Main menu

Background

ဧရာဝတီတိုင်းဒေသကြီးတွင် မတ်ပဲဈေး အနည်းငယ်တက်လာ

Fri, 07/02/2021 - 13:55 -- journal_editor

ဧရာဝတီတိုင်ဒေသကြီးတွင် မတ်ပဲဈေးနှုန်းများမှာ ယခင်သီတင်း ပတ်ကာလနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်တက် လာကြောင်း တွေ့ရသည်။ ဇွန် ၉ ရက်တွင်  တစ်တင်းလျှင် ကျပ် ၃၅၈၀ဝ၊ ၁၀ ရက်နှင့် ၁၁ ရက်တွင် ကျပ် ၃၆၃၀ဝ၊  ၁၂ ရက်တွင် ကျပ် ၃၆၆၀ဝ၊ ၁၃ ရက်နေ့တွင် ကျပ် ၃၆၈၀ဝ၊ ၁၄ ရက်တွင် ကျပ် ၃၆၈၅၀၊ ၁၅ ရက်တွင် ကျပ် ၃၇၀ဝ၀ နှင့် ၁၆ ရက်တွင် ကျပ် ၃၇၁၇၀ စသည်ဖြင့် အသီးသီးဖြစ်သည်။အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲလိုအပ်ချက် မြင့်မားလာ ခြင်းနှင့် ပဲတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲများကြောင့် မတ်ပဲဝယ်လိုအား မြင့်တက်လာသည်။ ယခင်သီတင်းပတ် ကာလတွင် မတ်ပဲဈေး အကျဘက်တွင် ရှိခဲ့သော်လည်း မတ်ပဲ သည် ပြည်တွင်းလက်ကျန်နည်းပါးလာခြင်း၊ ပြည်ပ ဝယ်လို အား တိုးလာခြင်း၊ ပြည်ပတင်ပို့ရန် သင်္ဘောတင်ရက်နီးကပ် လာခြင်းနှင့် အိန္ဒိယနိုင်ငံအပြင် ပါကစ္စတန်နိုင်ငံကပါ ဝယ်လို အားရှိလာခြင်းတို့ကြောင့် မတ်ပဲဈေးနှုန်း တဖြည်းဖြည်းမြင့် တက်လာနေသည်။

အိန္ဒိယနိုင်ငံအစိုးရသည်   ယခုနှစ် မိုးစိုက်သီးနှံများ အတွက် အခြေခံဈေးနှုန်း  MSP  ကို စိုက်ပျိုးထုတ်လုပ်ရောင်း ချသူများအတွက် တိုးမြှင့်ပေးလိုက်သောကြောင့် ၎င်းပြည် တွင်း သီးနှံဈေးနှုန်း မြင့်လာနိုင်ပြီး ပြည်ပမှ ဝယ်ယူနေသော ပဲအမျိုးမျိုး၏ ဈေးနှုန်းများလည်း တက်လာနိုင်ဖွယ်ရှိသည်။သို့သော်  G2G သဘောတူစာချုပ် ချုပ်ဆိုဝယ်ယူခြင်း များလည်း ဆောင်ရွက်မည်ဖြစ်သောကြောင့် မြန်မာမတ်ပဲ ဈေးနှုန်းတက်လာနိုင်သော်လည်း  အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပေါက်ဈေးပေါ်  မူတည်၍  အခြေခံဈေးနှုန်းထိန်းချုပ်မှုများ ရှိနိုင်သဖြင့်  မတန်တဆ ဈေးမြင့်တက်လာခြင်းမျိုးမဖြစ်နိုင် ကြောင်း သိရသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန