တူ အနည်းငယ်ကျဆင်း လာပြီဖြစ်ကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။ လက်ရှိ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာမူ ဖေဖော်ဝါရီ ၁၁ ရက် ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာဝယ်ဈေး ၁၃၉၅ ကျပ်၊ ရောင်းဈေး ၁၄၁၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ဒေါ်လာ အညွန်းကိန်းမှာ ဇန်နဝါရီ ၂၉ ရက်တွင် အညွှန်းကိန်း ၉၀ ပွိုင့်အထက်တွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားငွေလဲနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်း ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ကျပ် ၁၄၄၀ ကျော်ထိ မြင့်တက်လာခဲ့သော်လည်း ရက်ပိုင်းတွင်း အနည်းငယ် ပြန်ကျဆင်းလာခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေးဈေးကွက်မှသိရသည်။

 

ပန်းဆု