Main menu

Background

ထုတ်လုပ်မှု ကျဆင်းသည့်အတွက် မလေးရှားစားအုန်းဆီဈေးတစ်လအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိ

Wed, 05/17/2017 - 14:00 -- journal_editor

     မလေးရှားစားအုန်းဆီ ထုတ်လုပ်မှုက မူလခန့်မှန်းထား သည့်အောက်သို့  ကျဆင်းခဲ့သည့်အတွက် မလေးရှားစားအုန်း ဆီ ကြိုရောင်းဈေးသည် မေ ၁၁ ရက်က   အမြင့်ဆုံးနှုန်းသို့  ရောက်ရှိခဲ့သည်။ ယခု တစ်ကြိမ်မြင့် တက်ခြင်း မှာ ပÍ္စမမြောက် အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။စားအုန်းဆီဈေးမြင့်တက်မှုကို အခြားအလားတူစားသုံး ဆီတစ်မျိုးဖြစ်သော ပဲပုပ်ဆီဈေးမြင့်တက်မှုကလည်း အထောက် အကူဖြစ်စေခဲ့ကြောင်း ကုန်သည် များက ပြောသည်။ ဘာဆာ မလေးရှားကုန်စည်ဒိုင်တွင်(Bursa Malaysia Derivatives Exchange )  တွင် ဇူလိုင်အတွက် စာချုပ်ချုပ်ဆိုသော စားအုန်း ဆီဈေးသည် ၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မေ ၁၁ရက် ညနေပိုင်းက တစ်တန်ကို ၂၆၇၂ ရင်းဂစ်  (အမေရိကန်ဒေါ်လာ  ၆၁၄ ဒသမ ၈၂ ဒေါ်လာ ) နှုန်းရှိခဲ့ရာ ယခုဈေးနှုန်းမှာ မေ ၅ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်သည်။တစ်ရက်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သော ဈေးနှုန်း  မှာ တစ်တန်ကို ၂၆၇၅ ရင်းဂစ်နှုန်းရှိခဲ့သဖြင့် ဧပြီ၁၀ ရက် နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ မေ ၁၁ ရက်က ရောင်းချ သော စားအုန်းဆီ ပမာဏမှာ ၂၅ တန်ရှိ  အတွဲပေါင်း ၄၈၅၅၇ တွဲရှိခဲ့သည်။''ထုတ်လုပ်မှုကိန်းဂဏန်းတွေ   ကျဆင်းတာကြောင့် ဈေးနှုန်းတွေမြင့်တက်ခဲ့တာ ဖြစ်ပါတယ်''ဟု ကွာလာလမ်ပူ အခြေစိုက် ကြိုရောင်းကြိုဝယ်လုပ်ငန်းဆောင်ရွက်နေသူ ကုန် သည်တစ်ဦးကပြောသည်။ မေ ၁၁ ရက် နေ့လယ်ဘက် ဈေးကွဲ ချိန်တွင် မလေးရှား စားအုန်းဆီလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြစ် သော မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က  စားအုန်းဆီ ထုတ် လုပ်မှု ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ရာ ဘုတ်အဖွဲ့၏ ကိန်း ဂဏန်းများကို ရည်ညွှန်း၍  ယခုကဲ့သို့ ပြောကြားခြင်းဖြစ် သည်။ တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်  ( Dalian Commodity Exchange )  တွင် ပဲပုပ်ဆီဈေးမြင့်တက်မှုကလည်း စားအုန်းဆီ ဈေးမြင့်တက်စေရန်   အထောက်အကူပေးခဲ့ကြောင်းလည်း သူက ပြောသည်။  မလေးရှား စားအုန်းဆီဘုတ်အဖွဲ့က  ထုတ်ပြန်သော ကိန်းဂဏန်းများအရ  စားအုန်းဆီ ဧပြီထုတ်လုပ်မှုသည် ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၅ သန်း ရှိခဲ့သည်။ ၈ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၉ သန်းရှိလိမ့်မည်ဟု ဈေးကွက်က  ခန့်မှန်းထားရာ ထုတ် ပြန်သောစာရင်းများက  ခန့်မှန်းချက်အောက်   ကျဆင်းခဲ့ ကြောင်း ရိုက်တာစစ်တမ်းများအရ သိရသည်။ဘုတ်အဖွဲ့က ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဧပြီ လကုန် လက်ကျန်မှာ လအလိုက် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း  မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆ သန်းအထိ ရောက်ရှိခဲ့ရာ မူလခန့်မှန်းထားသော တိုးတက်မှုနှုန်း ၆ ဒသမ ၂ ရခိုင်နှုန်း  အောက်ကျဆင်းခဲ့သည်။ ဧပြီတစ်လလုံး တင်ပို့မှုမှာလအလိုက် နှိုင်းယှဉ်ပါက ၁ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၈ သန်းရှိခဲ့သည်။အခြားစားသုံးဆီတစ်မျိုးဖြစ်သော  ပဲပုပ်ဆီဈေးနှုန်းမှာ အမေရိကန် နိုင်ငံချီကာဂိုကုန်သွယ်မှု ဘုတ်အဖွဲ့တွင် တစ် ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။   တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင် တွင် စက်တင်ဘာအတွက် ရောင်းချသော စားအုန်းဆီဈေးက ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။စားအုန်းဆီနှင့် ပဲပုပ်ဆီတို့မှာ ကမ္ဘာ့ဟင်းရွက်ဆီ  ဈေး ကွက်တွင် ဈေးကွက်ဝေစုကို ယှဉ်ပြိုင်နေသော ကုန်စည်များဖြစ် သဖြင့် ပဲပုပ်ဆီဈေးအတက်အကျက   စားအုန်းဆီဈေးအတက် အကျအပေါ်တွင် ဂယက်ရိုက်ခတ်မှုရှိသည်။       

ဉာဏ်တင်