Main menu

Background

စံပြ ကြက်မောက်သီး စိုက်ပျိုးရေးဥယျာဉ်ခြံသို့ ကွင်းဆင်းလေ့လာ

Thu, 06/10/2021 - 15:33 -- journal_editor

သထုံခရိုင်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန၏စာရင်းများအရ ကြက်မောက်သီး စိုက် ဧက ၄၃၇ ဧက၊ အထွက်နှုန်းမှာ ၈၉၀ဝ၀ ပိဿာခန့် ရှိကြောင်းသိရသည်။ အဆိုပါ စိုက်ဧကများအနက် မှ သထုံခရိုင် သထုံမြို့ ဈေးမသွယ်ကျေးရွာရှိ  စံပြ  ကြက်မောက်သီး စိုက်ပျိုးရေး ဥယျာဉ်ခြံသို့ သထုံ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ဧပြီ ၃ ရက် တွင် ကွင်းဆင်းလေ့လာခြင်း    ဆောင်ရွက်ခဲ့ရာ ကြက်မောက်သီးဒေသမျိုး နှစ်ဧကခန့် စိုက်ပျိုးထား ရှိပြီး အပင်သက်တမ်း ၁၁ နှစ်ခန့်ရှိကြောင်း သိရ သည်။   ကြက်မောက်သီးပင်များအား   သဘာဝ ဓာတ်မြေသြဇာများ ဖော်စပ်၍ စနစ်တကျ စိုက် ပျိုးထားပြီး အရည်အသွေးကောင်းသော  ကြက် မောက်သီးများ   သီးပွင့်ရင့်မှည့်၍  ဒေသတွင်းသို့  စတင်ခူးဆွတ် ရောင်းချလျက်ရှိရာ  ဈေးနှုန်းအား ဖြင့်  အလုံးကြီး  တစ်လုံးလျှင်  ၈၀ ကျပ်၊ အလုံးလတ် တစ်လုံးလျှင် ၆၀ ကျပ်၊ အလုံးသေး တစ်လုံးလျှင် ၄၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  ခြံပိုင်ရှင်၏  ပြောပြချက်အရ သိရသည်။  ယခုအချိန်တွင် သထုံ ခရိုင်အတွင်း၌ ကြက်မောက်သီးများ လှိုင်လှိုင်ပေါ် လျက်ရှိပြီး ဒေသတွင်း စားသုံးရန်  ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း သိရှိရသည်။

ထိန်လင်း(သထုံ)

သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန