Main menu

Background

လှိုင်လှိုင်ပေါ် စိုက်ပျိုးသူ၊ ရောင်းချသူများဝင်ငွေရရှိနေ

Thu, 07/14/2022 - 13:38 -- journal_editor

သစ်သီးဝလံဈေးကွက်သို့ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင် ရေနံချောင်းမြို့မဈေးကြီး၊ ပျံကျဈေးတို့တွင် လည်းကောင်း၊ ရပ်ကွက်အချိူ့တွင် စိုက်ပျိုးသူများက ရောင်းချလျက်ရှိကြောင်း သိရသည်။ "နဂါးမောက်သီး အရောင်းအဝယ် ပြန်သွက်လာ တယ်။  ရေနံချောင်းမှာရှိတဲ့ နဂါးမောက်ခြံအချို့ကလည်း ထွက်ရှိတဲ့အပြင် ကျောက်ပန်းတောင်းကထွက်တဲ့ နဂါးမောက်သီးတွေလည်း ရေနံချောင်းမြို့မဈေးနှင့် ပျံကျဈေးကို ဝင်ရောက်နေတယ်။ ခြံပိုင်ရှင်၊ စိုက်ပျိုးသူများနှင့် ပြန်လည်ရောင်းချသူများအတွက် ဝင်ငွေရနေတယ်" ဟု ရေနံချောင်းမြို့မှ ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ သစ်သီးဝလံဈေးကွက်၌ နဂါးမောက်သီးတစ်လုံးလျှင် ကျပ် ၅၀ဝ၊ ကျပ် ၃၅၀ ပေါက်ဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။ဇွန် ၂၉ ရက်တွင် သစ်သီးဝလံဈေးကွက်သို့ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင် ရေနံချောင်းမြို့မဈေးကြီး၊ ပျံကျဈေးတို့တွင်လည်းကောင်း၊ ရပ်ကွက်အချို့တွင်လည်းကောင်း စိုက်ပျိုးသူများက ရောင်းချလျက်ရှိသည်။       

   ဆန်းညွန့် (ရေနံချောင်း)