Main menu

Background

ပြည်ဈေးကွက်တွင် နှမ်းနီ အရောင်းအဝယ်ဖြစ်

Thu, 06/10/2021 - 15:29 -- journal_editor

ပဲခူးတိုင်းဒေသကြီး  ပြည်ဈေးကွက်တွင် ယခုတစ်ပတ် နှမ်းနီသာ ဆီစက်လုပ်ငန်းရှင်နှင့် အောင်လံ ဝယ်လက် များကြောင့် အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်မှာ အရောင်းအဝယ် နည်းပါးနေသည်။လတ်တလောကာလတွင် နှမ်းအဝင်မရှိဘဲ ယခင်လှောင်ထားသည့်နှမ်းများကို ပွဲရုံများမှထုတ်၍ ရောင်းချနေ သဖြင့် တစ်ရက်လျှင် နှမ်း ၄၅ ပိဿာဝင် အိတ် ၁၄၀-၁၅၀ ထိ အရောင်းအဝယ်ဖြစ်နေသည်။  ဇွန်လဆန်းတွင် နှမ်း ဈေးများမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ်တစ်သိန်း၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။    

ဝေဝေမင်း(ပြည်)