ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍအတွက် သုံးစွဲရန် လိုအပ်သော စက်ကိရိယာများကို ပြည်ပမှ မှာယူတင်သွင်းခြင်းထက် ပြည်ပ အသုံးစရိတ်လျှော့ချရေးအတွက် ပြည်တွင်းထွက်ကုန်များကို အစားထိုးသုံးစွဲ ရန် ပုသိမ်မြို့ စက်မှုဇုန်မှ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်၍ ဒေသ အာဏာပိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စက်မှုဇုန် လုပ်ငန်းရှင်များပေါင်းစပ်၍ တိုင်းအတွင်းရှိ တောင်သူများကို လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းစက်မှုဇုန်များမှ ပြုလုပ်သော လယ်ယာသုံး စက်ကိရိယာ များမှာ မျိုးစေ့ချကိရိယာDrum Seeder ၊ ရေတင်ပိုက်၊ ရေတင်စက်၊ စပါးြွေခ လှေ့စက်၊ အင်ဂျင်ပါလက်စွဲကောက်စိုက်စက် စသည်တို့ကို ထုတ်လုပ်ရောင်း ချလျက်ရှိသည်။
မျိုးစေ့ချကိရိယာDrum Seeder သည် လူဖြင့်ဆွဲပြီး မျိုးစေ့များကို အတန်းလိုက် ညီညာစွာ ချထားပေးသောကိရိယာဖြစ်၍ ရွှံ့ထဲတွင် လိမ့်သွား နိုင်ပြီး အချင်း ၂၄ လက်မခွဲခန့်ရှိသော Fiber glass ဖြင့် ပြုလုပ်ထားသော ကြောင့် ပေါ့ပါးခိုင်ခံ့ပြီး ကြာရှည်ခံသည့်အပြင် ပြုပြင်ထိန်းသိမ်းရ လွယ်ကူ ၍ အပိုပစ္စည်းဝယ်ယူရာတွင်လည်း လွယ်ကူကြောင်း၊ မျိုးစေ့ချကိရိယာအသုံး ပြုရာတွင် လူတစ်ဦးသာ လိုအပ်သည့်အတွက် လုပ်သားလိုအပ်ချက်ကို လျော့နည်းစေပြီး ဗီယက်နမ်နိုင်ငံ၏ စနစ်ဖြစ်သော လွယ်ကူရိုးရှင်သည့် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြစ်ကြောင်း သိရသည်။
မင်းမင်းဦး (ပသ)