Main menu

Background

အဝင်ပါး လူကြိုက်များလို့ ဆန်ချောဆန်သစ် ဈေးအနည်းငယ်မာလာ

Thu, 01/07/2016 - 12:42 -- journal_editor

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးနှုန်းများမှာ ၂၀၁၆ ခုနှစ်  ဇန်နဝါရီလ ၁ ရက် ဈေးနှုန်းများအရ  ဖျာပုံပေါ်ဆန်း၊  ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၃၆၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း  ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်နဲ့ ယခင် ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေပါတယ်။ မြောင်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၄၀၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၈၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ် ထက် ၅၀၀ ကျပ် ဈေးကျလာပါတယ်။ ဆန်ချော ဆန်ဟောင်းများသည် သိုလှောင်မှုကာလ ကြာမြင့်လာပြီဖြစ်၍ ဆန်သားပွခြင်း၊ ဆန်အရောင် မလှတော့ ခြင်းများကြောင့် ဈေးကွက်မှာ ဆန်ဈေးအနည်းငယ်ကျလာရ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေး ထိပ်စ တစ်အိတ် ၂၈၅၀၀ ကျပ်၊  လတ်စ တစ်အိတ် ၂၇၅၀၀ ကျပ် နဲ့  ယခင်တစ်ပတ် အတိုင်းဈေးငြိမ်ေ နပြီး၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်း ဆန်အသစ်ဈေးက ထိပ်စတစ်အိတ် ၃၁၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၈၅၀၀ ကျပ်နဲ့နယ်စုံပေါ်ဆန်းဆန်သစ်ဈေး ထိပ်စတစ်အိတ် ၂၈၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၇၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ၁၀၀၀ ကျပ်ခန့် ဈေးတက်လာကြောင်း   ကုန်စည်ဒိုင်ဈေးနှုန်းစာရင်းအရ စိစစ်တွေ့ရှိရပါတယ်။ ဆန်ချောအသစ်မှာ ဆန်သားမာလာ ခြင်းနှင့်အတူ ဆန်ဟောင်းထက်ဈေးသက် သာခြင်းကြောင့် ဝယ်ယူမှုများလာခြင်း၊ ကုန်စည်ဒိုင်သို့   အဝင်ပါးခြင်းတို့ ကြောင့် ဆန်ချော ဆန်သစ်ဈေးမှာ အနည်းငယ်တက်လာရ ခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်ပုံမှန်သာရှိပြီး ဝယ်လိုအား အေးလျက်ရှိတယ်လို့ ဈေးကွက်မှ သိရပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်အသစ်ဈေး ထိပ်စ တစ်အိတ် ၂၁၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၀၅၀၀ ကျပ်ဖြစ် လို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ၅၀၀ ကျပ်ခန့်ဈေးကျ လာပါတယ်။ မနောသုခသစ်ရှယ် ဈေးနှုန်းက ၂၁၅၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်ခန့်ဈေး တက်လာတာ တွေ့ရပါတယ်။ ဆန်ကြမ်းအရောင်းအဝယ်မှာ ပုံမှန်သာရှိနေသော်လည်း ရှယ်စများ အဝင်ပါးနေသဖြင့် ဆန် ကြမ်းသုခ ရှယ် ဈေးနှုန်း အနည်း ငယ်တက်ရခြင်းဖြစ်ကြောင်း  ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။    ဒီတစ်ပတ်  မူဆယ်ဆန်ဈေးကွက်ရဲ့ ၂၀၁၆ ခုနှစ် ဇန်န ဝါရီလ ၁ ရက် ဈေးနှုန်းများ အရ  ဧည့်မထ ၅ မှတ် မှော်ဘီနဲ့ စူပါ တစ်အိတ် ၁၃၉-၁၄၁ ယွမ်နဲ့ ၅ မှတ် မနောသုခတစ်အိတ် ၁၃၄-၁၃၆ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါ တစ်အိတ် ၁၃၇-၁၃၈ ယွမ်နဲ့ ၁၀ မှတ် မနောသုခ တစ်အိတ် ၁၃၂-၁၃၃ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီတစ်အိတ် ၁၃၄-၁၃၆ ယွမ်နဲ့ ၁၅ မှတ် မနောသုခ တစ်အိတ် ၁၃၀-၁၃၁ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခ တစ်အိတ် ၁၂၇-၁၂၉ ယွမ်၊ ၂၅ မှတ် ရတနာ တိုး ၁၂၈-၁၃၃ ယွမ်၊ ဧည့်မထ ၃၅ မှတ် မနောသုခတစ်အိတ် ၁၂၄-၁၂၆ ယွမ်၊ ၃၅ မှတ် ရတနာတိုး ၁၂၄-၁၂၇ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၃၄-၁၃၆ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၃၁-၁၃၃ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၂၈-၁၃၀ ယွမ် အသီးသီးဖြစ်ခဲ့ကြပြီး၊ ဧည့်မထ ၅ မှတ် မှော်ဘီနဲ့ စူပါမှာ တစ် ယွမ်ခန့်ဈေးကျခဲ့ပြီး ကျန်ဆန်များ ဈေးငြိမ်နေေ ကြာင်း၊ ငစိန် ဆန်မှာလည်း တစ်ယွမ်ခန့်ဈေးကျလာကြောင်း  ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁  ရက် ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၉၉ ဒသမ ၂၀ ကျပ်ဖြစ်တယ်လို့ မူဆယ်ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါ တယ်။
ပြည်တွင်းနယ်စုံမှ မူဆယ်သို့ နေ့စဉ်ဆန်တန်ချိန်ပျမ်းမျှ  ၃၀၀၀ မှ ၄၀၀၀ ကျော်ခန့် ဝင်ရောက်နေပြီး ယခုတစ်ပတ် အတွင်း မူဆယ်သို့ စုစုပေါင်းတန်ချိန် ၂၁၄၅၈ ခန့် ဝင်ရောက် ခဲ့လို့ ယခင်တစ်ပတ်ထက် တန်ချိန် ၅၆၅ လျော့နည်းဝင်ရောက် ခဲ့ပြီး ငွေဈေး၊ ဆန်ဈေးများ ယခင်တစ်ပတ်ထက် အနည်းငယ် ကျဆင်းပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန် ရှိတယ်လို့ မူဆယ်ဆန်ဈေးကွက်မှ သိရပါတယ်။
မြန်မာ့ဆန်ပြည်ပတင်ပို့မှု မှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၅ ရက်ထိ တန်ချိန် ၇၉၈၁၂၄ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၃ သန်းကျော်ဖိုးရှိနေ ပြီး၊ ယခင်ဘဏ္ဍာနှစ်  ကာလတူထက် တန်ချိန် ၁၄၉၂၉၅ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၁ သန်းကျော်ဖိုး လျော့နည်းလျက်ရှိပါတယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၇၉၂၀၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန် ချိန် ၇၅၆၄၆ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၂၂ သန်းကျော်ဖိုးရှိကြောင်း  သိရပါတယ်


MIRT-YGN